စစ်ရှောင်
သီပေါမြို့နယ် အတွင်း သျှမ်းတပ်(၂)တပ် တိုက်ပွဲပြင်းထန်နေ
SHAN -
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ယနေ့ (သြဂုတ် ၂၃)ရက် မနက်ပိုင်း သျှမ်းတပ်(၂)တပ် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ဒေသခံ ပြည်သူများ ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ မနက် (၆)နာရီခန့်မှ စပြီး လက်ရှိ အချိန်ထိ သျှမ်းတပ် (၂)တပ်သည် သီပေါမြို့နယ် ကုံးကော်ကျေးရွာ...
ကျောက်မဲ စစ်ရှောင် (၄၀၀)ကျော် အကူအညီ လိုအပ်နေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ထပ်မံရောက်ရှိလာသည့် စစ်ဘေးရှောင် (၄၀၀)ကျော်အတွက် အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။ ယခုသြဂုတ်လ (၁၁)ရက်နေ့မှ စပြီး ကျောက်မဲမြို့နယ် ပန်ကွမ်၊ ပန်ဖြတ်ကျေးရွာအနီးတွင် လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှု ပြန်လည်ပြင်းထန်လာသည့်အတွက် ဒေသခံပြည်သူများ ကျောက်မဲမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာတို့တွင် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီ လိုအပ်နေကြောင်း သိရသည်။ “တိုက်ပွဲတွေက...
မိုင်းငေါ့စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျ၊ စစ်ရှောင်နေရာပြောင်းရန် ပြင်ဆင်နေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ စစ်ရှောင်စခန်းအနီးတွင် သြဂုတ်လ (၁၄)ရက်နေ့၊ မွန်းလွဲ (၃)နာရီခန့်က လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ်ရှောင်များ နေရာထပ်မံပြောင်းရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရသည်။ မိုင်းငေါ့မြို့ မန်ပင့်ကျေးရွာ စာသင်ကျောင်းတွင် စစ်ရှောင်စခန်းဖွင့်လှစ်ထားတာဖြစ်ပြီး လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်များ နေရာပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း ဒေသခံထံမှ...
မိုင်းကိုင်ရောက် စစ်ရှောင် (၆၄)ဦး အစားအသောက်နှင့် ဆေးဝါးလိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုတွင် စစ်ရှောင် (၆၄) ဦး အစားအသောက် နှင့် ဆေးဝါးများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ် (၁၁) ရက်နေ့က သီပေါမြို့နယ် နမ့်လန်ဒေသအနီးရှိ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မွေးကင်းစ ရက်သားကလေးအပါအဝင် ဒေသခံ (၃၀၀) ကျော်...
ကျောက်မဲ နောင်ဆင်စစ်ရှောင် (၂)ဦး ကြိုးမိုင်းထိ (၁)ဦးဒဏ်ရာပြင်းထန်
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ဆင်ကျေးရွာတွင် ယမန်နေ့ ( သြဂုတ် ၁၃)ရက် မွန်းလွဲ (၂)နာရီခန့် ၌ စစ်ရှောင်(၂)ဦး မိုင်းနင်းမိပြီး (၁)ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ထိုမိုင်းနင်းမိသူများသည် ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအုပ်စု နောင်ဆင်ကျေးရွာတွင် ရောက်ရှိနေသည့် စစ်ရှောင်များဖြစ်ပြီး လက်ဖက်ခြံအနီး မှိုသွားရှာချိန်တွင် ကြိုးမိုင်းထိမိကာ...
နမ့်ခမ်းမြို့ရှိ စစ်ဘေးရှောင် စခန်းမှာ ကိုဗစ် – ၁၉ အန္တရာယ် စိုးရိမ်နေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ် - ၁၉ ကူးစက်မှုအန္တရာယ်ကို စိုးရိမ်နေရကြောင်း သတင်းသိရသည်။ နမ့်ခမ်းမြို့နယ် အတွင်းတွင် စစ်ဘေးရှောင် စခန်း ၅ ခုရှိနေသည့် အပြင် စစ်ဘေးရှောင်သူဉီးရေ ရာဂဏန်းရှိသည့် အတွက် လက်ရှိကာလ အတွင်းကူးစက်ပျံ့ပွားမှုနှုန်း မြင့်မားနေသည့် ကိုဗစ် - ၁၉...
တရုတ်နယ်စပ်မျဉ်း ပန်ဆိုင်းမြို့ အနီးရောက် စစ်ရှောင် မိုးကာနှင့် ဆေးဝါးလိုအပ်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်းမြို့အနီး တရုတ်နယ်စပ်မျဉ်းပေါ်တွင် ရောက်ရှိနေသည့် စစ်ရှောင် (၂၀၀) ကျော်အတွက် မိုးကာ နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ် (၂)ရက် တွင် စစ်ကောင်စီတပ် နှင့် ကိုးကန့်တပ်( MNDAA)တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အရပ်သားနေထိုင်သည့်ကျေးရွာထဲ လက်နက်ကြီး...
ကျောက်မဲ စစ်ရှောင် (၁၀၀)ခန့် အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၁၀၀)ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာအုပ်စု ပန်ကွမ်နှင့် ပန်ဖြတ်ကျေးရွာတွင် သြဂုတ် ၁၀ ရက် တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော်...
သျှမ်းမြောက် တိုင်းရင်းသားအချင်းချင်း နယ်မြေအပြန်အလှန်ကျူးကျော်မှုကြောင့် တိုက်ပွဲပြန်ဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း နယ်မြေ အငြင်းပွားမှုပြဿနာကြောင့် တိုက်ပွဲဖြစ်ပွားရာတွင် နယ်မြေကျူးကျော်မှု ကြောင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာရကြောင်း စုံစမ်းသိရှိရသည်။ ယခုလက်တလောတွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်တို့တွင် သျှမ်းတပ် ၂ တပ် နှင့် မြောက်ပိုင်းမဟာမိတ် (TNLA၊SSPP/SSA ) တို့သည် အပြန်အလှန် နယ်မြေကျူးကျော်မှုကိစ္စကြောင့်...
လဲချားမြို့နယ် ရောက် စစ်ရှောင် စားဝတ်နေရေး ခက်ခဲနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဝမ်ထီကျေးရွာအတွင်း စစ်ဘေးရှောင် တစ်ချို့ထပ်မံ ရောက်ရှိလာပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် လွန်ခဲ့သည့် (၂) လခန့်က ဖြစ်ပွားသည့် ကျေးသီးမြို့နယ် လွိုင်ဟွန်း တိုက်ပွဲ ကြောင့် မိုင်းနန်း ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် နေထိုင်ကြပြီး၊ လက်ရှိမှာ...






