ကိုဗစ်ကူးစက်မှုကြား စစ်ဒဏ်ခံနေရသူပြည်သူလူထုအား တာ၀န်ယူပေးရန် UNA တောင်းဆို

0

ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားသည့်ကာလ ရခိုင်ပြည်နယ်  ချင်းပြည်နယ်နှင့် သျှမ်းပြည်နယ်အတွင်းရှိ  တိုက်ပွဲများအမြန်ဆုံးရပ်တန့်ပေးရန် အစိုးရ ၊ တပ်မတော်နှင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်း များ အား စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA က တောင်းဆိုလိုက်သည်။

စစ်ဘေးရှောင်လူထုများပြားလာပြီဖြစ်သဖြင့် တိုက်ပွဲများရပ်တန့်ပေးရန်၊ အဆိုပါ စစ်ရှောင်လူထုများ အခြေခံလူ့အခွင့်အရေးများမဆုံးရှုံးစေရန် အစိုးရမှတာ၀န်ယူပေးရန်၊ ပိတ်ထားသောအင်တာနက်လိုင်း များပြန်ဖွင့်ပေးရန်၊ ကိုဗစ်ကူးစက်မှုကြောင့်အခြေခံလူတန်းစားများ စား၀တ်နေရေးပြေလည်အောင် အစိုးရမှဆောင်ရွက်ပေးရန်၊ စည်းရုံးရေးကာလ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့်ကျန်းမာရေး၀န်ကြီးဌာနတို့၏ ထုတ်ပြန်ချက်များကိုလိုက်နာကြရန်နှင့် နိုင်ငံရေးပါတီကြီးတချို့၏ တရားမဲ့ပြုကျင့်မှုများကို အစိုးရနှင့်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့က အချိန်မှီ တည့်မတ်ထိန်းကျောင်းပေးရန်အစရှိအချက် ၆ ချက်ပါ ကြေညာချက်တစောင်ကို အောက်တိုဘာလ ၁၀ ရက်နေ့ရက်စွဲဖြင့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများက  ထုတ်ပြန်လိုက်သည်။

လက်ရှိ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း  အစိုးရတပ်မတော်နှင့် RCSS/SSA ကြား ဖြစ်ပွါးနေသောတိုက်ပွဲကြောင့် စစ်ဘေးရှောင် ပြည်သူလူထု ၃၀၀၀ ထက်မနည်းရှိနေပြီဖြစ်ပါသည်။

Leave a Comments

SHARE