မိုင်းငေါ့စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျ၊ စစ်ရှောင်နေရာပြောင်းရန် ပြင်ဆင်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ စစ်ရှောင်စခန်းအနီးတွင် သြဂုတ်လ (၁၄)ရက်နေ့၊ မွန်းလွဲ (၃)နာရီခန့်က လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ်ရှောင်များ နေရာထပ်မံပြောင်းရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရသည်။

မိုင်းငေါ့မြို့ မန်ပင့်ကျေးရွာ စာသင်ကျောင်းတွင် စစ်ရှောင်စခန်းဖွင့်လှစ်ထားတာဖြစ်ပြီး လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်များ နေရာပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း ဒေသခံထံမှ သိရသည်။

“မန်ပင့် စစ်ရှောင်စခန်းအနီးမှာ လက်နက်ကြီးကျပြီး ပေါက်ကွဲတာ၊ စစ်ရှောင်တွေ ထိခိုက်တာတော့ မရှိဘူး၊ ဒါပေမယ့် စစ်ရှောင်စခန်းနဲ့ အရမ်းနီးလို့ စစ်ရှောင်တွေ ကြောက်ပြီး နေရာပြောင်းဖို့ ပြင်နေတာပါ” ဟု စစ်ဘေးရှောင်များကို ကူညီနေသည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုနေ့တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် မဟာမိတ်တပ်များဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း(ပလောင်)အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)တို့ မိုင်းငေါ့နှင့်မန်ပင့်ကျေးရွာလမ်းခွဲအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် မန်ပင့်စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ ကောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ရှောင်စခန်းအနီးတွင် ပြီးခဲ့သည့် (၃)လဝန်းကျင်ကလည်း လက်နက်ကြီးတစ်ကြိမ် ကျရောက် ပေါက်ကွဲခဲ့ဖူးကြောင်း၊ ထိုစစ်ရှောင်စခန်းတွင် စစ်ရှောင်(၁၀၀)ခန့်ရှိနေပြီး အခြားနေရာသို့ ပြောင်းရွှေ့ရန် အခက်ခဲများဖြစ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“မိုင်းငေါ့နယ်ထဲက တစ်ခြားနေရာကို ပြောင်းဖို့ကလည်း နေရာက အခက်ခဲဖြစ်နေတယ်၊ ကျောက်မဲမြို့ပေါ်ကို ပြောင်းလာဖို့ကလည်း ကိုဗစ်ရောဂါကြောင့် ပြောင်းလာဖို့မလွယ်ဘူး” ဟု စစ်ရှောင်များကို ကူညီနေသည့် ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။

မိုင်းငေါ့ရှိ စစ်ရှောင်များအပါအဝင် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...