တိုက်ပွဲမဖြစ်သော်လည်း တပ်များမဆုတ်ခွါသေး ၊ စစ်ရှောင်များလည်းမပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်နေသော်လည်း စစ်ဘေးရှောင် ၂၀၀ ကျော် နေရပ် မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။

“ခုလောလောဆယ်တော့ တိုက်ပွဲက ငြိမ်နေတယ်။ ဘယ်ဘက်မှ စစ်အင်အားဖြည့်တာလည်းမရှိဘူး။ ရွာသားတချို့တော့ ပြန်နိုင်ကြပေမယ့်တချို့ကမပြန်နိုင်သေးဘူး” – ဟု RCSS/SSA မှပြောခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီး အုမ်ခေး ကသျှမ်းသံတော်ဆင့်အားပြောသည်။

RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ကြား၊ အစိုးရတပ်မတော်နှင့် TNLA တို့ကြားတိုက်ပွဲများကြောင့် ဒီဇင်ဘာ (၁၅) ရက်အထိ မန်စံဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း (၂၁၂) ဦးရှိနေသေးသည်ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (နမ္မတူ)မေတ္တာရှင် နာရေးလူမှု ကူညီ ရေးအသင်း ကိုချစ်မွှေး က ဆိုသည်။

“ကျနော်တို့ မနေ့က ပြန်လာတဲ့ လမ်းတစ်လျှောက် စစ်သားတွေကြီးပဲ။ အစိုးရ စစ်ကြောင်းတွေ။ မန်စံ နဲ့ နမ္မတူကြားမှာ။ စစ်ရှောင်တွေကတော့ မပြန်ရဲကြသေးဘူး။ ပြန်ရင်လည်း တိုက်ပွဲဖြစ်ရင် ပြန်ပြေးလာရမယ်ဆိုတော့ မထူးဘူးလေ။ အားလုံးတော့ မန်စံ ဘုန်းကြီးကျောင်းမှာပဲ။” ဟု ကိုချစ်မွှေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဒီဇင်ဘာ ၇ ရက်မှ ၁၀ ရက်နေ့ထိ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင်း RCSS နှင့် TNLA တို့ကြား တိုက်ပွဲ (၃) ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ဒေသခံ ပြည်သူများ မန်စံဘုန်းကြီးကျောင်းသို့ ရောက်ရှိ လာခဲ့သည်။

“စစ်ရေးတင်းမာနေဆဲ။ ဘယ်သူမှ မဆုတ်ခွာသေးဘူး။ သီပေါကနေသွားရင် မန်စံမရောက်ခင် အစိုးရ တပ်ရှိတယ်။ မန်စံကနေဆင်းရင် လားရှိုးအလာလမ်းမှာ တအောင်းတပ် ရှိတယ်။ စပါးရိတ်သိမ်းချိန် ဖြစ်လို့ စစ်ရှောင်တွေ အခက်တွေ့နေရပါတယ်။” စစ်ရှောင်ပြည်သူများကို သွားရောက်ကူညီသည့် ဒေသခံ တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၅ ရက်နေ့က စပြီး နမ္မတူမြို့နယ် နားကျဲရွာ ၊ ကွန်ကျောင်းရွာဘက်တွင် တိုက်ပွဲများဖြစ်ပွါးခဲ့ရာ ဒေသခံလူထု ရာနှင့်ချီစစ်ဘေးရှောင်ခဲ့ရသည်။ အဆိုပါတိုက်ပွဲများကြား အစိုးရတပ်မတော်မှလည်း ၀င်ရောက် နေရာယူလှုပ်ရှားသဖြင့် ဒေသခံလူထုတို့ နေရပ်တွင်မနေရဲကြတော့ဘဲနေရပ်စွန့်ခွါခဲ့ကြသည်။

“ဒီချိန်က စပါးသိမ်းချိန် ပြောင်းချိုးချိန်ဆိုတော့ ကျနော်တို့က ပြောင်းသွားချိုးရမှာ။ ခုအိမ်လည်းမပြန်နိုင်သေးတော့အရမ်းစိတ်ပူနေတယ် ”- ဟု စစ်ရှောင် လုံးစိုင်းက ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ဒေသခံ ရွာသား (၄) ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး၊ ဒေသခံ (၂၀၀) ကျော် နေရပ်သို့စွန့်ခွာခဲ့ကာ ယနေ့ချိန်ထိ ဘုန်းကြီးကျောင်းတွင်ခိုလှုံနေကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...