Thursday, January 29, 2026

တိုင်းရင်းသားလက်နက်ကိုင် ၂ဖွဲ့ တိုက်ပွဲကြား အရပ်သားတဦးသေ၊ တဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ချင်ကျေးရွာအုပ်စုအတွင်း ယနေ့ (ဇန်နဝါရီ ၅)ရက် မနက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၂ဖွဲ့ တိုက်ပွဲဖြစ်ပွားရာ ရွာသား တဦး လက်နက်ထိမှန်သေဆုံးခဲ့ပြီး၊ တဦးဒဏ်ရာရရှိကြောင်း စုံစမ်းသိရှိရသည်။

နမ္မတူမြို့နယ် ပန်ချင်ကျေးရွာ အုပ်စု ညောင်ဆွယ်ကျေးရွာ နှင့် မိုင်းဟုန်းရွာကြား သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA )တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံ ရွာသား တဦး၊ လက်နက်ထိမှန် သေဆုံးပြီး တဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မန်စံစစ်ဘေးရှောင်စခန်းမှာ ကူညီသည့် အမျိုးသား တဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“လက်နက်ကျလို့ ညောင်ဆွယ်ဒေသခံက တဦးသေဆုံးပြီး။ တဦး ဒဏ်ရာရပါတယ်။ နေအိမ်တလုံး မီးလောင်သွားတယ်။ အသေးစိတ် အချက်လက်ကို ကျနော်တို့လည်း မသိရသေးဘူး” ဟု ၎င်းအမျိုးသား တဦး က ပြောသည်။

နှစ်ဖက် တိုက်ပွဲကြောင့် ညောင်ဆွယ်ကျေးရွာမှာ နေအိမ်တလုံးပေါ် လက်နက်ကြီးကျခဲ့ကြောင်း နမ္မတူမြို့နယ် စစ်ဘေးရှောင်များကို ကူညီသည့် ကော်မတီ လုံးဘဉာဏ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီနေ့ ညောင်ဆွယ်ကျေးရွာမှာ လက်နက်ကြီးတစ်လုံး ဒေသခံ ရွာသား အိမ်တအိမ်မှာ ကျသွားတယ်။ လက်ရှိမှာတော့ အသေးစိတ်အချက်လက်တွေ စစ်ဆေးနေတုန်းပဲ” ဟု နမ္မတူမြို့နယ် စစ်ဘေးရှောင်များကို ကူညီပေးသည့် ကော်မတီ လုံးဘဉာဏ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ကိစ္စကို တိုင်းရင်းသားလက်နက်ကိုင် တပ်၂ဖွဲ့ဖြစ်သည့် RCSS/SSA နှင့် TNLA ကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။

ယနေ့ နှစ်ဘက် တိုက်ပွဲကြောင့် စစ်ဘေးရှောင်များ မန်စံဘုန်းကြီးကျောင်းတို့ (၂၀၀) ကျော် ရောက်ရှိခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင်အတွင်း ဒီဇင်ဘာ(၂၅)ရက်မှ စတင်ကာ RCSS နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၁၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...