Wednesday, January 28, 2026

နမ္မတူမြို့နယ် တွင် RCSS/SSA နှင့် TNLAတိုက်ပွဲ ဆက်လက်ဖြစ်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ချင်အုပ်စုအတွင်း ယနေ့ (ဇန်နဝါရီ ၅) ရက် မနက် ၆ နာရီခွဲ တွင် RCSS နှင့် TNLA တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားကြောင်းစုံစမ်းသိရှိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအောင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ယနေ့မနက်တွင် နမ္မတူမြို့နယ်အတွင်း တနာရီကျော်ကြာ ထိတွေ့မှုတိုက်ပွဲဖြစ်ပွားခဲ့ဲ့ကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“နမ္မတူဘက်မှာ တိုက်ပွဲဖြစ်ပွားတာ ဟုတ်ပါတယ်။ TNLA နဲ့ ထိတွေ့တာပါ။ တနာရီလောက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ နှစ်ဖက်စစ်ရေးတင်းမာနေတာတော့ ရှိသေးတယ်” ဟု RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးအုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဒီဇင်ဘာ (၂၅) ရက်နေ့မှ စတင်ပြီး ယနေ့ထိ RCSS နှင့် TNLA တို့သည် တိုက်ပွဲအကြိမ်ရေ (၂၀)ထက်မနည်း ဖြစ်ပွာခဲ့ကြောင်း ဒုဗိုလ်မှူးကြီး အုမ်ခေး ကပြောသည်။

“နမ္မတူမြို့နယ် ပန်ချင်အုပ်စု ညောင်ဆွယ် နားမတ် ဟွေးဟုန်း စတဲ့ ရွာအနီးတစ်ဝိုက်မှာ ဒီနေ့ နံနက် (၆း၃၀) မှစတင်ပြီး RCSS နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရတယ်” ဟု မြေပြင်ဒေသခံ အမျိုးသား တဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှု နှင့် ပတ်သက်ပြီး TNLA မှ ပြောရေးဆိုခွင့်ကို သျှမ်းသံတော်ဆင့် မှ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။

ယမန်နေ့ (ဇန်နဝါရီ ၄ ရက် )တွင် လည်း RCSS နှင့် TNLA တို့ကြား ကျောက်မဲမြို့နယ် တော့ဆန်ရွာမ အနီးတွင် တိုက်ပွဲ ၃ကြိမ်တိုင် ဖြစ်ပွားခဲ့ကြောင်း TNLA ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်း ဒီဇင်ဘာ (၂၅) ရက်မှ စတင်ကာ RCSS နှင့် TNLA တု့ိ တိုက်ပွဲဖြစ်ပွားမှုကြောင်း စစ်ဘေးရှောင် (၁၀၀၀) ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

RCSS/SSA နှင့် TNLA တို့ကြားဖြစ်ပွားသည့် တိုက်ပွဲကြောင့် အမျိုးသားတဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ကိုယ်ဝန်သည် အမျိုးသမီးတဦး အပါအဝင် အမျိုးသမီး ၂ ဦး နှင့် အမျိုးသားတဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲကြောင့် အရပ်သားနေအိမ် နှင့် ကျေးရွာ ဘုန်းကြီးကျောင်းလည်း ကျည်ထိမှန် ပျက်စီးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...