Friday, April 26, 2024

RCSS/SSA နှင့် TNLA တိုက်ပွဲကြောင့် အရပ်သား (၃၇၀၀)ကျော် ထွက်ပြေးနေရ

Must read

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအောင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော်( TNLA) တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် ( ၃၇၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း စုံစမ်းသိရှိရသည်။

Photo by US SA /Facebook

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ တော့ဆန်ကျေးရွာအုပ်စုမှာ စစ်ဘေးရှောင် (၁၈၄၆) ရှိပြီး၊ ကျောက်မဲမြို့ပေါ်တွင်လည်း စစ်ဘေးရှောင် (၁၀၀၇) ကျော် နှင့် နမ္မတူမြို့နယ် တွင် စစ်ရှောင် (၈၆၉ )ရှိကြောင်း စုံစမ်းသိရသည်။

နမ့်စလင်း ကျောင်းဆရာတော် ဉာဏဝရ ( ဓမ္မစာရိယ) က “ မနေ့က သံယာတော်တွေ၊ နမ့်ခုံး ပရဟိတအဖွဲ့တွေနဲ့ သွားပြီး တော့ဆန်ဘက်က စစ်ဘေးရှောင်တွေကို သွားရောက် လှူတဲ့ချိန်မှာ သေနတ်သံတွေ တစ်ချက် တစ်ချက် ကြားနေရတုန်းပဲ။ ဆောင်းရာသီဖြစ်လို့ စစ်ရှောင်တွေအတွက်တော့ စောင်တွေ အခင်းတွေ လိုအပ်နေတယ်” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

Photo by US SA/ Facebook

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ အုပ်စု ပါခါးဘုန်းကြီးကျောင်းမှာ (၄၂၂) ဦး၊ ညောင်မောင်းဘုန်းကြီးကျောင်းမှာ (၆၀၈) ဦး နှင့် ရွှေကျောင်း နှင့် သီရိမင်္ဂလာမြောက်ကျောင်း တွင် (၈၁၆) ဦး စုစုပေါင်း ၁၈၄၆ဦးရှိကြောင်း သိရသည်။

Photo by US SA/Facebook

ကျောက်မဲမြို့ပေါ် စစ်ဘေးရှောင် နှင့် ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်နေရာ တွင် အနိုင်ရထားသည့် စိုင်းအောင်မြင့် မှ “ လွန်ခဲ့တဲ့ ၂ ရက်က စာရင်းအရ စစ်ဘေးရှောင်တွေ စုစုပေါင်း (၁,၀၀၇) ဦး ရှိပါတယ်။ လွယ်အံ၊ ကောင်းခါး နဲ့ နမ့်ဆန်ဘက်သွားတဲ့ ကားလမ်းမကြီးဘေးက ကျေးရွာတွေ ဖြစ်ပါတယ်။” ဟု ဆိုသည်။

Photo by US SA/Facebook

ထိုနည်းတူ နမ္မတူမြို့နယ် မန်စံကျေးရွာတွင် စစ်ရှောင် (၂၄၉ )ကျော်နှင့် နားဆိုင်း စာသင်ကျောင်းတွင် စစ်ဘေးရှောင်(၆၂၀)ကျော်တို့ ရှိကြောင်းသိရသည်။

RCSS/SSA နှင့် TNLA တို့သည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၂၅) ရက်မှ စတင်ကာ ယနေ့ချိန်ထိ စစ်ရေးတင်းမာနေပြီး တိုက်ပွဲကြောင့် စစ်ရှောင်များ ယနေ့ချိန်ထိ နေရပ်သို့ မပြန်နိုင်သေးပေ။

Leave a Comments

- Advertisement -spot_img

Latest article