Wednesday, January 28, 2026

မူဆယ်မြို့ ရပ်ကွက် Lockdown ဖွင့် ကိုဗစ် ထပ်မြင့်တက်လာမှာ စိုးရိမ်ရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် Lockdown (ဝင်၊ထွက်) သွားလာခွင့် ရပ်ကွက်တစ်ချို့က ပြန်ဖွင့်ပေးသွားမည်ဖြစ်သောကြောင့် ပရဟိတ အဖွဲ့များ ကိုဗစ် ၁၉ ပိုမြင့်တက်လာမှာကို စိုးရိမ်နေကြရကြောင်း စုံစမ်းသိရှိရသည်။

မူဆယ်မြို့တွင် ယနေ့ သြဂုတ် ၁၃ ရက်နေ့က စပြီး လော့ဒေါင်းချထားသည့် တောင်ရပ်ကွက်ကို ပြန်လည်ဖွင့်ပေးသွားကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတဦးကပြောသည်။

“ ဒီနေ့တော့ တောင်ရပ်ကွက်ကို ပြန်ဖွင့်ပေးလိုက်ပြီး။ တခြားရပ်ကွက်တွေကတော့ အရင်နေ့က တည်းကဖွင့်ပေးလိုက်ပြီး။ မဖွင့်ပေးလဲ သူတို့တွေက ဈေးဝယ်ကဒ်နဲ့ မလိုအပ်ဘဲထွက်နေတာရှိတယ်” ဟု မူဆယ်မြို့‌ဒေသခံအမျိုးသား တဦး ကပြောသည်။

ထိုသို့ ရပ်ကွက်လမ်းများကို ပြန်ဖွင့်ပေးခဲ့သောကြောင့် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ပိုမိုမြင့်တက်လာမှာကို ပရဟိတအဖွဲ့များက စိုးရိမ်နေကြရသည်။

ယနေ့ သြဂုတ် ၁၃ ရက်နေ့ မနက်ပိုင်း အချိန်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၃ ဦးသေဆုံး သွားခဲ့ကြောင်းသိရသည်။

“ ဘာကြောင့်ပြန်ဖွင့်ပေးတာလဲတော့ ကျနော်တို့မသိဘူး။ အခုက ပိုးတွေ့ကများသေးတယ်။ ဒီနေ့မနက်တောင် ၃ ယောက် ဆုံးသွားပြီ။ မနေ့ကဆို ၁၀ ယောက်စစ်တာ ၈ ယောက်တွေ့တယ်။ မူဆယ်မှာ တောင်ရပ်ကွက်က စည်းကမ်းအရှိဆုံး။” ဟု မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းက ပြောသည်။

မူဆယ်မြို့တွင် ယခုလက်ရှိ ကိုဗစ်- ၁၉ လူနာသေဆုံးသူများသည် အောက်စီဂျင်အမြဲသုံးစွဲနေရသူများ၊ ရောဂါအခံရှိသူများက အများဆုံးသေဆုံးနေကြရကြောင်း၊ ကိုဗစ်-၁၉ လူနာ သေချာ ပြုစုကုသနေထိုင်ပါက (၁၄) ရက်အတွင်း ကုသပျောက်ဆုံးနိုင် ဖြစ်ကြောင်း ဂရုဏာလူမှုကူညီရေးအသင်း အဖွဲ့ဝင် က ပြောသည်။

“ အခုက သေဆုံးသူတွေက ရောဂါအခံရှိသူတွေ၊ သက်ကြီးရွယ်အို၊ အောက်စီဂျင်ကို အမြဲလိုသုံးနေတဲ့သူတွေက ပိုသေဆုံးကြတယ်။ အခုက ကိုယ်ကိုယ့်ဆေးစစ်ပြီးတော့ နေအိမ်မှာပဲ ဆေးကုနေကြတယ်။ သေချာကုသရင်တော့ ၁၄ ရက်အတွင်းပျောက်ပါတယ်။ အခုက လူနာတွေက ရက် ၂၀ လောက်ခံစားနေကြရတယ်” ဟု ၎င်းက ဆိုသည်။

မူဆယ်မြို့တွင် ရပ်ကွက် တစ်ချို့ Lockdown ဖွင့်ပေးသော်လည်း ကိုဗစ် ပိုးတွေ့မလျော့ကျသေးသောကြောင့် ပြည်သူများက အသွားအလာကို ပိုဆင်ခြေစေခြင်းကြောင်း ပရဟိတ အဖွဲ့များက တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။