သီပေါမြို့နယ် အတွင်း သျှမ်းတပ်(၂)တပ် တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ယနေ့ (သြဂုတ် ၂၃)ရက် မနက်ပိုင်း သျှမ်းတပ်(၂)တပ် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ဒေသခံ ပြည်သူများ ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။

ယနေ့ မနက် (၆)နာရီခန့်မှ စပြီး လက်ရှိ အချိန်ထိ သျှမ်းတပ် (၂)တပ်သည် သီပေါမြို့နယ် ကုံးကော်ကျေးရွာ အနီးတွင် တိုက်ပွဲပြင်းထန်းနေသဖြင့် ဒေသခံများသည် သျှမ်းတောင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ပန်လန့်ဘုန်းကြီးကျောင်းသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

“ တိုက်ပွဲက သျှမ်းတောင်နဲ့ သျှမ်းမြောက် နယ်စပ်မှာ ဖြစ်တာ။ ခုထိ သေနတ်သံတွေ ကြားနေရတုန်းပဲ၊ ထွက်ပြေးတဲ့သူတွေရှိတယ်။ စာရင်းအတိအကျတော့မသိရဘူး” မိုင်းကိုင်မြို့နယ် တုံလောကျေးရွာ ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် လက်ရှိ မှာ စစ်ရှောင် (၁၀၀)ခန့်ရောက်ရှိနေပြီး ၎င်းစစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် မိုးကားများလိုအပ်နေကြောင်းလည်း သတင်းရရှိသည်။

“ဒီနေ့ ထပ်ရောက်လာတဲ့ စစ်ရှောင်အတွက် နေထိုင်ဖို့ အမိုးအကာတွေ လိုအပ်တယ်။ လူထပ်တိုးလာတော့ စားနပ်ရိက္ခာတွေလည်း ထပ်လိုအပ်တယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် သူ တစ်ဦးကပြောသည်။

သျှမ်းတပ် (၂) တပ် အချင်းချင်း တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရပြီး၊ အခက်ခဲများစွာ ရင်ဆိုင်နေရကြောင်း တိုက်ပွဲများ ရပ်နားကြရန်လည်း စစ်ရှောင်လာသည့် ပြည်သူများက တောင်းဆိုသည်။

သျှမ်းတပ် (၂) တပ်သည် ဇွန်လဆန်းပိုင်းက စတင်ကာ နယ်မြေ အငြင်းပွားမှု ပြသာနာဖြင့် အပြန်အလှန် တိုက်ခိုက်နေကြပြီး ထိုတိုက်ပွဲကြောင့် လယ်ယာလုပ်ငန်းကို စွန့်ခွာရပြီး စစ်ရှောင်နေရသဖြင့် နောင်နှစ် စားဝတ်နေရေးအတွက်လည်း စိုးရိမ်နေကြကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...