နမ္မတူမြို့နယ် တွင် RCSS/SSA နှင့် TNLAတိုက်ပွဲ ဆက်လက်ဖြစ်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ချင်အုပ်စုအတွင်း ယနေ့ (ဇန်နဝါရီ ၅) ရက် မနက် ၆ နာရီခွဲ တွင် RCSS နှင့် TNLA တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားကြောင်းစုံစမ်းသိရှိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအောင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ယနေ့မနက်တွင် နမ္မတူမြို့နယ်အတွင်း တနာရီကျော်ကြာ ထိတွေ့မှုတိုက်ပွဲဖြစ်ပွားခဲ့ဲ့ကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“နမ္မတူဘက်မှာ တိုက်ပွဲဖြစ်ပွားတာ ဟုတ်ပါတယ်။ TNLA နဲ့ ထိတွေ့တာပါ။ တနာရီလောက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ နှစ်ဖက်စစ်ရေးတင်းမာနေတာတော့ ရှိသေးတယ်” ဟု RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးအုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဒီဇင်ဘာ (၂၅) ရက်နေ့မှ စတင်ပြီး ယနေ့ထိ RCSS နှင့် TNLA တို့သည် တိုက်ပွဲအကြိမ်ရေ (၂၀)ထက်မနည်း ဖြစ်ပွာခဲ့ကြောင်း ဒုဗိုလ်မှူးကြီး အုမ်ခေး ကပြောသည်။

“နမ္မတူမြို့နယ် ပန်ချင်အုပ်စု ညောင်ဆွယ် နားမတ် ဟွေးဟုန်း စတဲ့ ရွာအနီးတစ်ဝိုက်မှာ ဒီနေ့ နံနက် (၆း၃၀) မှစတင်ပြီး RCSS နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရတယ်” ဟု မြေပြင်ဒေသခံ အမျိုးသား တဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှု နှင့် ပတ်သက်ပြီး TNLA မှ ပြောရေးဆိုခွင့်ကို သျှမ်းသံတော်ဆင့် မှ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။

ယမန်နေ့ (ဇန်နဝါရီ ၄ ရက် )တွင် လည်း RCSS နှင့် TNLA တို့ကြား ကျောက်မဲမြို့နယ် တော့ဆန်ရွာမ အနီးတွင် တိုက်ပွဲ ၃ကြိမ်တိုင် ဖြစ်ပွားခဲ့ကြောင်း TNLA ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်း ဒီဇင်ဘာ (၂၅) ရက်မှ စတင်ကာ RCSS နှင့် TNLA တု့ိ တိုက်ပွဲဖြစ်ပွားမှုကြောင်း စစ်ဘေးရှောင် (၁၀၀၀) ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

RCSS/SSA နှင့် TNLA တို့ကြားဖြစ်ပွားသည့် တိုက်ပွဲကြောင့် အမျိုးသားတဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ကိုယ်ဝန်သည် အမျိုးသမီးတဦး အပါအဝင် အမျိုးသမီး ၂ ဦး နှင့် အမျိုးသားတဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲကြောင့် အရပ်သားနေအိမ် နှင့် ကျေးရွာ ဘုန်းကြီးကျောင်းလည်း ကျည်ထိမှန် ပျက်စီးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...