တိုက်ပွဲ
ရွာသားများစစ်ဘေးရှောင်နေစဉ် နေအိမ်များမွှေနှောက်ခံရ
သျှမ်းပြည်မြောက်ပိုင်းတွင် ၁၀ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွါးခဲ့သော ကျောက်မဲမြို့နယ်အတွင်းရှိ နမ့်မဟင်ရွာတွင် ရွာသားများဘုန်းကြီးကျောင်းသို့ စစ်ဘေးတိမ်းရှောင်နေစဉ် နေအိမ်များ မွှေနှောက် ခံရကြောင်းစုံစမ်းသိရှိရသည်။ အောက်တိုဘာလ ၁၄ ရက်က စစ်ရှောင်ရွာသားများ နေအိမ်ခဏတဖြုတ်ပြန်သွားကြည့်ရာ ရွာလုံးကျွတ်နေအိမ်များ ထိုသို့ မွှေနှောက်ခံထားရသည်ကိုတွေ့ရကြောင်း စစ်ရှောင်ရွာသူတဉီးကပြန်လည်ပြောပြသည်။ “တိုက်ပွဲငြိမ်နေလို့ကျမတို့ တအိမ်တယောက် ၂ ယောက် လူစုပြီး အိမ်ပြန်သွားကြည့်တယ်။...
ကျောက်မဲတွင် ပစ်ခတ်သံငြိမ် သော်လည်း စစ်ရှောင် ၃၅၀၀ ကျော် ထိရှိလာ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့် စစ်ရှောင် ၃၅၀၀ ဝန်းကျင် ရှိလာကြောင်း လူမှု ပရဟိတ အဖွဲ့များထံမှ စုံစမ်းသိရသည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA)နှင့် အစိုးရတပ်မတော်တို့ ကြား တိုက်ပွဲများငြိမ်နေသော်လည်း ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့ကအထိ...
ယမ်းငွေ့နောက်က မဟာစီမံကိန်းကြီးများ
SHAN -
“ဟိုးအရင်လေးနှစ်လောက်က သျှမ်းမြောက်မှာတိုက်ပွဲတွေအကြီးအကျယ်ဖြစ်တော့ တရုတ်ဂက်စ်ပိုက်လိုင်း စီမံကိန်းကအကောင်အထည်ဖော်သွားတယ်၊အခုတစ်ခါတိုက်ပွဲတွေအကြီးအကျယ်ပြန်ဖြစ်တော့ သျှမ်းမြောက်မှာ ဘာစီမံကိန်းကအောင်မြင်သွားမလဲတော့မသိဘူးပေါ့” ထိုစကားကို ပူပန်စွာဖြင့်ပြောလာသူမှာသီပေါမြို့ခံလူငယ်တက်ကြွလှုပ်ရှားသူ စိုင်းကျော်စောဖြစ်သည်။ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲနယ်တစ်ဝိုက် တစ်ရက်ထက်တစ်ရက် ပိုဆိုးရွား လာသောတိုက်ပွဲအခြေအနေကြောင့် စိုင်းကျော်စောကဲ့သို့ ပူပန်နေရသူများမှာ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြောင့် ရေအောက်ရောက်သွားမည့် သီပေါမြို့နယ်အတွင်းရှိ တာလုံကျေးရွာသူကျေးရွာသားများဖြစ်သည်။ နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေသည်မှာ ကျောက်မဲမြို့၏ တောင်ဘက် ပုံဝိုး၊ဟိုင်းကွီ နယ်များတွင်ဖြစ်သော်လည်း တာလုံရွာသားတို့ ပူပန်နေရသည့်အကြောင်းအရင်းမှာလုံလောက်စွာရှိနေခဲ့ပါသည်။ အောက်တိုဘာလ...
ကိုဗစ်ကူးစက်မှုကြား စစ်ဒဏ်ခံနေရသူပြည်သူလူထုအား တာ၀န်ယူပေးရန် UNA တောင်းဆို
ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားသည့်ကာလ ရခိုင်ပြည်နယ် ချင်းပြည်နယ်နှင့် သျှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲများအမြန်ဆုံးရပ်တန့်ပေးရန် အစိုးရ ၊ တပ်မတော်နှင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်း များ အား စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA က တောင်းဆိုလိုက်သည်။ စစ်ဘေးရှောင်လူထုများပြားလာပြီဖြစ်သဖြင့် တိုက်ပွဲများရပ်တန့်ပေးရန်၊ အဆိုပါ စစ်ရှောင်လူထုများ အခြေခံလူ့အခွင့်အရေးများမဆုံးရှုံးစေရန် အစိုးရမှတာ၀န်ယူပေးရန်၊ ပိတ်ထားသောအင်တာနက်လိုင်း များပြန်ဖွင့်ပေးရန်၊ ကိုဗစ်ကူးစက်မှုကြောင့်အခြေခံလူတန်းစားများ...
ကျောက်မဲစစ်ရှောင် အမျိုးသမီးနှင့်ကလေးများ စိတ်သောကရောက်
အစိုးရတပ်နှင့် RCSS/SSA တို့ဖြစ်ပွါးသော တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများအသီးသီးသို့ စစ်ဘေးရှောင် ရွာသားစုစုပေါင်း သုံးထောင်နီးပါးရှိနေပြီး အများစုမှာ အမျိုးသမီးနှင့်ကလေးငယ်များဖြစ်နေကြောင်းသိရသည်။ ကိုဗစ်နိုင်တင်း ပျံ့ပွါးကူးစက်မှု များပြားလာနေချိန် စစ်ဘေးကလည်း ရှောင်နေရသဖြင့် နေထိုင်စားသောက်မှုခက်ခဲသည့်အပြင် သီးနှံဆွတ်ချိန်လည်းတန်နေပြီဖြစ်ရာ စစ်ဘေးရှောင်များ စိတ်သောကရောက်နေကြာင်း စစ်ဘေးရှောင်များအားကူညီမှုပေးနေသည့်အဖွဲ့များကပြောသည်။ ကျောက်မဲမြို့နယ် နမ့်ခုံး ပရဟိအဖွဲ့ ဉက္ကဌ စိုင်းကူးက...
ကျောက်မဲ တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ထိရှိလာ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ရှိလာကြောင်း လူမှု ပရဟိတ အဖွဲ့များထံ စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်ကစပြီး ယနေ့ အချိန်ထိ အစိုးရတပ်မတော်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊...
ကျောက်မဲတိုက်ပွဲ အစိုးရတပ် စစ်ရဟတ်ဖြင့် လက်နက်ကြီး ပစ်ခတ်
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း အစိုးရတပ်မတော် မှ စစ်ရဟတ်ယာဉ်သုံးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အစိုးရတပ်မတော် သည် ယမန်နေ့ (အောက်တိုဘာ ၇)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် စစ်ရဟတ်ယာဉ် ၂ စင်းဖြင့် တပ်မတော်သားများအတွက် ရိက္ခာနှင့်အင်အားဖြည့်တင်းချင်ပေးပြီး အပြန်လမ်းတွင် ရဟတ်ယာဉ်ပေါ်မှ လက်နက်ကြီးပစ်ချခဲ့ကြောင်း...
တိုက်ပွဲကြောင့် ကျောက်မဲ တောင်ထိပ် စစ်ရှောင် ၇၀၀ ကျော်အတွက် စားနပ်ရိက္ခာ မပို့နိုင်သေး
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲ ပြင်းထန်မှုကြောင့် တောင်ထိပ်ရွာဘုန်းကြီးကျောင်းသို့တိမ်းရှောင်လာသည့် စစ်ရှောင် ၇၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲရင်ဆိုင်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA)နှင့် အစိုးရ တပ်မတော်တို့သည် အောက်တိုဘာလ ၂...
ကျောက်မဲမြို့နယ်တွင် အစိုးရတပ် နှင့် RCSS/SSA တိုက်ပွဲ ဆက်လက်ပြင်းထန်
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းတပ်မတော်( RCSS/SSA) နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ၂ ရက်ကစပြီး အစိုးရတပ်မတော်သည် (RCSS/SSA) လှုပ်ရှားသည့်အပိုင်းသို့ ဝင်ရောက်လှုပ်ရှားပစ်ခတ်ရာမှ ယနေ့တိုင် တိုက်ပွဲ ပြင်းထန်နေရခြင်းဖြစ်ကြောင်း RCSS/SSA...
ကျောက်မဲမြို့နယ် တိုက်ပွဲကြောင့် အရပ်သားတဦးလက်နက်ကြီးထိမှန်၊ ၇၀၀ ကျော် တိမ်းရှောင်နေရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခန့်ခဲ (ခန်ခိုင်း)ကျေးရွာ အုပ်စု ခန့်ခဲ (ခန်ခိုင်း) ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားရာ အရပ်သား အမျိုးသားတဦး လက်နက်ကြီးထိမှန်ပြီး၊ ဒေသခံ(၇၀၀)ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၄ ရက် ညနေပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့်...






