Wednesday, January 28, 2026

ကျောက်မဲမြို့နယ်အတွင်း RCSS/SSA နှင့် TNLA တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ယနေ့ (ဒီဇင်ဘာ ၂၅)ရက် မနက် ၅နာရီမှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါဖြစ်ပွားသည့် တိုက်ပွဲသည် ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စု ပန်မခံကျေးရွာအနီးတွင် ယနေ့ မနက် ၅နာရီမှ နေ့လည် ၁၁နာရီထိဖြစ်ပွားခဲ့ကြောင်း၊ လူထိခိုက်မှု ဒဏ်ရာရရှိမှုမရှိကြောင်းလည်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တိုက်ပွဲကတော့ မနက် ၅နာရီကနေ စဖြစ်တာ နေ့လည် ၁၁နာရီထိဖြစ်တယ်။ လူထိခိုက်မှုတော့မဖြစ်ဘူး။လက်ရှိ အချိန်ထိတော့ စစ်ရေးတင်းမာနေဆဲပါ” ဟု ဒုဗိုလ်မှူးကြီး အုမ်ခေး က ဆိုသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ကျောက်မဲမြို့နှင့် မိုင် ၂၀ခန့်ဝေးကွာသည့်နေရာဖြစ်ပြီး၊ ကျေးရွာနှင့်ဝေးကွာသည့်နေရာဖြစ်ကြောင်း လည်း ဒုဗိုလ်မှူးကြီး အုမ်ခေး က ပြောသည်။

“ ဒီနေ့ တိုက်ပွဲက လက်နက်ကြီး၊ လက်နက်ငယ်သံတွေ တော်တော်ကျယ်တယ်။ မနက် ၄နာရီလောက်ကဖြစ်တာ နေ့လည်ထိ အသံကြားနေရတယ်” ဟု ပန်မခံကျေးရွာ မှဒေသခံ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA မှ RCSS/SSA တပ်ရှိသည့်နေရာကို လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း နှင့် လူသွားလမ်းတလျောက်တွင် မိုင်းများကိုတွေ့ရှိရသဖြင့် မိုင်းရှင်းလင်းမှုကိုလည်း RCSS/SSAမှ ပြုလုပ်ခဲ့ရကြောင်း ဒုဗိုလ်မှူးကြီး အုမ်ခေး က ပြောသည်။

“ ကျနော်တို့ TNLA တပ်ဘက်က ပစ္စည်းတွေ သိမ်းရမိတယ်။ သူတို့ (TNLA)က ထောင်ထားတဲ့မိုင်းကိုလည်း ရှင်းပေးခဲ့ရတယ်” ဟု ဒုဗိုလ်မှူးကြီး အုမ်ခေး ကပြောသည်။

အဆိုပါတိုက်ပွဲနှင့် ပတ်သက်ပြီး TNLA မှပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော်ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာ တိုက်ပွဲအခြေအနေကို အသေးစိတ်မသိရသေးကြောင်း ပြောဆိုခဲ့သည်။

ယခုလ အတွင်း TNLA နှင့် RCSS/SSAတို့သည် သျှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ်အတွင်း မကြာခဏထိတွေ့မှုဖြစ်ပွားကာ အရပ်သား (၄)ဦးကျည်ထိမှန်ခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...