ကျောက်မဲမြို့နယ် တိုက်ပွဲကြောင့် အရပ်သားတဦးလက်နက်ကြီးထိမှန်၊ ၇၀၀ ကျော် တိမ်းရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခန့်ခဲ (ခန်ခိုင်း)ကျေးရွာ အုပ်စု ခန့်ခဲ (ခန်ခိုင်း) ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားရာ အရပ်သား အမျိုးသားတဦး လက်နက်ကြီးထိမှန်ပြီး၊ ဒေသခံ(၇၀၀)ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ ၄ ရက် ညနေပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားကာ အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦး လက်နက်ကြီးထိမှန်ပြီး၊ ဒေသခံ ၇၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျောက်မဲမြို့နယ် စစ်ရှောင်ကော်မတီ ဥက္ကဌ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စစ်ရှောင် ဒဏ်ရာရရှိသူ အခုချိန်ထိတော့ (၁) ယောက်ဘဲ ရှိသေးတယ်။ ကျောက်မဲဆေးရုံမှာ ရောက်နေပါတယ်။ စစ်ရှောင်တွေက ကျနော် စာရင်း အရတော့ (၇၀၀) ကျော်လောက်ရှိတယ်” ဟု ဦးတင်မောင်သိန်း ကပြောသည်။

Photo by Sai Nay Aung/ Facebook

လက်ရှိမှာ စစ်ရှောင်များအတွက် စစ်ရှောင်ကော်မတီ မှ အစားအသောက်ကူညီထောက်ပံ့ပေးထားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှလည်း ကြက်ဥနှင့်ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးခဲ့ကြောင်း ဦးတင်မောင်သိန်း က ပြောသည်။

ထို့အပြင် လက်နက်ကြီးထိမှန်ပြီး ဆေးကုသနေသည့် အမျိုးသား အတွက် စစ်ရှောင်ကော်မတီမှ ဆေးကုသစရိတ် ကျပ်ငွေ ၅၀၀၀၀ ပေးခဲ့ကြောင်းလည်း ဦးတင်မောင်သိန်း က ထပ်လောင်းပြောသည်။

“ မနေ့က ခန်ခဲကျေးရွာမှာ တိုက်ပွဲဖြစ်တယ်။ ကျေးရွာက ဒေသခံတွေက ပုံဝိုးကျောင်းကို စစ်ရှောင်လာရတယ်။ ပုံဝိုးမှာ စစ်ရှောင် ၂၀၀ကျော်ရှိတယ်” ကျောက်မဲမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စာလးှယ် စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

Photo by Sai Nay Aung / Facebook

တိုက်ပွဲကြောင့် လက်နက်ကြီး သည် ခန်ခိုင်းကျေးရွာရှိ နေအိမ်တလုံးပေါ် ကျကာ အရပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း စိုင်းထွန်းဝင်းက ဆိုသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော်တို့သည် စက်တင်ဘာ ၃၀ ရက်နေ့မှစပြီး ယနေ့အချိန်ထိ တိုက်ပွဲများပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

“ တိုက်ပွဲဖြစ်တာတော့ ဟုတ်တယ်။ အစိုးရ တပ်မတော်ဘက်က ထိခိုက်မှုများတယ်လို့သိရတယ်။ စာရင်းအတိအကျတော့ မသိရသေးဘူး” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် ကို ပြောတယ်။


အစိုးရ တပ်မတော်သည် RCSS/SSA တပ်စခန်းရှိသည့်နေရာကိုတက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိမှာလည်း စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ခန်ခဲကျေးရွာသည် ကျောက်မဲမြို့နှင့် မိုင် ၂၀ အကွာတွင် တည်ရှိသည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...