နမ့်ခမ်းမြို့ရှိ စစ်ဘေးရှောင် စခန်းမှာ ကိုဗစ် – ၁၉ အန္တရာယ် စိုးရိမ်နေရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ် – ၁၉ ကူးစက်မှုအန္တရာယ်ကို စိုးရိမ်နေရကြောင်း သတင်းသိရသည်။

Photo RFA -နမ့်ခမ်းမြို့ရှိစစ်ရှောင်းစခန်းတခု

နမ့်ခမ်းမြို့နယ် အတွင်းတွင် စစ်ဘေးရှောင် စခန်း ၅ ခုရှိနေသည့် အပြင် စစ်ဘေးရှောင်သူဉီးရေ ရာဂဏန်းရှိသည့် အတွက် လက်ရှိကာလ အတွင်းကူးစက်ပျံ့ပွားမှုနှုန်း မြင့်မားနေသည့် ကိုဗစ် – ၁၉ တတိယလှိုင်း အန္တရယ်ကို စိုးရိမ်နေရကြောင်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးလေ့ရှိသူ တဉီးက ပြောသည်။

နမ့်ခမ်းမြို့နယ်မှာ လူဉီးရေ များတယ်လို့ ပြောရမှာပေါ့၊ ပြီးတော့ စစ်ရှောင်စခန်းကလည်း ငါးခုတောင် ရှိနေတယ်၊ အခုမှာ ကိုဗစ် – ၁၉ ကူးစက်မှုနှုန်းကလည်း အရမ်းများနေတော့ စစ်ဘေးရှောင်တွေအတွက်ကို စိုးရိမ်ရ ပါတယ်”  – ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်က နမ့်ခမ်းမြို့ရှိ နေဝန်းရီ စစ်ဘေးရှောင် ဒုက္ခသည် စခန်းမှ  အသက် ၆၀ ခန့်ရှိ အမျိုးသမီး တစ်ဉီးတွင် ကိုဗစ် – ၁၉ ပိုး   စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အဖွားက စစက ဖျားတာပါ၊ အဲ့နဲ့ ဆေးခန်းသွားပြတော့ နမ့်ခမ်း ပြည်သူ့ ဆေးရုံကို သွားပြခိုင်းတယ်၊ ဆေးရုံရောက်တော့ ကိုဗစ် ရှိ/မရှိ စစ်လိုက်တာ အဖြေက Positive ထွက်လာတယ်” ဟု စစ်ရှောင်စခန်းမှ ပြည်သူတစ်ဉီး ပြောသည်။

လက်ရှိတွင် နေဝန်းနီ စစ်ဘေးရှောင်စခန်းမှ ပိုးတွေ့သူ အမျိုးသမီးနှင့် ထိတွေ့မှုရှိသူ တစ်ဉီးသာ ရှိပြီး ၎င်းကို ဆေးစစ်ရာတွင် ကိုဗစ်ပိုးမရှိကြောင်း တွေ့ရသော်လည်း စခန်းအတွင်းတွင်မူ  ဖျားနာနေသူ များပြားကြောင်း လည်း ၎င်းကပြောသည်။

အဖွားနဲ့ထိတွေ့မှု ရှိတဲ့သူကို ဆေးစစ်လိုက်တဲ့ အခါမှာတော့ ကိုဗစ်မရှိပါဘူး၊ သူကလည်း ကျန်းကျန်းမာမာ နဲ့ဘဲ ဘာမှဖြစ်တာ မရှိဘူး၊ ဒါပေမယ့် စခန်းအတွင်းမှာ ဖျားနာနေတဲ့သူတွေ ကလည်းများတယ်၊ ဒါပေမယ့် မိုးရာသီလည်း ဖြစ်နေတယ်ဆိုတော့ အရင်နှစ်ကလို ဖြစ်နေကျ ရာသီတုပ်ကွေးလို့ပဲ လူကြီး အများစုက မြင်ကြတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ နမ့်ခမ်းမြို့နယ်အတွင်း  နေဝန်းနီ စစ်ရှောင်စခန်းအပြင် စိန်သောမတ် နဲ့ ဂျော်  စစ်ရှောင် စခန်းများ မှာလည်း ဖျားနာသူအချို့ ရှိနေပြီး ရာသီတုပ်ကွေးဖျားနာခြင်းနှင့် အနံ့ပျောက်  သူများ လည်း ရှိကြောင်း သိရသည်။

နေဝန်းရီစခန်းကိုကျတော့ နေမကောင်းလို့ ဆေးခန်းပြတာ ပိုး တွေ့သွားတာပေါ့နော်၊ ဒါမယ့် တခြား စခန်းတွေမှာလည်း ပိုးကူးခံရတဲ့သူ မရှိဘူးလို့ မပြောနိုင်ဘူး၊ တကယ်လို့သာ စစ်ရှောင် စခန်းမှာ ရောဂါပိုးပျံ့ ရင်တော့ အားလုံးက ပိုခက်ခဲသွားလိမ့်မယ်” ဟုနမ့်ခမ်းမြို့နယ် အတွင်း ပရဟိတ လုပ်ဆောင်နေသူ  တစ်ဉီး က ၎င်း၏ အမြင်ကို ပြောပြထားသည်။

နမ့်ခမ်းမြို့နယ် အတွင်းရှိ စစ်ရှောင်စခန်းများတွင် နေထိုင်ကြရသည့် ပြည်သူများသည် စားနပ်ရိက္ခာ အခက်အခဲများ အပြင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးဝါးများ၊ Hand Gel၊ နှာခေါင်းစည်း (Mask)၊ ဓါတ်ဆားကဲ့သို့သော အသုံးအဆောင် ပစ္စည်းများလည်း လိုအပ်လျက်ရှိကြော်း သိရသည်။

နမ့်ခမ်းမြို့ အောင် မေတ္တာရပ်ကွက် တွင် အမှတ် (၁) ဂျော် စစ်ရှောင်စခန်း (ကချင်) နှင့် စိန်သောမတ် စစ်ရှောင်စခန်း(ကချင်)၊ မန့်ခမ်းကျေးရွာတွင် အမှတ် (၂) ဂျော် စစ်ရှောင်စခန်း(ကချင်)၊ သာယာ ကုန်း – နေဝန်းနီ စစ်ရှောင်စခန်း (ပလောင်) နှင့် ပန်လုံ စစ်ရှောင်စခန်း(ကချင်+ပလောင်) စသဖြင့် စစ်ရှောင်စခန်း ၅ ခုရှိသည်။ အများစု မှာ ကချင်ပြည်နယ် မန်စီ မြို့နယ် မှာ လာသည့်စစ်ရှောင်များ ဖြစ်ကြောင်း၊ နမ့်ခမ်းမြို့နယ် ကျေးရွာ တချို့သာ လာရောက်ခိုလှုံမှုရှိကြောင်း နမ့်ခမ်းမြို့ခံများ ပြောပြချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...

မောက်မယ် စစ်ရှောင်နှစ်ဉီး စစ်တပ်လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် နားဟီးကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄)ရက်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်တို့က မောက်မယ်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေကြသည့်...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...