သျှမ်းမြောက် တိုင်းရင်းသားအချင်းချင်း နယ်မြေအပြန်အလှန်ကျူးကျော်မှုကြောင့် တိုက်ပွဲပြန်ဖြစ်

သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း နယ်မြေ အငြင်းပွားမှုပြဿနာကြောင့် တိုက်ပွဲဖြစ်ပွားရာတွင် နယ်မြေကျူးကျော်မှု ကြောင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာရကြောင်း စုံစမ်းသိရှိရသည်။

ယခုလက်တလောတွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်တို့တွင် သျှမ်းတပ် ၂ တပ် နှင့် မြောက်ပိုင်းမဟာမိတ် (TNLA၊SSPP/SSA ) တို့သည် အပြန်အလှန် နယ်မြေကျူးကျော်မှုကိစ္စကြောင့် တိုက်ပွဲဖြစ်ပွားပြန်ဖြစ်ရကြောင်း လက်နက်ကိုင် တပ်ဖွဲ့များ၏ တာဝန်ရှိသူများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျနော်တို့ အခုက မိုးရာသီနဲ့ ကိုဗစ် ကာလမို့လို့ ကျနော်တို့ တိုက်ပွဲတော့ရပ်ထားတယ်။ သူတို့ဖက်ကနေ စစ်ထိုးလာတာကြောင့် ကျနော်တို့ တိုက်ပွဲပြန်ဖြစ်ပွားရတာပါ။” ဟု သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သို့သော် ယမန့်နေ့ သြဂုတ် ၁၁ ရက်နေ့ သီပေါမြို့နယ် နမ့်လန့်ဝမ်းစိမ်းကျေးရွာ RCSS/SSA တပ်ဖွဲ့သည် ကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း သီပေါမြို့ ဝမ်းကောင်း စစ်ဘေးရှောင်ပြည်သူ တဦးက ပြောသည်။

“ တိုက်ပွဲမတိုင်ခင်က RCSS/SSA အဖွဲ့က ကျနော်တို့ ရွာထဲရောက်လာသေးတယ်။ ပြီးတော့ သူတို့ပစ္စည်းတွေတင်ဖို့ ဆိုပြီး ကားငှားတင်ခိုင်းသေးတယ်။ တိုက်ပွဲကတော့ ဘယ်လိုစဖြစ်လဲမသိဘူး။ ညအချိန်ကနေစပစ်တာ” ဟု သီပေါမြို့ ဝမ်းကောင်း စစ်ဘေးရှောင် ပြည်သူတဦးကပြောသည်။

အလားတူ ယမန့်နေ့ သြဂုတ် ၁၁ ကျောက်မဲမြို့နယ် ပန်းဖြတ်တွင်လည်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နှင့် မြောက်ပိုင်း မဟာမိတ်( SSPP/SSA) ၊ (TNLA) တို့သည် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား နေအိမ်နှင့် ဘုန်းကြီးကျောင်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ တိုင်းရင်းသားအချင်းချင်းဖြစ်ပွားတဲ တိုက်ပွဲတွေ က အပြန်အလှန် နယ်မြေကျူးကျော်တဲ့ ကိစ္စဖြစ်တာ များတယ်။ တခြားကြောင့်တိုက်ပွဲဖြစ်နေတာတော့ သိပ်မရှိဘူး။ နယ်မြေတွေကြောင့်ပဲ တိုက်နေကြတယ်” ဟု ကျောက်မဲမြို့ စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတဦးက ပြောသည်။

TNLA ပြောခွင့်ရ မိုင်းအိုက်ကျော်ကလည်း “ သူတို့ဖက်နေ ကျနော်တို့ နယ်မြေထဲရောက်လာတော့ တိုက်ပွဲဖြစ်ရတယ်။” ဟု မိုင်းအိုက်ကျော်က ပြောသည်။

ထိုသို့ တိုက်ပွဲကိစ္စနှင့်ပတ်သတ်ပြီး သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်းဟန် ကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဖုန်းဆက်ပြီး ဖုန်းဝင်သော်လည်း ဖုန်းကိုင်ဖြေကြားပေးခြင်းမရှိပေ။

သျှမ်းပြည်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲကြောင့် ပြည်သူများ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာပြီး တိုက်ပွဲကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုလည်းဖြစ်ခဲ့ကြောင်းသိရသည်။

သျှမ်းတပ် (၂)တပ် တိုက်ပွဲ မဖြစ်ရန် သျှမ်းသံဃာတော်များ၊ သျှမ်းပြည်သူများက အကြိမ်ကြိမ်တိုက်တွန်း ပြောဆိုခဲ့သော်လည်း သျှမ်းတပ်(၂)တပ်သည် နားထောင်ခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...