တရုတ်နယ်စပ်မျဉ်း ပန်ဆိုင်းမြို့ အနီးရောက် စစ်ရှောင် မိုးကာနှင့် ဆေးဝါးလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်းမြို့အနီး တရုတ်နယ်စပ်မျဉ်းပေါ်တွင် ရောက်ရှိနေသည့် စစ်ရှောင် (၂၀၀) ကျော်အတွက် မိုးကာ နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

သြဂုတ် (၂)ရက် တွင် စစ်ကောင်စီတပ် နှင့် ကိုးကန့်တပ်( MNDAA)တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အရပ်သားနေထိုင်သည့်ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ(၂၀၀)ကျော်ထွက်ပြေး တိမ်းရှောင်ကာ တရုတ်နယ်စပ်မျဉ်း ပန်ဆိုင်းမြို့ တွင် ရောက်ရှိနေရခြင်းဖြစ်သည်။

“ မနေ့ ( သြဂုတ် ၁၂) ရက်နေ့က သွားတွေ့ထားတာကတော့ အမိုးအကာတွေ လိုအပ်တယ်။ မိုးကာတွေနဲ့ ကွပ်ပျစ်ဆောက်ပြီး နေကြရတယ်။ တစ်ချို့မိုးကာ အဆင်မပြေတော့ မိုးပြန်ယိုတာတွေ ဒီလို မိုးဆက်တိုက်ရွာတဲ့ချိန်ဆို တော်တော် ဒုက္ခရောက်တယ်” လို့သွားရောက်ကူညီပေးသည့် ပရဟိတ အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစစ်ရှောင် (၂၀၀)ကျော်နေထိုင်သည့် နေရာသည် မိုးသည်းထန်ရွာကာ ရေကြီးလာသည့်အတွက် ရေလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ရကြောင်း လည်း သိရသည်။

လက်ရှိကာလသည် မိုးရာသီဖြစ်ကာရာသီတုတ်ကွေး ဖြစ်ပွားမှု အများဆုံးကာလ ဖြစ်သကဲ့သို့ ကိုဗစ်လည်း မြင့်တက်နေသဖြင့် ဆေးဝါးနှင့် နှာခေါင်းစည်းများလိုအပ်နေကြောင်း လည်း သွားရောက်ကူညီသူများက ပြောပြသည်။

“ဆေးဝါးတွေလည်း လိုအပ်တယ်။ ခုချိန် ကိုဗစ် ကတော်တော်ဆိုးတော့ ကိုဗစ် ကို ကာကွယ်ဖို့ ဘာမှအဆင်မပြေဘူး နှာခေါင်းစည်းတောင် မှ မဝယ်သုံးနိုင်တဲ့အခြေနေရှိတယ်။ တစ်ချို့ မီးနေသည်တွေပါတယ်။ သက်ကြီးပိုင်းတွေပါတယ်” ဟု ပရဟိတ အမျိုးသမီး တစ်ဦးကပြောသည်။

ယခုရက်ပိုင်း စစ်ရှောင် (၂၀၀)ကျော်အတွက် အနီးတဝှိက်ရှိ အလှူရှင်များက စားသောက်ရေး အပိုင်းကို ကူညီဖြေရှင်းပေးနေကြောင်း သိရသည်။

သြဂုတ် လဆန်းပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ် နှင့် မြောက်ပိုင်းမဟာမိတ်တပ်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သပြီ်း တိုက်ပွဲကြောင့် မူဆယ်ခရိုင် ကြူကုတ် – ပန်ဆိုင်း မြို့နယ်ခွဲ ဖောင်းဆိုင် ကျေးရွာအုပ်စု ဖိုင်ကောင်းကျေးရွာအတွင်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဒေသခံ (၃၀၀) ကျော် တောတောင်ထဲ တိမ်းရှောင်နေရကြောင်း သိရသည်။

မူဆယ်ခရိုင်အတွင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များ ဖြစ်ကြသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA) တပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...