Wednesday, January 28, 2026

ကျောက်မဲမြို့နယ် တိုက်ပွဲကြောင့် အရပ်သားတဦးလက်နက်ကြီးထိမှန်၊ ၇၀၀ ကျော် တိမ်းရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခန့်ခဲ (ခန်ခိုင်း)ကျေးရွာ အုပ်စု ခန့်ခဲ (ခန်ခိုင်း) ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားရာ အရပ်သား အမျိုးသားတဦး လက်နက်ကြီးထိမှန်ပြီး၊ ဒေသခံ(၇၀၀)ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ ၄ ရက် ညနေပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားကာ အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦး လက်နက်ကြီးထိမှန်ပြီး၊ ဒေသခံ ၇၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျောက်မဲမြို့နယ် စစ်ရှောင်ကော်မတီ ဥက္ကဌ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စစ်ရှောင် ဒဏ်ရာရရှိသူ အခုချိန်ထိတော့ (၁) ယောက်ဘဲ ရှိသေးတယ်။ ကျောက်မဲဆေးရုံမှာ ရောက်နေပါတယ်။ စစ်ရှောင်တွေက ကျနော် စာရင်း အရတော့ (၇၀၀) ကျော်လောက်ရှိတယ်” ဟု ဦးတင်မောင်သိန်း ကပြောသည်။

Photo by Sai Nay Aung/ Facebook

လက်ရှိမှာ စစ်ရှောင်များအတွက် စစ်ရှောင်ကော်မတီ မှ အစားအသောက်ကူညီထောက်ပံ့ပေးထားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှလည်း ကြက်ဥနှင့်ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးခဲ့ကြောင်း ဦးတင်မောင်သိန်း က ပြောသည်။

ထို့အပြင် လက်နက်ကြီးထိမှန်ပြီး ဆေးကုသနေသည့် အမျိုးသား အတွက် စစ်ရှောင်ကော်မတီမှ ဆေးကုသစရိတ် ကျပ်ငွေ ၅၀၀၀၀ ပေးခဲ့ကြောင်းလည်း ဦးတင်မောင်သိန်း က ထပ်လောင်းပြောသည်။

“ မနေ့က ခန်ခဲကျေးရွာမှာ တိုက်ပွဲဖြစ်တယ်။ ကျေးရွာက ဒေသခံတွေက ပုံဝိုးကျောင်းကို စစ်ရှောင်လာရတယ်။ ပုံဝိုးမှာ စစ်ရှောင် ၂၀၀ကျော်ရှိတယ်” ကျောက်မဲမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စာလးှယ် စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

Photo by Sai Nay Aung / Facebook

တိုက်ပွဲကြောင့် လက်နက်ကြီး သည် ခန်ခိုင်းကျေးရွာရှိ နေအိမ်တလုံးပေါ် ကျကာ အရပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း စိုင်းထွန်းဝင်းက ဆိုသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော်တို့သည် စက်တင်ဘာ ၃၀ ရက်နေ့မှစပြီး ယနေ့အချိန်ထိ တိုက်ပွဲများပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

“ တိုက်ပွဲဖြစ်တာတော့ ဟုတ်တယ်။ အစိုးရ တပ်မတော်ဘက်က ထိခိုက်မှုများတယ်လို့သိရတယ်။ စာရင်းအတိအကျတော့ မသိရသေးဘူး” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် ကို ပြောတယ်။


အစိုးရ တပ်မတော်သည် RCSS/SSA တပ်စခန်းရှိသည့်နေရာကိုတက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိမှာလည်း စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ခန်ခဲကျေးရွာသည် ကျောက်မဲမြို့နှင့် မိုင် ၂၀ အကွာတွင် တည်ရှိသည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...