ယမ်းငွေ့နောက်က မဟာစီမံကိန်းကြီးများ

“ဟိုးအရင်လေးနှစ်လောက်က သျှမ်းမြောက်မှာတိုက်ပွဲတွေအကြီးအကျယ်ဖြစ်တော့ တရုတ်ဂက်စ်ပိုက်လိုင်း စီမံကိန်းကအကောင်အထည်ဖော်သွားတယ်၊အခုတစ်ခါတိုက်ပွဲတွေအကြီးအကျယ်ပြန်ဖြစ်တော့ သျှမ်းမြောက်မှာ ဘာစီမံကိန်းကအောင်မြင်သွားမလဲတော့မသိဘူးပေါ့”

ထိုစကားကို ပူပန်စွာဖြင့်ပြောလာသူမှာသီပေါမြို့ခံလူငယ်တက်ကြွလှုပ်ရှားသူ စိုင်းကျော်စောဖြစ်သည်။

Photo by ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲနယ်တစ်ဝိုက် တစ်ရက်ထက်တစ်ရက် ပိုဆိုးရွား လာသောတိုက်ပွဲအခြေအနေကြောင့် စိုင်းကျော်စောကဲ့သို့ ပူပန်နေရသူများမှာ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြောင့် ရေအောက်ရောက်သွားမည့် သီပေါမြို့နယ်အတွင်းရှိ တာလုံကျေးရွာသူကျေးရွာသားများဖြစ်သည်။

နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေသည်မှာ ကျောက်မဲမြို့၏ တောင်ဘက် ပုံဝိုး၊ဟိုင်းကွီ နယ်များတွင်ဖြစ်သော်လည်း တာလုံရွာသားတို့ ပူပန်နေရသည့်အကြောင်းအရင်းမှာလုံလောက်စွာရှိနေခဲ့ပါသည်။

အောက်တိုဘာလ ၃ ရက်နေ့ကစပြီး RCSS တပ်ဖွဲ့အား အစိုးရတပ်မတော်ထိုးစစ်ဆင်သော ဒေသများ သည် တာလုံတစ်ရွာလုံးကို ရေအောက်ရောက်သွားစေမည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းတည်ရှိရာ တောင်ခြေရွာ အသွားလမ်း တကြောတွင်ဖြစ်ပါသည်။

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းတည်ရှိရာ တောင်ခြေရွာအနီးတစ်ဝိုက်သည် ယနေ့အချိန်အထိ မငြိမ်းချမ်းသေးသော ဒေသများဖြစ်ပြီး ယခုကဲ့သို့သော တိုက်ပွဲများလည်းမကြာခဏဖြစ်ပွားတတ်ပါသည်။ရွာသူ ရွာသားများ၏ သဘောထား ဆန္ဒ မပါသည့်အပြင် တိုက်ပွဲများမကြာခဏဖြစ်ပွားတတ်သောဒေသ ဖြစ်သောကြောင့် အထက်ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း ကိုရပ်တန့်ပေးရန် တာလုံဒေသခံများက တောင်းဆိုခဲ့ကြသည်။

သို့သော်လည်း တိုက်ပွဲများကြားမှပင် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရေးမှာရပ်တန့်သွားခြင်းမရှိခဲ့ပါ။


တပ်မတော်မှလည်း လူအင်အားလက်နက်အင်အားများစွာသုံး၍ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို အမြဲတမ်းကာကွယ်လျက်ရှိသည်။

အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းအနီးပတ်ဝန်းကျင်တစ်ဝိုက် တွင်လည်း တပ်မတော် ကလူ့အခွင့်အရေးချိုးဖောက်မှု များစွာက ဒေသခံပြည်သူတို့ကို ခြိမ်းခြောက်နေခဲ့သည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)နှင့် ဒေသတွင်း လူ့အခွင့်အရေးလေ့လာ စောင့်ကြည့်သူများ ၏ မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်မှ ယခု၂၀၂၀အထိ ၄နှစ်တာကာလအတွင်း တပ်မတော်ကြောင့် သေဆုံးသူအရပ်သား ၁၅ ဦးအထိရှိ ခဲ့ကြောင်း သိရသည်။

Photo by Nang Lao Lao/ Facebook

နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ကျောက်မဲဒေသ အတွင်းတိုက်ပွဲများသည် ရွေးကောက်ပွဲအား နှောင့်ယှက်လိုခြင်း ကြောင့်ဟု စက်တင်ဘာ လအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သျှမ်းပြည်နယ်ခရီးစဉ်အတွင်း ပြောဆိုခဲ့မှုများနှင့် ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ဖြစ်ပွားခဲ့သော SSPP နှင့်တိုက်ပွဲများကိုကိုးကားသုံးသပ်ကြသည်။

သို့သော် တပ်မတော်၏ယခုထိုးစစ်ဆင်မှု များမှာ ရွေးကောက်ပွဲ အားနှောင့်ယှက်လိုခြင်းထက်ပိုနိုင်ကြောင်း၊မိမိအနေဖြင့် ရင်းနှီးမြုပ်နှံမှုပြသနာနှင့်ဆက်စပ်နေသည်ဟုလည်းယူဆကြောင်း၊အဘယ်ကြောင့်ဆိုသော် အထက်ရဲရွာ ရေအား လျှပ်စစ်စီမံကိန်း တွင် ရင်းနှီးမြုပ်နှံထားသော ဂျပန်ကုမ္ပဏီတစ်ခုမှာ တိုက်ပွဲများမဖြစ်ပွားခင်ရှေ့တစ်ပတ်အလိုခန့် တွင်နှုတ်ထွက်သွားခဲ့ခြင်းနှင့်လည်းဆက်စပ်နိုင်ကြောင်း အထက်ရဲရွာရေ အားလျှပ်စစ်စီမံကိန်းကို ဦးဆောင် ကန့်ကွက်သူ တစ်ဦး ဖြစ်သည့် ရှမ်းတောင်သူလယ်သမားများကွန်ယက်မှ စိုင်းထမ်းအိုက်မှပြောကြားသည်။

ယခုတိုက်ပွဲများဖြစ်ပွားရာ ကျောက်မဲအရှေ့ဘက်ဒေသများအပြင် တပ်မတော်မှ သီပေါမြို့နယ် တာလုံကျေးရွာ အနီးပတ်ဝန်း ကျင်ဒေသများဖြစ်သည့် တာလုံ၊တွန်ကျိုင်း အစရှိသည့်ကျေးရွာအနီးတစ်ဝိုက်သို့ အောက် တိုဘာလ ၈ရက်နေ့ကတည်းက စစ်အင်အားများဖြည့်တင်းမှုများရှိနေခြင်းကလည်း တပ် မတော်၏ ထိုးစစ်ဆင်မှု များကိုလွန်စွာ သံသယဖြစ်စေမိပါသည်။

“၁၀ ရက်နေ့ညတုန်းက စစ်ကြောင်းက တာ လုံရွာထဲဝင်အိပ်တယ်၊ဒီဒေသပတ်ဝန်းကျင်က တခြားလက်နက်ကိုင် တွေ လည်း ရှိတယ်။ အစ ကတည်းကလည်းမငြိမ်းချမ်းဖူး၊အခုလိုမျိုး တွေဖြစ်လာတော့ နဂိုကစိတ်ဓာတ်ခိုင်မာတဲ့ တာလုံရွာသားတွေ ကို စိတ်ဝမ်းကွဲအောင် လုပ်သလိုဖြစ်နေတယ်၊ရွာသားအချို့ကအခုလို မငြိမ်းချမ်းမှုကြောင့် ခဏခဏပြေးနေရတော့ မထူးတော့ဘူးဆိုပြီး ရေကာတာတည်ဆောက် မှုကိုလက်ခံမယ်ဆိုတာမျိုးဖြစ်လာစေတယ်၊ တပ်မတော် ကနေ အခုလိုစစ်အင်အားတွေချဲ့လာတာက ခြိမ်းခြောက်ရာလဲကျနေတယ်” ဟု စိုင်းထမ်းအိုက်ကပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့ COVID-19 ကပ်ရောဂါကာလအတွင်း၌ အပစ်အခတ်ရပ်စဲရေး ကြေငြာချက်များ ထုတ်ထားပါလျက်နှင့် တပ်မတော်၏ထိုးစစ်ဆင်မှုများနှင့် စစ်အင်အားဖြည့်တင်းမှုများသည် ငြိမ်းချမ်းရေး ကိုပျက်ပြားစေသောလုပ်ဆောင်ချက်များသာဖြစ်သည်။

ရန်ကုန်၊ မန္တလေးအစရှိသောမြို့ကြီးများတွင် တပ်မတော်အနေဖြင့် ကိုဗစ်ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများ တွင်အင်အားကောင်းကောင်းဖြင့် လုပ်ဆောင် နေသော်လည်း စာရေးသူတို့၏သျှမ်းပြည်နယ် မြောက်ပိုင်းတွင်မူ ယခုကဲ့သို့ထိုးစစ်ဆင်နေမှုက ပြည်ထောင်စုတန်းတူညီမျှရေးစိတ်ဓာတ် အမှန်တကယ်ရှိပါ၏လော ဟု မေးခွန်း ထုတ်မိပါသည်။

အစိုးရအနေနှင့်လည်း ရွေးကောက်ပွဲ အောင်မြင်ဖြစ်မြောက်ရေးကိုသာ အာရုံစိုက်လုပ်ဆောင်ပြီး သျှမ်းမြောက်၏ စစ်ဘေးကိုမေ့လျော့နေမည်ဆိုပါက စစ်ဘေးသင့်ဒေသများမှဒေသခံများ၏ဘဝမှာပိုမိုဆိုးရွားလာနိုင်ပြီး စစ်ရေးတင်းမာမှုများသည်လည်းလျော့ကျသွားနိုင်မည်မဟုတ်ပါ။

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအပြင် သျှမ်းပြည်မြောက်ပိုင်းအတွင်းအခြားစီမံကိန်းကြီးများနှင့် ပိုးလမ်းမစီမံကိန်းတို့မှာမကြာမှီစတင်တော့ မည်ဖြစ်သည့်အတွက် သျှမ်းမြောက်ဒေသ၏ ငြိမ်းချမ်းရေးသည် တပ်မတော်အနေနှင့်၎င်းတို့၏ အကျိုးစီးပွားကိုသာကာကွယ်မှု မကာကွယ်မှုများအပေါ်တွင်မှီသည်နေမည်ဟုသာ စာရေးသူယူဆမိပါသည်။

လားရှိုး ကျောင်းသားများ သမဂ္ဂ အဖွဲ့ မွေလျန်းရေးသားပေးပို့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...