တိုက်ပွဲကြောင့် ကျောက်မဲ တောင်ထိပ် စစ်ရှောင် ၇၀၀ ကျော်အတွက် စားနပ်ရိက္ခာ မပို့နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲ ပြင်းထန်မှုကြောင့် တောင်ထိပ်ရွာဘုန်းကြီးကျောင်းသို့တိမ်းရှောင်လာသည့် စစ်ရှောင် ၇၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲရင်ဆိုင်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA)နှင့် အစိုးရ တပ်မတော်တို့သည် အောက်တိုဘာလ ၂ ရက်နေ့ကတည်းကစပြီး ယနေ့ချိန်ထိ တောင်ထိပ် စစ်ရှောင်များနေထိုင်သည့် အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်ဖြစ်ပွါးနေသေးကြောင်း သိရသည်။

“ ဒီနေ့ တောင်ထိပ် က စစ်ဘေးရှောင်တွေကို ကူညီဖို့အတွက် ကားအစီးပေါင်း ၂၀ သွားတယ်။ အဲ့တောင်ထိပ် သွားတဲ့လမ်း မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ၂ တပ်စလုံးရှိတော့ သွားလို့မရဘူး” ဟု ကျောက်မဲမြို့ ဒေသခံ နန်းကျိန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ထိပ်ကျေးရွာတွင် စစ်ဘေးရှောင် ၇၀၀ ကျော်အတွက် စားနပ်ရိက္ခာ ခက်ခဲနိုင်ကြောင်း၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပါက တောင်ထိပ်ရွာရှိ စစ်ဘေးရှောင်များအတွက် ရိက္ခာပြတ်လပ်သွား နိုင်ကြောင်းလည်း နန်းကျိန် က ဆိုသည်။

“ တိုက်ပွဲက အဲ့တောင်ထိပ် နားတဝှိုက်မှာဖြစ်နေတာ။ မနေ့က ည သန်းခေါင်အထိဖြစ်နေတာ။ ဒီမနက်လည်းဖြစ်တယ်။ တိုက်ပွဲက ဆက်တိုက်ဖြစ်ရင် ရိက္ခာအတွက် စိုးရိမ်ရတယ်” ဟု နန်းကျိန်က ပြောသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော်တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် တောင်ထိပ်ကျေးရွာ တွင် စစ်ရှောင်( ၇၀၀) ကျော်နှင့် ပုံဝိုးကျေးရွာတွင် စစ်ရှောင် (၅၀၀)ကျော် ရောက်ရှိခိုလှုံနေကြောင်း သိရသည်။

“ ပုံဝိုးမှာက စားနပ်ရိက္ခာ မစိုးရိမ်ရဘူး။ တောင်ထိပ်ပဲ ပို့ဖို့ခက်နေတာ။ ပုံဝိုးက အလှူရှင်တွေ တော်တော်များများရောက်တယ်။ အခု တောင်ထိပ်ကို ပို့ပေးနိုင်ဖို့ လိုအပ်တယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP)မှ ကျောက်မဲမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းထွန်းလင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယနေ့ အောက်တိုဘာ ၇ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် အစိုးရတပ်မတော်မှ စစ်ရဟတ်ယာဉ် ၂စီးဖြင့် ပုံဝိုးကျေးရွာ အထက် တောင်ကြောတွင် စစ်အင်အားနှင့် စစ်ရိက္ခာလာချသွားကြောင်း ပုံဝိုးကျေးရွာ အတွင်း စစ်ရှောင်များက ပြောသည်။

“ ရဟတ် ယာဉ် ၂စီးနဲ့ စစ်အင်အား ၁၀၀ကျော်လောက်လာချသွားတယ်။ နေ့လည်ကလည်း တိုက်ပွဲဖြစ်တယ်။ ကျမတို့လည်းစိုးရိမ်မှုနဲ့ ပုံဝိုးကျေးရွာ ဘုန်းကြီးကျောင်းမှာ နေနေရတယ်။ လက်နက်ကြီးတွေ ကျောင်းကိုထိမှာကြောက်တယ်” ဟု ပုံဝိုးကျေးရွာတွင် စစ်ရှောင်နေသည့် အမျိုးသမီး တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိ RCSS/SSA နှင့် အစိုးရတပ်မတော်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲသည် စစ်ရေးပြင်းထန်မှု၊ လျော့ကျမှုသည် အစိုးရတပ်မတော်ပေါ်သာ မူတည်ကြောင်းလည်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပရန်လည်း ၁လ နီးပါးသာကျန်နေသည့်အချိန်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီး မဲဆွယ်နေသည့် ကာလအတွင်း အစိုးရတပ်မတော် အနေဖြင့် ယခုကဲ့သို့ တိုက်ပွဲဖန်တီးခြင်းသည် ရုပ်ဆိုးကြောင်းလည်း စစ်ရှောင်များက ပြောဆိုလိုက်သည်။

လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ ကာလတွင်လည်း သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ် အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် အစိုးရတပ်မတော်တို့တိုက်ပွဲပြင်းထန်မှုဖြစ်ပွားမှုကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ဘဲ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှသာ ပူးပေါင်းမဲပေးခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...