ကျောက်မဲတိုက်ပွဲ အစိုးရတပ် စစ်ရဟတ်ဖြင့် လက်နက်ကြီး ပစ်ခတ်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း အစိုးရတပ်မတော် မှ စစ်ရဟတ်ယာဉ်သုံးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

အစိုးရတပ်မတော် သည် ယမန်နေ့ (အောက်တိုဘာ ၇)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် စစ်ရဟတ်ယာဉ် ၂ စင်းဖြင့် တပ်မတော်သားများအတွက် ရိက္ခာနှင့်အင်အားဖြည့်တင်းချင်ပေးပြီး အပြန်လမ်းတွင် ရဟတ်ယာဉ်ပေါ်မှ လက်နက်ကြီးပစ်ချခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့က ရဟတ်ယာဉ် နဲ့ ၂ စီးလာတယ်။ နောက် လက်နက်လာပစ်သွားတယ်။ အဲ့နေရာက ကျနော်တို့မနေဘူး။ သူတို့က ပြည်သူတွေကို ထိတ်လန့်အောင်လုပ်နေတာ။ ပြည်သူတွေ ထွက်ပြေးအောင်လုပ်နေတဲ့သဘောပါ” ဟု ဒုဗိုလ်မှူးကြီး အုမ်ခေး က ပြောသည်။

ယမန်နေ့ စစ်ရဟတ်ယာဉ်ပေါ်မှ ပစ်ချလိုက်သည့် လက်နက်ကြီးသည် တောပိုင်းတွင်မကျဘဲ ရွာ နှင့်မလှမ်းမကမ်းနေရာတွင် ကျသဖြင့် အမျိုးသမီးတဦး လက်နက်ကြီးကျည်စ အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

“ မနေ့က ကျတဲ့လက်နက်ကြီးက လူနေတဲ့အိမ်နဲ့ နည်းနည်းဝေး ကျတယ်။ လက်နက်ကြီးကျလို့ စင်လာတဲ့ ကျောက်ခဲက အမျိုးသမီးတဦးကိုထိတာပါ။ ကျောက်ခဲစထိတဲ့ဒဏ်ရာပါ။ မပြင်းထန်ပါဘူး။ ကျနော်တို့ သွားခေါ်တာတောင် လိုက်မလာဘူး” ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်) မှ ဥက္ကဌ စိုင်းနေအောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစဉ်က အစိုးရတပ်မတော်သည် စစ်ရဟတ်ယာဉ်ဖြင့် စစ်အင်အား (၁၀၀)ကျော်အား ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအရှေ့ဘက် တောင်ကုန်းပေါ်တွင် လာရောက်ဖြည့်ဆည်းချပေးခဲ့ပြီး၊ အပြန်တွင် လက်နက်ကြီးပစ်ချခဲ့သည်ကို စစ်ရှောင် များကလည်း မြင်တွေ့ကြောင်း သိရသည်။

“ ရဟတ်ယာဉ် ၂စီးနဲ့ စစ်သားတွေလာချတာ မြင်ရတယ်။ ကျနော်တို့ နေတဲ့စစ်ရှောင်နဲ့နီးတယ်။ အပြန်လက်နက်ကြီးပေါက်ကွဲတဲ့အသံလည်းကြားရတယ်။ ကျနော်တို့လည်း ရင်တထိတ်ထိတ်နဲ့ နေနေရတယ်” ဟု ပုံဝိုးကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်လာသည့် အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ ဖြစ်ပွားသည့် ပစ်ခတ်မှုသည် စစ်ရှောင်များနေထိုင်သည့် ဘုန်းကြီးကျောင်းအနီးတွင်သာ ဖြစ်သဖြင့် စစ်ရှောင်ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြင့်သာနေထိုင်နေရကြောင်း၊ ထို့ပြင် တချို့စစ်ရှောင်သည် လက်နက်ကြီး၊ သေနတ်သံများကြောင့် စိတ်ဒဏ်ရာရရှိကာ ကျောက်မဲဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း စစ်ရှောင်များကို ကူညီနေသည့် အဖွဲ့အစည်းများက ပြောပြသည်။

အစိုးရတပ်မတော်သည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း စစ်အင်အားများကို အဖက်ဖက်မှ ဖြည့်ဆည်းနေကြောင်း လည်း သိရသည်။

အောက်တိုဘာ ၂ရက်မှ စတင်ကာ အစိုးရတပ်မတော်သည် (RCSS/SSA) လှုပ်ရှားသည့်နေရာကို လာရောက် ရှာဖွေ တိုက်ခိုက်မှုကြောင့် တိုက်ပွဲ ပြင်းထန်နေရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် တပ်မတော် သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး နှင့် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့်နေရာမှ အပ ကျန်နယ်မြေ များတွင် တပ်မတော်အနေဖြင့် စစ်ရေး ဆိုင်ရာလှုပ်ရှားမှုကို အောက်တိုဘာ (၁)ရက်မှ (၃၁)ရက်ထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ပြောရေးဆိုခွင့်ရှိသူကို လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းဌာန မှ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...