စစ်ရှောင်

မိုင်းကိုင်ရောက် စစ်ရှောင်တချို့နေရပ်ပြန်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုမှာ ရောက်ရှိနေသည့် စစ်ရှောင်များ တစ်ချို့ နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဝမ်ဖက်ဟီ့ကျေးရွာ ပန်လန့်ဘုန်းကြီးကျောင်းမှာ ရောက်ရှိနေသည့် စစ်ဘေးရှောင်များ ယနေ့ သြဂုတ် (၂၇) ရက်မှာ စစ်ရှောင် (၁၃၁) ဦး ပြန်သွားပြီး (၇၆) ဦး စာသင်ကျောင်းတွင် ကျန်ရှိနေသေးကြောင်း...

တိုင်းရင်းသားလက်နက်ကိုင်များ ကျေးရွာအနီးတိုက်ပွဲဖြစ် ရွာလုံးကျွတ်ထွက်ပြေးနေရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်ရှိ ကျေးရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွားကာ ကျယ်လောင်သည့် ပေါက်ကွဲမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရသည်။ သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲဖြစ်ပွားပြီး...

သျှမ်းပြည် တောင်နှင့်မြောက်နယ်စပ်ရှိ စစ်ရှောင်များ တွင် ဖျားနာမှုရှိနေ

သျှမ်းပြည် တောင်ပိုင်းနှင့်မြောက်ပိုင်း နယ်စပ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များထဲတွင် ကျန်းမရေးမကောင်းသူများ ရှိနေသည့်အတွက် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ဆေးဝါးထောက်ပံ့ပေးခြင်းများ လိုအပ်ကြောင်း သတင်းရရှိသည်။ သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်လီကျေးရွာတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူ(၂၀၀)ကျော်နှင့် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်လန့်ကျေးရွာတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် (၁၀၀)ခန့်အား ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို...

ကွတ်ခိုင်မြို့နယ် စစ်ရှောင် (၂) ဦးကို ပြည်သူစစ် မှ အကြောင်းမဲ့ ရိုက်နှက်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေး စစ်ရှောင်စခန်းတွင် နေထိုင်သည့် အမျိုးသား (၂) ဦးကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ် ၂၃)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုလေး စစ်ရှောင်စခန်းတွင် နေထိုင်သည့်အမျိုးသား(၂)ဦးသည် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က...

မိုင်းကိုင် စစ်ရှောင် (၁၀၀)ထပ်ရောက် ကိုဗစ် ကူးစက်ရမည်ကို စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ စစ်ဘေးရှောင် (၁၀၀) ခန့် ရောက်ရှိခိုလှုံနေသည့် တုံလောကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ တုံလောက်ကျေးရွာအုပ်စုမှာ ကိုဗစ်-၁၉ အတည်ပြု လူနာရှိသည့်အတွက် စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူများလည်း ကိုဗစ်-၁၉ ကူးစက်ခံရမည်ကို စိုးရိမ်ကြောင်း တုံလောကျေးရွာအုပ်စု ဝမ့်ဖက်ဟီ့ ဒေသခံ တစ်ဦးပြောသည်။ “တုံလောမှာလဲ...

စစ်ရှောင်များရှိသည့် ကျောက်မဲမြို့နယ် မိုင်းငေါ့တွင် ကိုဗစ်ရောဂါ စိုးရိမ်ရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင် (၅၀၀)ကျော် ရောက်ရှိခိုလှုံနေသည့် မိုင်းငေါ့မြို့တွင် ကိုဗစ် ကူးစက်ခံရမည်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရာချီ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ကြောင်း၊ မိုင်းငေါ့မြို့တွင် ကိုဗစ်...

သျှမ်းတပ်(၂)တပ် စစ်ရေးကြား ဒေသခံ ရာချီ ထပ်မံ ထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ယနေ့ (သြဂုတ် ၂၃)ရက် မနက်ပိုင်း တွင် သျှမ်းတပ် (၂) တပ် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ အများအပြား ထွက်ပြေးနေရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မနက် (၆) နာရီခန့်မှ စပြီး သျှမ်းတပ် (၂)...

သီပေါမြို့နယ် အတွင်း သျှမ်းတပ်(၂)တပ် တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ယနေ့ (သြဂုတ် ၂၃)ရက် မနက်ပိုင်း သျှမ်းတပ်(၂)တပ် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ဒေသခံ ပြည်သူများ ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ မနက် (၆)နာရီခန့်မှ စပြီး လက်ရှိ အချိန်ထိ သျှမ်းတပ် (၂)တပ်သည် သီပေါမြို့နယ် ကုံးကော်ကျေးရွာ...

ကျောက်မဲ စစ်ရှောင် (၄၀၀)ကျော် အကူအညီ လိုအပ်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ထပ်မံရောက်ရှိလာသည့် စစ်ဘေးရှောင် (၄၀၀)ကျော်အတွက် အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။ ယခုသြဂုတ်လ (၁၁)ရက်နေ့မှ စပြီး ကျောက်မဲမြို့နယ် ပန်ကွမ်၊ ပန်ဖြတ်ကျေးရွာအနီးတွင် လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှု ပြန်လည်ပြင်းထန်လာသည့်အတွက် ဒေသခံပြည်သူများ ကျောက်မဲမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာတို့တွင် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီ လိုအပ်နေကြောင်း သိရသည်။ “တိုက်ပွဲတွေက...

မိုင်းငေါ့စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျ၊ စစ်ရှောင်နေရာပြောင်းရန် ပြင်ဆင်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ စစ်ရှောင်စခန်းအနီးတွင် သြဂုတ်လ (၁၄)ရက်နေ့၊ မွန်းလွဲ (၃)နာရီခန့်က လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ်ရှောင်များ နေရာထပ်မံပြောင်းရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရသည်။ မိုင်းငေါ့မြို့ မန်ပင့်ကျေးရွာ စာသင်ကျောင်းတွင် စစ်ရှောင်စခန်းဖွင့်လှစ်ထားတာဖြစ်ပြီး လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်များ နေရာပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း ဒေသခံထံမှ...

Latest news