သျှမ်းပြည်မြောက်ပိုင်း သိန္နီ-ကွမ်လုံကြား တိုက်ပွဲ အရပ်သား ၆ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း သိန္နီ-ကွမ်လုံ ကြား တွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် အရပ်သား (၆)ဦးသေဆုံးကာ ကျည်ထိမှန်သူများလည်း ရှိကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ၅ ရက် ယနေ့မွန်းလွဲ ၂နာရီခွဲ ဝန်းကျင်တွင် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာ နှင့် နားတီးကျေးရွာ ကြားတိုက်ပွဲဖြစ်ပွားပြီး အရပ်သား ၆ဦး ကျည်ထိမှန်သေဆုံးသွားသည်။၊ ထိုထဲတွင် အမျိုးသမီး တဦးပါရှိသည်ဟု အမည်မဖေါ်လိုသည့် နမ့်စလပ်ဒေသခံ အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တိုက်ပွဲမှာ သေဆုံးတာက (၆)ဦးပါ။ အခု နမ့်စလပ်ဆေးရုံရဲ့ ရင်ခွဲရုံမှာ (၄)လောင်း၊ ဖာဆန်ရွာကို အလောင်း (၁)လောင်းပို့တယ်။ နောက်တလောင်းက လားရှိုးကိုပို့လိုက်ပါပြီ၊ ကျနော်သိထားတဲ့ ကျည်ထိမှန်တဲ့သူတယောက်ကတော့ ကွမ်လုံပြန်သွားတယ်။” ဟု အမည်မဖော်လိုသူ အမျိုးသားက အတည်ပြု ပြောဆိုလိုက်သည်။

အဆိုပါတိုက်ပွဲတွင် အရပ်သား ကား ၄စီးပစ်ခံရပြီး၊ ကျည်ထိမှန်သူဦးရေ မည်မျှရှိနေသည်ကို စာရင်းအတိအကျ မသိရှိသေးပေ။

“ကျနော်သိရသလောက် အရပ်သား ကား(၄)စီးပစ်ခံရတယ်။ ကားသမားတဦး ထိလို့ လားရှိုးမှာ ဆေးကုနေတယ်” ဟု လားရှိုးဒေသခံ စိုင်းဟန် က ပြောသည်။

ထိုတိုက်ပွဲကြား သေဆုံးသူအားလုံးသည် အရပ်သားများဖြစ်သည် ဟု ယူဆနိုင်ကြောင်း၊ မည်သည့် လက်နက်ကိုင်တပ်ဖွဲ့နှင့်ဖြစ်ပွားသည်ကို မသိရှိသေးကြောင်း ၎င်းက ပြောသည်။

“ ကျနော်အနေနဲ့ကတော့ အရပ်သားတွေလို့ ယူဆတယ်။ သေချာတော့ ပြောလို့မရဘူး”ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းတွင် တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို သိမ်းပြီးနောက် တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်ရုံးမှ အစိုးရ အဖွဲ့ဝင်အသီးသီး ၊ဝန်ကြီးဌာနများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဥက္ကဌ နှင့်အဖွဲ့ဝင်များကို လျင်မြန်စွာ ဖွဲ့စည်းခဲ့သည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့ယာဉ်တန်း ကို မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်ဖြစ်သည့် (MNDAA) က အလစ်တိုက်ခတ်ကာ ခဲ့သည်ဟု စုံစမ်းသိရသည်။

တပ်မတော် နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ သည့် လက်ရှိအချိန်မှာ တဖက်သတ်ကိုယ်စီ အပစ်ရပ်ထားသည့် ကာလဖြစ်သည်။

“ ကျနော်အထင်တော့ ဒါက အစဖြစ်တဲ့တိုက်ပွဲပဲ။ နောက်ထပ်ပြီးဆက်ဖြစ်လာနိုင်တယ်။ ဆက်ဖြစ်လာမယ်လို့ ထင်တယ်။ စိုးရိမ်မှုကတော့ရှိနေတာပေါ့” ဟု နားတီး ကျေးရွာတွင်နေထိုင်သည့် သူက ပြောသည်။

တိုက်ပွဲသတင်း အသေးစိတ် အချက်အလက်ကို ဆက်လက်စုံစမ်းနေဆဲ။

ယခု တိုက်ပွဲဖြစ်ပွားသည့်နေရာသည် သိန္နီမြို့ နှင့် မိုင် ၃၀ ခန့် ကွာဝေးကြောင်း၊ ထိုနေရာတွင် လက်နက်ကိုင် ပေါင်းစုံ လှုပ်ရှားသည့်နေရာ ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...