နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါး ရွာသားများစစ်ဘေးရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယနေ့မနက်ပိုင်းက RCSS/SSA နှင့်မဟာမိတ်တပ်ပေါင်းစုတို့အကြားပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွါးသဖြင့် ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်ရကြောင်းသိရသည်။

Photo Credit to RCSS

ယနေ့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နားကျဲကျေးရွာအနီး ထိုသို့ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး လက်ရှိသတင်းရေးသားချိန်အထိ ရွာသားများနေရပ်မှ စွန့်ခွါထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဆိုပါသည်။

“နားကျဲကျေးရွာမှာ သေနတ်သံတွေ ကြားရတယ်။ တစ်ချို့ရွာသားတွေ ထွက်ပြေးလာတာတွေရှိတယ်။ မထွက်လာနိုင်သေးတာတွေလည်းရှိတယ်။ နားကျဲကျေးရွာက သူတွေ မန်စံကျေးရွာ ကို ထွက်ပြေးလာကြတယ်။” ဟု နမ္မတူ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုခဲ့သည်။

ဒီဇင်ဘာလ ၉ ရက်နေ့မနက်ပိုင်း RCSS နှင့် မဟာမိတ်တပ်ပေါင်းစုကြား တိုက်ပွဲကြောင့် မန်စံရောက် ရွာမှစစ်ရှောင်များ

ထွက်ပြေးလာသော ရွာသားများမှာ ပိန်းလုံရွာ နားကျဲရွာနှင့်ကွန်ကျောင်းရွာများမှရွာသား များဖြစ်ကြောင်း၊ ၂ ဖက်တပ်များသည် ပြီးခဲ့သည့် ၂ ရက် ၃ ရက်ကတည်းက မန်စံဘက်သို့အင်အားဖြည့်တင်းလာနေကြပြီး တအာင်းတပ်များသည် ယမန်နေ့ညက အဆိုပါ နားကျဲ၊ ကွန်ကျောင်းရွာများနှင့်နီးကပ်စွာ ၀င်ရောက်အနားယူခဲ့ကြကြောင်း ရွာသားများကပြောသည်။

“ခုချိန်က ကောက်ရိတ်ချိန် ပြောင်းချိုးချိန်လေဗျာ။ သူတို့တိုက်ကြမယ်ဆိုရင်လူထုမျက်နှာထောက်သင့်တယ်။ ရွာနဲ့အဝေးမှာသွားတိုက်သင့်တယ်ဗျ။ ”-ဟု နမ္မတူရောက်စစ်ရှောင်ရွာသားတဦးကပြောသည်။

ယနေ့တိုက်ပွဲဖြစ်ပွါးသည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွင် SSPP/SSA တပ်သားများလည်းပါ၀င်ကြောင်း ရွာသားများပြောသကဲ့သို့ ၄င်းတပ်ဖွဲ့ပိုင် SSPP info Page တွင်လည်း ယနေ့မနက်ပိုင်း နမ္မတူမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ရေးသားထုတ်ပြန်ထားသည်။

သို့သော် တပ် ၂ ဖက်လုံး၏ ပြောရေးဆိုခွင့်ရှိသူများထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ဒီဇင်ဘာ (၅) ရက်နေ့ မနက်ပိုင်းတွင်လည်း ကာလအတန်ကြာ စစ်ရေးတင်းမာကြပြီးနောက် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း RCSSနှင့် SSPP ထိတွေ့မှု တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...