တိုက်ပွဲ
ရွေးကောက်ပွဲ နီးလာသဖြင့် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေ
SHAN -
၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ နီးလာသဖြင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ( RCSS/SSA )နယ်မြေအတွင်း တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ လက်ရှိမှာ RCSS/SSA ထိန်းချုပ်သည့် နယ်မြေတွင် တိုက်ပွဲများ မရှိသော်လည်း တပ်မတော် စစ်အင်အားလှုပ်ရှား/ဖြည့်တင်းနေမှုကြောင့် တိုက်ပွဲ ပြန်ဖြစ်လာမည်ကို...
မူဆယ်မြို့နယ် တွင် KIA နှင့် အစိုးရတပ် တိုက်ပွဲဖြစ် ၂၈၀ကျော် စစ်ရှောင်နေရ
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ် ဒေသတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၈၀ ကျော် စစ်ရှောင်နေရကြောင်း စုံစမ်းသိရသည်။ ထိုတိုက်ပွဲဖြစ်ပွားသည့်နေရာသည် မုံးပေါ် ဒေသ နှင့် ၅မိုင် အကွာ မန်ကောင်းကျေးရွာ အနီးတွင်...
သျှမ်း/မြောက် ရွေးကောက်ပွဲ လုံခြုံရေးလား မဲပေးဖို့လား တပ်မတော်
မိုးကျရာသီမှာ သျှမ်းကျေးလက်ရွာသူ ရွာသားတွေ လယ်ယာ ဆင်းနေကြပါတယ်။ ဒီနေ့ ရောင်းရ မနက်ဖြန် အရင်းဆိုသလို ဒီနှစ် ထွန်ယက် စိုက်ပျိုးထားမှ နောက်နှစ်အတွက် ဝမ်းစာ ဖူလုံကြမှာပါ။ ဒါပေမဲ့ မထင်မှတ် ပဲ စစ်ကြောင်းရောက်ရှိလာပြီး လူဦးရေမေးမြန်း ဒါတွေ၊ ပိုင်ဆိုင်မှု တွေ ဖြစ်တဲ့...
ရွှေလီကတိုက်ပွဲ အစိုးရတပ်အချင်းချင်းပစ်ခတ်မှုဖြစ်ကြောင်း RCSS/SSA ပြော
ယမန်နေ့ညနေပိုင်းက တရုတ်နယ်စပ်နမ့်ခမ်းမြို့တွင် ဖြစ်ပွါးသော ပစ်ခတ်တိုက်ခိုက်မှုတွင် အစိုးရတပ်မတော်ဘက်ကအချင်းချင်း ပစ်ခတ်မှုသာဖြစ်ကြောင်း RCSS/SSA ဘက်က ထုတ်ပြန်သည်။ RCSS/SSA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး အုမ်ခေးက - “သျှမ်းပြည်မြောက်ပိုင်းကို အင်အားဖြည့်ပြီးတက်လာတဲ့ အစိုးရတပ်အချင်းချင်းက သြဂုတ်လ ၃ ရက်နေ့ညပိုင်းမှာ အရက်မူးပြီး စကားများရန်ဖြစ်ကြတယ်။ ၄ ရက်နေ့ နေ့လည်ပိုင်းကျတော့...
နမ့်ခမ်းမြို့နယ်အတွင်း RCSS/SSA နှင့် အစိုးရတပ် တိုက်ပွဲ ဖြစ်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ ယနေ့ ညနေပိုင်း တိုက်ပွဲဖြစ်ပွားကြောင်း မြေပြင်သတင်းအရ စုံစမ်းသိရသည်။ သြဂုတ် ၄ ရက် ယနေ့ ညနေ ၆ နာရီက နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာ နှင့် ၄င်းနှင့်ထိကပ်လျက်ရှိသော မူစယ်မြို့နယ် မန့်ဟီးရိုး (မန့်ဟျိုး) မြို့နယ်ခွဲအတွင်းရှိ...
ကျောက်မဲမြို့နယ်တွင်RCSS နဲ့အစိုးရတပ် တလ အတွင်း တိုက်ပွဲ ၂၀ ခန့်ဖြစ်ပွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တွင် RCSS/SSA နှင့် အစိုးရတပ်မတော် ကြား တစ်လအတွင်း တိုက်ပွဲ အကြိမ် (၂၀) ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး ဇူလိုင် လအထိ ၂ ဦး ၂ ဘက်ကြား တိုက်ပွဲအကြိမ် ၂၀...
သီပေါမြို့နယ် အတွင်း SSPP/SSAနှင့် တပ်မတော် တိုက်ပွဲဖြစ် ဒေသခံများ စစ်ရှောင်နေရ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ယနေ့ ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီ ခွဲခန့်က ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများ နေရပ်မှ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း စုံစမ်းသိရသည်။ ယနေ့ ညနေပိုင်းက သီပေါမြို့နယ် နားအုံရွာ နှင့် ပန်မုံရွာကြား သျှမ်းပြည်...
ကျောက်မဲမြို့နယ် အတွင်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဒေသခံများ စစ်ရှောင်နေရ
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်သဖြင့် ကျေးရွာ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်နေကြောင်း စုံစမ်းသိရသည်။ ထိုနယ်မြေများတွင် အစိုးရ တပ်မတော် နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)တို့သည် ဇွန် ၂၅ရက်မှ ယနေ့ထိတိုင်း ထိတွေ့မှု မကြာခဏ...
အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်း၊ RCSS/SSA စခန်းကိုပစ်ခတ်
ကိုဗစ်ကာလကြား သျှမ်းပြည် အရှေ့ပိုင်း ပုံပါကျင်မြို့နယ် တွင် အစိုးရတပ် နှင့် နယ်ခြားစောင့်တပ်တို့ပူးပေါင်းပြီး RCSS/SSA တို့ ယနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန် ၃ ရက် ယနေ့မနက်ပိုင်းက မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့နယ် အတွင်း အမှတ်၆၅ ခြေလျင်တပ်ရင်း နှင့် အမှတ်...
မူဆယ်မြို့နယ် TNLA နှင့် အစိုးရတပ်မတော် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွား
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွမ်ရွာ အနီး တွင် ယနေ့မနက်ပိုင်း တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၃၁ ရက် ယနေမနက်ပိုင်းက တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်အစိုးရတပ်မတော်တို့ကြာတိုက်ပွဲဖြစ်ပွါးခြင်းဖြစ်သည်။
“ ဒီမနက် ၆ နာရီခွဲ မှာ...






