မိုင်းပန်မြို့နယ်တွင် RCSS/SSA နှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် RCSS/SSAနှင့် အစိုးရတပ်မတော်တို့သည် ယနေ့( ၈နာရီ )ကျော်တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယနေ့ မနက် (၈)နာရီ ၂၀မိနစ်တွင် မိုင်းပန်မြို့နယ် နမ့်တိန်ကျေးရွာအုပ်စု မိုင်းဟောင်းကျေးရွာ အနီး၌ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) ရှိသည့်နေရာကို မိုင်းပန်မြိ့နယ်အခြေစိုက် အစိုးရတပ်မတော် ခြေမြန်တပ်ရင်း (ခမရ ၅၇၅) မှ လာရောက်ထိုးစစ်ဆင်သဖြင့် ထိတွေ့မှု ခေတ္တ အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ တိုက်ပွဲဖြစ်တယ်လို့တော့ကြားတယ်။ ဘာကြောင့်လာပစ်လည်းတော့ အသေးစိတ်မသိရသေးဘူး။ တိုက်ပွဲက ခဏပဲဖြစ်သွားတာပါ ” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးအုမ်းခေး က ပြောသည်။

ယနေ့ဖြစ်ပွားသည့် RCSS/SSA နှင့် အစိုးရတပ်မတော် ထိတွေ့မှု ၁၀မိနစ်ခန့်သာဖြစ်ပွားခဲ့ပြီး၊ ထိတွေ့မှုသည် ကျေးရွာနီးဝေးကွာကြောင်း၊ လူထိခိုက်မှုမရှိကြောင်း ထိခိုက်မှု မရှိကြောင်း သိရသည်။

ထို့ပြင် လက်ရှိအချိန်ထိ RCSS/SSAနှင့် အစိုးရတပ်မတော်တို့ နှစ်ဖက်တပ် နောက်ဆုတ်သွားခြင်းမရှိသေးသဖြင့် စစ်ရေး တင်းမာနေဆဲဖြစ်ပြီးကြောင်း လည်း RCSS/SSA၏ သတင်းဌာနဖြစ်သည့် Tai Freedom သတင်းတွင်ရေးသားဖော်ပြထားသည်။

RCSS/SSAသည် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ တခုဖြစ်ပြီး၊ ၂၀၂၀ အောက်တိုဘာလတွင်လည်း RCSS/SSAနှင့် အစိုးရတပ်မတော် တို့သည် သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် တွင် တိုက်ပွဲဖြစ်ပွားကာ အရပ်သား ၁၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...