RCSSS/SSAနှင့် TNLA တိုက်ပွဲ ငြိမ်သက်နေသော်လည်း စစ်ရေးတင်းမာနေဆဲ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအောင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) တို့ ကြား၂ပတ်နီးပါး ဖြစ်ပွားသည့် တိုက်ပွဲ ငြိမ်သက်နေသော်လည်း စစ်ရေး ဆက်လက် တင်းမာနေကြောင်း စုံစမ်းသိရှိရသည်။

RCSS/SSAနှင့် TNLA တို့သည် ၂၀၂၀ ခုနစ် ဒီဇင်ဘာ ၂၅ရက်မှစတင်ဖြစ်ပွားသည့် တိုက်ပွဲသည် ၂ပတ်ကျော်ကြား သည့်အထိ စစ်ရေးဆက်လက်တင်းမာနေပြီး စစ်ရှောင်များ နေရပ်မပြန်နိုင်သေးပေ။

“ဒီနေ့ စစ်ရေးကတော့ ငြိမ်နေသေးတယ်။ နှစ်ဖက် စစ်ရေး ဆက်လက်တင်းမာနေတာတော့ ရှိနေသေးတယ်။ စစ်အင်အားဖြည့်ဆည်းတာတော့ မရှိသေးဘူး” ဟု RCSS/SSA ၏ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

နမ္မတူမြို့နယ်ရှိ မန်စံမြို့စစ်ဘေးရှောင်စခန်းမှာ ယမန်နေ့( ဇန်နဝါရီ ၇)ရက်ထိ စစ်ဘေးရှောင် (၂၀) ကျော် ထပ်မံရောက်ရှိလာကြောင်း မန်စံစစ်ဘေးရှောင် ကူညီပေးသည့် ကော်မတီ အဖွဲ့ဝင် လုံးဘဉာဏ် ကပြောသည်။

“နမ္မတူမြို့နယ်ဘက်ကတော့ စစ်ရေးငြိမ်သွားပါပြီ။ ဒါပေမယ့် နှစ်ဖက် စစ်ရေးတင်းမာနေသေးတယ်။ စစ်ဘေးရှောင်တွေလည်း အိမ်မပြန်ကြသေးဘူး။ မနေ့က မန်စံနီးနားဝန်းကျင်က ဒေသခံတွေ မန်စံဘုန်းကြီးကျောင်းကို ၂၀ ကျော်လောက် ထပ်လာကြတယ်” မန်စံစစ်ဘေးရှောင် ကူညီပေးသည့် ကော်မတီ အဖွဲ့ဝင် လုံးဘဉာဏ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အလားတူ ကျောက်မဲမြို့နယ်တွင်လည်း တိုက်ပွဲများ မဖြစ်ပွားသော်လည်း စစ်ဘေးရှောင်များ နေရပ်သို့ မပြန်နိုင်သေးပေ။

“ကျောက်မဲမြို့နယ်ထဲက တစ်ချို့နေရာတွေတော့ တိုက်ပွဲငြိမ်သွားပါပြီ။ ဒါပေမယ့် မနေ့ကအထိ တော့ဆန် နဲ့ မိုင်းကိုးဘက်မှာတော့ ပစ်ခတ်သံကြားနေရသေးတယ်” ဟု ကျောက်မဲမြို့နယ် နမ့်ခုံး ပရဟိတ အသင်း လုံးစိုင်းကူး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရှိတော့ဆန်ကျေးရွာအုပ်စု မှာ စစ်ဘေးရှောင် (၁၈၄၆) ရှိပြီး၊ ကျောက်မဲမြို့ပေါ်တွင်လည်း စစ်ဘေးရှောင် (၁၀၀၇) ကျော် နှင့် နမ္မတူမြို့နယ် စစ်ရှောင် (၉၀၀) နီးပါးရှိကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဇန်နဝါရီ ၇ ရက်) တွင်လည်း RCSS နှင့် TNLA တို့ကြား ကျောက်မဲမြို့နယ် တောဖယ်ကျေးရွာအနီး ထင်းရှုး(ဆိုရ်ဂေး) တောင်ပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ အတွင်း နှစ်ဖက်တိုက်ပွဲပေါင်း (၁၃) ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...