ကျောက်မဲတွင် ပစ်ခတ်သံငြိမ် သော်လည်း စစ်ရှောင် ၃၅၀၀ ကျော် ထိရှိလာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့် စစ်ရှောင် ၃၅၀၀ ဝန်းကျင် ရှိလာကြောင်း လူမှု ပရဟိတ အဖွဲ့များထံမှ စုံစမ်းသိရသည်။

Credit Jao Sacca/ Facebook

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA)နှင့် အစိုးရတပ်မတော်တို့ ကြား တိုက်ပွဲများငြိမ်နေသော်လည်း ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့ကအထိ စစ်ရှောင်ရွာသားများ ထပ်မံရောက်ရှိလာကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေး အသင်း (နောင်ပိန်)မှ စိုင်းနေအောင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ တိုက်ပွဲကတော့မဖြစ်တော့ဘူး။ ဒါပေမယ့် စစ်ကြောင်းတွေ က ကျေးရွာကိုဖြတ်ပြီးသွားလာနေတော့ သူတို့ကြောက်လို့ ရှောင်လာတာပါ။ စစ်ရှောင် အားလုံး ၃၅၀၀ ကျော်ရှိပြီ” ဟု စိုင်းနေအောင် က ဆိုသည်။

အဆိုပါ စစ်ရှောင် ၃၅၀၀ ကျော်သည် ကျောက်မဲမြို့နယ် တောင်ထိပ်ရွာမှ ၆၄၈ ဦး၊ နားဆောင်း ရွာသား ၁၇၀ ဦး၊ ပုံဝိုးကျေးရွာ ၇၁၈ ဦး၊ ကွန်ဟင်ကျေးရွာ ၃၉၇ ဦး၊ ကောင်းလန်းကျေးရွာ ၂၈၆ ဦး၊ ဟိုနမ့်ကျေးရွာ ၃၈၆ ဦး၊ နောင်ကွမ်ကျေးရွာ ၉၅ ဦး၊ ဟဲကွီကျေးရွာ ၁၂၅ဦး၊ ကောင်းမှူးခံ ကျေးရွာ ၂၅၀ ဦး နှင့် အုမ်ဟစ်ကျေးရွာတွင် ၄၃၀ ဦးတို့ဖြစ်ကြောင်း သိရသည်။

ရပ်ရွာများအတွင်ဝင်ရောက်လှုပ်ရှားစခန်းချသော အစိုးရတပ်မတော်သည် ယနေ့ချိန်ထိ တပ်ဆုတ်ပေးခြင်းမရှိသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးမည်ကို စိုးရိမ်ရကြောင်း စစ်ရှောင်များက ပြောသည်။

“ တိုက်ပွဲကတော့ ငြိမ်နေတယ်။ ဒါပေမယ့် စစ်ကြောင်းတွေက ရွာနားမှာရှိနေသေးတယ်။ ကျနော်တို့ မပြန်ရဲသေးဘူး။ နောက်ထပ်အခြေအနေစောင့်ကြည့်ပြီးမှ ပြန်မယ်” ဟု ပုံဝိုးကျေးရွာတွင် စစ်ရှောင်နေသည့် အမျိုးသားတဦးက ပြောသည်။

ရွာအတွင်း အစိုးရတပ်သားများ ဝင်ရောက်လှုပ်ရှားပြီး ရွာပြင်ပ တောပိုင်းတွင် RCSS/SSA တပ်များလှုပ်ရှားနေသည်ဖြစ်ရာ တိုက်ပွဲအချိန်မရွေးပြန်လည်ဖြစ်ပွါးလာနိုင်သည်ဟုရွာသားများကပြောသည်။

လက်ရှိ အချိန်သည် သီးနှံဆွတ်ခူးသည့် အချိန်ဖြစ်သဖြင့် တိုက်ပွဲများမဖြစ်စေချင်ကြောင်း၊ စစ်ကြောင်း များလည်း နောက်ဆုတ်ပေးမှသာလျှင် စစ်ရှောင်များနေရပ်ပြန်နိုင်မည်ဖြစ်သဖြင့် တိုက်ပွဲများမဖြစ်ပွါးစေရန် ၊ တိုက်ပွဲများလုံးဝရပ်တန့်ပေးရန် စစ်ရှောင်များက တိုက်တွန်းတောင်းဆိုလိုက်သည်။

ကျောက်မဲမြို့နယ်တွင် အောက်တိုဘာ ၂ ရက်မှ ၁၁ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရပ်ရွာနေအိမ်အတွင်းလက်နက်ကြီးများကျသဖြင့် ဒေသခံလူထု ထိခိုက်ဒဏ်ရာရ ၊ ဆုံးရှုံးမှုများ ရင်ဆိုင်ခဲ့ရသည်။

ကိုဗစ်-၁၉ ကူးစက်မှုကြောင့် လူစုလူဝေးခြင်း ခရီးသွားလာခြင်းများကန့်သတ်ထားသဖြင့် အလှူရှင်များကူညီထောက်ပံ့မှုပေးရန် မလာနိုင်သောကြောင့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်စားသောက်မှု အစစအရာရာ အခက်အခဲရင်ဆိုင်နေရကြောင်း လည်း စစ်ဘေးရှောင်များကို ကူညီသည့် အဖွဲ့များက ပြောသည်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၂၄ ရက်သာကျန်နေသည့်အချိန်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီး မဲဆွယ်နေသည့် ကာလလည်း ဖြစ်သဖြင့် စစ်ရှောင်လူထု နေရပ်ပြန်နိုင်ရန် အစိုးရတပ်မတော်အနေဖြင့် တပ်ဆုတ်ခွာပေးရန်လည်း လူထုက ပြောဆိုလိုက်သည်။

၂၀၁၅ ရွေးကောက်ပွဲ ကာလကလည်း သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ် အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် အစိုးရတပ်မတော်တို့တိုက်ပွဲပြင်းထန်သဖြင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...