တိုက်ပွဲ
နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး ရွာသား (၁၀၀) ကျော် စစ်ဘေးရှောင် တိမ်းရှောင်ရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယနေ့နံနက်ပိုင်း RCSS/SSA နှင့် မဟာမိတ်တပ်ပေါင်းစုတို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားသဖြင့် ဒေသခံရွာသား (၁၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ရကြောင်း သတင်းရရှိသည်။ ယနေ့ ဒီဇင်ဘာ (၉) ရက် မနက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နားကျဲကျေးရွာ (၁၅) ဦး၊ ကွန်ကျောင်း (၃၃)...
နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါး ရွာသားများစစ်ဘေးရှောင်နေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယနေ့မနက်ပိုင်းက RCSS/SSA နှင့်မဟာမိတ်တပ်ပေါင်းစုတို့အကြားပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွါးသဖြင့် ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်ရကြောင်းသိရသည်။ ယနေ့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နားကျဲကျေးရွာအနီး ထိုသို့ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး လက်ရှိသတင်းရေးသားချိန်အထိ ရွာသားများနေရပ်မှ စွန့်ခွါထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဆိုပါသည်။ “နားကျဲကျေးရွာမှာ သေနတ်သံတွေ ကြားရတယ်။ တစ်ချို့ရွာသားတွေ ထွက်ပြေးလာတာတွေရှိတယ်။ မထွက်လာနိုင်သေးတာတွေလည်းရှိတယ်။...
သျှမ်း/မြောက် နမ္မတူတွင် RCSS နှင့် TNLA တို့ပစ်ခတ်မှုဖြစ်ပွါး
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်း ယနေ့ မနက်ပိုင်းက RCSS/SSA နှင့် TNLA တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာလ ၇ ရက် ယနေ့မနက်ပိုင်း နမ္မတူမြို့နယ်ရှိ မန်စံကျေးရွာအုပ်စု ပန်တောင်းတံတား တွင် ( RCSS/SSA) နှင့် TNLA တို့...
ငြိမ်းချမ်းရေးနှင့် နိုင်ငံသားအခွင့်အရေးရရှိရေး ကျောက်မဲစစ်ဒဏ်သင့်လူငယ်နှင့်ရပ်မိရပ်ဖများ တောင်းဆို
ဒေသခံလူထု ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးနှင့်နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ရရှိရေးအတွက် စစ်မြေပြင်အတွင်းနေထိုင်သည့် လူငယ်များနှင့် ရပ်မိရပ်ဖ များက ကျန်းမာရေးဌာန ထုတ်ပြန်ချက်နှင့်အညီ ငြိမ်းချမ်းစွာ တောင်းဆိုလိုက်သည်။ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ တိုက်ပွဲကြောင့် စစ်ဘေးရှောင်လူထု ၁၀၀၀ ခန့်ခိုလှုံခဲ့သည့် ပုံ၀ိုးဘုန်းကြီးကျောင်းတွင် (စစ်ရှောင်များနေရပ်ပြန်ကြပြီးနောက် ) အောက်တိုဘာ ၂၂ ရက်က ကျောက်မဲလူငယ်များနှင့်ရပ်မိရပ်ဖများတွေ့ဆုံကာ ...
ရွာသားများစစ်ဘေးရှောင်နေစဉ် နေအိမ်များမွှေနှောက်ခံရ
သျှမ်းပြည်မြောက်ပိုင်းတွင် ၁၀ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွါးခဲ့သော ကျောက်မဲမြို့နယ်အတွင်းရှိ နမ့်မဟင်ရွာတွင် ရွာသားများဘုန်းကြီးကျောင်းသို့ စစ်ဘေးတိမ်းရှောင်နေစဉ် နေအိမ်များ မွှေနှောက် ခံရကြောင်းစုံစမ်းသိရှိရသည်။ အောက်တိုဘာလ ၁၄ ရက်က စစ်ရှောင်ရွာသားများ နေအိမ်ခဏတဖြုတ်ပြန်သွားကြည့်ရာ ရွာလုံးကျွတ်နေအိမ်များ ထိုသို့ မွှေနှောက်ခံထားရသည်ကိုတွေ့ရကြောင်း စစ်ရှောင်ရွာသူတဉီးကပြန်လည်ပြောပြသည်။ “တိုက်ပွဲငြိမ်နေလို့ကျမတို့ တအိမ်တယောက် ၂ ယောက် လူစုပြီး အိမ်ပြန်သွားကြည့်တယ်။...
ကျောက်မဲတွင် ပစ်ခတ်သံငြိမ် သော်လည်း စစ်ရှောင် ၃၅၀၀ ကျော် ထိရှိလာ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့် စစ်ရှောင် ၃၅၀၀ ဝန်းကျင် ရှိလာကြောင်း လူမှု ပရဟိတ အဖွဲ့များထံမှ စုံစမ်းသိရသည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA)နှင့် အစိုးရတပ်မတော်တို့ ကြား တိုက်ပွဲများငြိမ်နေသော်လည်း ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့ကအထိ...
ယမ်းငွေ့နောက်က မဟာစီမံကိန်းကြီးများ
SHAN -
“ဟိုးအရင်လေးနှစ်လောက်က သျှမ်းမြောက်မှာတိုက်ပွဲတွေအကြီးအကျယ်ဖြစ်တော့ တရုတ်ဂက်စ်ပိုက်လိုင်း စီမံကိန်းကအကောင်အထည်ဖော်သွားတယ်၊အခုတစ်ခါတိုက်ပွဲတွေအကြီးအကျယ်ပြန်ဖြစ်တော့ သျှမ်းမြောက်မှာ ဘာစီမံကိန်းကအောင်မြင်သွားမလဲတော့မသိဘူးပေါ့” ထိုစကားကို ပူပန်စွာဖြင့်ပြောလာသူမှာသီပေါမြို့ခံလူငယ်တက်ကြွလှုပ်ရှားသူ စိုင်းကျော်စောဖြစ်သည်။ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲနယ်တစ်ဝိုက် တစ်ရက်ထက်တစ်ရက် ပိုဆိုးရွား လာသောတိုက်ပွဲအခြေအနေကြောင့် စိုင်းကျော်စောကဲ့သို့ ပူပန်နေရသူများမှာ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြောင့် ရေအောက်ရောက်သွားမည့် သီပေါမြို့နယ်အတွင်းရှိ တာလုံကျေးရွာသူကျေးရွာသားများဖြစ်သည်။ နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေသည်မှာ ကျောက်မဲမြို့၏ တောင်ဘက် ပုံဝိုး၊ဟိုင်းကွီ နယ်များတွင်ဖြစ်သော်လည်း တာလုံရွာသားတို့ ပူပန်နေရသည့်အကြောင်းအရင်းမှာလုံလောက်စွာရှိနေခဲ့ပါသည်။ အောက်တိုဘာလ...
ကိုဗစ်ကူးစက်မှုကြား စစ်ဒဏ်ခံနေရသူပြည်သူလူထုအား တာ၀န်ယူပေးရန် UNA တောင်းဆို
ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားသည့်ကာလ ရခိုင်ပြည်နယ် ချင်းပြည်နယ်နှင့် သျှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲများအမြန်ဆုံးရပ်တန့်ပေးရန် အစိုးရ ၊ တပ်မတော်နှင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်း များ အား စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA က တောင်းဆိုလိုက်သည်။ စစ်ဘေးရှောင်လူထုများပြားလာပြီဖြစ်သဖြင့် တိုက်ပွဲများရပ်တန့်ပေးရန်၊ အဆိုပါ စစ်ရှောင်လူထုများ အခြေခံလူ့အခွင့်အရေးများမဆုံးရှုံးစေရန် အစိုးရမှတာ၀န်ယူပေးရန်၊ ပိတ်ထားသောအင်တာနက်လိုင်း များပြန်ဖွင့်ပေးရန်၊ ကိုဗစ်ကူးစက်မှုကြောင့်အခြေခံလူတန်းစားများ...
ကျောက်မဲစစ်ရှောင် အမျိုးသမီးနှင့်ကလေးများ စိတ်သောကရောက်
အစိုးရတပ်နှင့် RCSS/SSA တို့ဖြစ်ပွါးသော တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများအသီးသီးသို့ စစ်ဘေးရှောင် ရွာသားစုစုပေါင်း သုံးထောင်နီးပါးရှိနေပြီး အများစုမှာ အမျိုးသမီးနှင့်ကလေးငယ်များဖြစ်နေကြောင်းသိရသည်။ ကိုဗစ်နိုင်တင်း ပျံ့ပွါးကူးစက်မှု များပြားလာနေချိန် စစ်ဘေးကလည်း ရှောင်နေရသဖြင့် နေထိုင်စားသောက်မှုခက်ခဲသည့်အပြင် သီးနှံဆွတ်ချိန်လည်းတန်နေပြီဖြစ်ရာ စစ်ဘေးရှောင်များ စိတ်သောကရောက်နေကြာင်း စစ်ဘေးရှောင်များအားကူညီမှုပေးနေသည့်အဖွဲ့များကပြောသည်။ ကျောက်မဲမြို့နယ် နမ့်ခုံး ပရဟိအဖွဲ့ ဉက္ကဌ စိုင်းကူးက...
ကျောက်မဲ တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ထိရှိလာ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ရှိလာကြောင်း လူမှု ပရဟိတ အဖွဲ့များထံ စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်ကစပြီး ယနေ့ အချိန်ထိ အစိုးရတပ်မတော်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊...





