ကျောက်မဲမြို့နယ်တွင် အစိုးရတပ် နှင့် RCSS/SSA တိုက်ပွဲ ဆက်လက်ပြင်းထန်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းတပ်မတော်( RCSS/SSA) နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ ၂ ရက်ကစပြီး အစိုးရတပ်မတော်သည် (RCSS/SSA) လှုပ်ရှားသည့်အပိုင်းသို့ ဝင်ရောက်လှုပ်ရှားပစ်ခတ်ရာမှ ယနေ့တိုင် တိုက်ပွဲ ပြင်းထန်နေရခြင်းဖြစ်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒု ဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တိုက်ပွဲ ဆက်လက်ပြင်းထန်မလား၊ လျော့သွားမလားဆိုတာ တပ်မတော်ပေါ်မူတည်ပါတယ်။ တပ်မတော်က တောနင်း ရှာဖွေ နေရင် တိုက်ပွဲက ကြာရှည်နိုင်တယ်။ လမ်းမပေါ်ထိ တိုက်ပွဲပြန့်လာနိုင်တယ်။ နောက်ဆုံးမြို့ပေါ် အထိ ပြန့်လာနိုင်တယ်။ ဒါကတော့ စိုးရိမ်စရာဖြစ်တယ်” ဟု ဒု ဗိုလ်မှူးကြီး အုမ်ခေး က ဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲသည် RCSS/SSA မှသျှမ်းပြည်မြောက်ပိုအခြေချလှုပ်ရှားနေသည်ကို တပ်မတော်အနေဖြင့် အလိုမရှိသည့် သဘောနှင့် ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်သဖြင့် တိုက်ပွဲ ဖန်တီး နေခြင်း ဖြစ်နိုင်ကြောင်း ဒု ဗိုလ်မှူးကြီး အုမ်ခေး က သုံးသပ်ပြောဆိုလိုက်သည်။

သို့သော် RCSS/SSA သည် ယခင်ကတတည်းကပင် သျှမ်းပြည်မြောက်ပိုင်းသို့ လှုပ်ရှားနေထိုင်နေ ခဲ့သည်ဖြစ်ရာ ၂၀၁၃ ခုနှစ်က ရွှေလီဘက်တွင် အခြေချလှုပ်ရှားသည့် RCSS/SSA ၏ အမှတ် ၇၀၁ စစ်ဒေသအား အစိုးရတပ်မတော်က အင်အားသုံးဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများဆက်တိုက်ဖြစ်လာခဲ့သည်မှာယနေ့တိုင်ဖြစ်ပါသည်။

သျှမ်းပြည် တပ်မတော် ၂ တပ်အား သတ်မှတ်ထားသည့် နယ်မြေတွင်သာခွင့်ပြုကြောင်း၊ နယ်မြေကျော်ခွင့်မပြုကြောင်း ကာကွယ်ရေး ဦးစီးချုပ်မှ စက်တင်ဘာ (၈) ရက်က သျှမ်းပြည်အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ ရောက်စဉ်က ပြောဆိုခဲ့သည်။

“ လက်ရှိ ဖြစ်နေတဲ့တိုက်ပွဲက အပြတ်ပြောနိုင်တာက RCSS/SSA တပ်ဖွဲ့ကို မြောက်ပိုင်းမှာ မရှိစေချင်လို့ နယ်မြေကျော်လွန်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တိုက်ပွဲဖန်တီးတာပါ” ဟု ဒု ဗိုလ်မှူးကြီး အုမ်ခေး က ပြောဆိုလိုက်သည်။

RCSS/SSAသည် အပစ်ခတ်ရပ်စဲရေးသဘောတူညီစာချုပ်( NCA) ချုပ်ဆိုထားသည့် အဖွဲ့တဖွဲ့ဖြစ်ပြီး၊ NCA ထဲတွင် အင်အားကြီးမားသည့် တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။

လက်ရှိ NCA ဆွေးနွေးပွဲတွင် နယ်မြေ ကိစ္စနှင့် ပတ်သက်ပြီးဆွေးနွေးထားခြင်းမရှိသေးကြောင်း၊ NCA ၏ အခန်း(၃) တွင် လုံခြုံရေး အခန်းကဏ္ဍ တွင်တပ်နေရာချထားရေး ဆိုသည့် ကိစ္စပါဝင်ခဲ့ပြီး လက်ရှိမှာ ဆွေးနွေးမှု မရှိသေးကြောင်း သိရသည်။

ထို့ပြင် RCSS/SSA တပ်ဖွဲ့ NCA လက်မှတ်ရေးထိုးချိန်တွင် RCSS/SSA တပ်စခန်းကို သျှမ်းတောင် တွင်သာ ရှိရမည်ဆိုသည့်အချက် မပါဝင်ကြောင်း ဒုဗိုလ်မှူးကြီး အုမ်ခေး က ပြောသည်။

ထို့ပြင် တပ်မတော် သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး နှင့် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့်နေရာမှ အပ ကျန်နယ်မြေ များတွင် တပ်မတော်အနေဖြင့် စစ်ရေး ဆိုင်ရာလှုပ်ရှားမှုကို အောက်တိုဘာ (၁)ရက်မှ (၃၁)ရက်ထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် အောက်တိုဘာ (၄)ရက် ညနေပိုင်းက တိုက်ပွဲကြောင့် အသက် (၄၅)နှစ် အရွယ် အရပ်သားတဦး လက်နက်ကြီးထိမှန် ကာ ကျောက်မဲဆေးရုံတွင်ဆေးကုသခံယူနေရပြီး၊ ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးလက်ရွာသား ဒေသခံ တထောင်နီးပါး စစ်ဘေးတိမ်းရှောင်နေရ ကြောင်း သိရသည်။

ထိုအရပ်သား လက်နက်ကြီးထိမှန်မှုသည် RCSS/SSA မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကြောင့်ဖြစ်ကြေင်း အစိုးရ တပ်မတော် သတင်းမှန်ပြန်ကြားရေး က ယမန်နေ့(အောက်တိုဘာ ၆)ရက်က ထုတ်ပြန်ခဲ့သည်။

အစိုးရ တပ်မတော်သည် RCSS/SSA လှုပ်ရှားသည့်နေရာအတွင်းသို့ စစ်အင်အား ဆက်လက်ဖြည့် နေသဖြင့် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်ကြောင်းလည်း ဒု ဗိုလ်မှူးကြီး အုမ်ခေး ပြောသည်။

“ အခု တိုက်ပွဲက ရွေးကောက်ပွဲ ကို ဂယက်နည်းနည်းတော့ရှိမယ်” ဟု ဒု ဗိုလ်မှူးကြီး အုမ်ခေး က ဖြည့်စွက်ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်တားဆီးနေချိန်တွင် တိုက်ပွဲများ ဆက်လက်မဖြစ်ပွားစေချင်ကြောင်းနှင့် ပြည်သူလူထု၏ မျက်နှာကို ထောက်ထားပြီး တိုက်ပွဲများရပ်တန့်စေချင်ကြောင်းလည်း စစ်ရှောင်ပြည်သူများက ပြောသည်။

“ ကျနော်အနေနဲ့ကတော့ စစ်ပွဲမဖြစ်စေချင်ဘူး။ တပ်မတော်က ပြည်သူ့အတွက်ဆိုရင် ပြည်သူကိုကြည့်သင့်တယ်။ ပြည်သူစိတ်မချမ်းသာအောင်မလုပ်သင့်ဘူး” ဟု ကျောက်မဲမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ပြောရေးဆိုခွင့်ရှိသူကို လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းဌာန မှ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...