သီပေါမြို့နယ် RCSS နှင့် အစိုးရတပ် ရက်ဆက်တိုက်ပွဲဖြစ်

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အစိုးရတပ် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်မှုဖြစ်ပွားနေကြောင်းစုံစမ်းသိရသည်။

သီပေါမြို့နယ် မိုင်းတုံကျေးရွာအုပ်စု ပန်ခါးကျေးရွာ အနီးတွင် RCSS/SSA နှင့် အစိုးရတပ် တို့သည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၁)ရက်တွင် တိုက်ပွဲပြင်းထန်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ တပ်သား ၂ဦး ကျဆုံးမှုရှိကြောင်း RCSS/SSA သတင်းပြန်ကြားရေးမှ စုံစမ်းသိရသည်။

“ မနေ့က တိုက်ပွဲ တနေကုန်ပဲ။ တပ်မတော်က ကျနော်တို့ RCSS/SSAကို လာပြီး ထိုးစစ်ဆင်တာ။ သီပေါမြိုု့နယ် ကျနော်တို့ ရှိနေတဲ့နေရာ အနှံ့ပဲ လာတိုက်တယ်။ အခုတော့ ငြိမ်တော့ငြိမ်နေတယ်။ ဒါပေမယ့် စစ်ရေးက တင်းမာနေတုန်းပဲ” ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆက်လက်ပြီး ယမန်နေ့ ဖြစ်ပွားသည့်တိုက်ပွဲ တွင် အစိုးရတပ် ဘက်မှ တပ်သားကျရှုံးမှုရှိပြီး၊ အစိုးရတပ် ဘက်မှ လက်နက်ပစ္စည်းများလည်း RCSS/SSA ဘက်မှ သိမ်းဆည်းရမိကြောင်း၊ မြေပြင်သတင်းအချက်အလက် အသေးစိတ်ကို မသိရှိသေးကြောင်းလည်း ဗိုလ်မှူး ခမ်းစံ က ပြောသည်။

RCSS/SSA နှင့် အစိုးရတပ်တို့သည် ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်ကာ ယမန်နေ့ (ဖေဖော်ဝါရီ ၁၁)ရက်ထိ သီပေါမြို့နယ် အတွင်း ၃ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ မှာလည်း တပ်မတော်မှ နောက်ဆုတ်သွားခြင်းမရှိသေးသဖြင့် အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်နိုင်ကြောင်းလည်း ဗိုလ်မှူး ခမ်းစံက ပြောသည်။

“ အခု ချိန်ထိ တပ်မတော်က နောက်မဆုတ်သေးဘူး။ ရှိနေသေးတယ်။ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တဲ့သဘောပဲ။ စစ်ရေးတင်းမာနေဆဲပါ” ဟု ဗိုလ်မှူးခမ်းစံက ထပ်လောင်းပြောသည်။

သီပေါမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတချို့ စိုးရိမ်ထိတ်လန့်ပြီး မန်လီကျေးရွာအုပ်စု နားစင့်ကျေးရွာသို့ထွက်ပြေးလာရကြောင်း သိရသည်။

လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံသည် ဖေဖော်ဝါရီ ၁ရက် မှ စတင်ကာ တပ်မတော် မှ နိုင်ငံတော်၏အာဏာကို သိမ်းယူပြီး၊ ပြည်သူများက စစ်အာဏာရှင် စနစ်ကို မြန်မာပြည်အနှံ့ ဆန့်ကျင် ဆန္ဒထုတ်ဖော်နေကြသည်။

ထိုဆန္ဒပြမှုတွေ ဖြစ်နေသည့် ကြားက တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)ထိုးထားသည့် RCSS/SSA ကို ထိုးစစ်ဆင်နေခြင်းသည် အာဏာသိမ်း အစိုးရ အနေဖြင့် NCAကို ချိုးဖောက်နေခြင်းဖြစ်ကြောင်းလည်း RCSS က ပြောဆိုလိုက်သည်။

ထို့ပြင် ယမန်နေ့တွင်လည်း သျှမ်းမြောက် ကွတ်ခိုင်မြို့နယ်တွင် သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် အစိုးရတပ်တို့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...