ကျောက်မဲ စစ်ရှောင် (၁၀၀)ခန့် အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၁၀၀)ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာအုပ်စု ပန်ကွမ်နှင့် ပန်ဖြတ်ကျေးရွာတွင် သြဂုတ် ၁၀ ရက် တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ(၁၀၀)ခန့် ထွက်ပြေးခဲ့ရပြီး လက်ရှိမှာ စားနပ်ရိက္ခာ အရေးပေါ်လိုနေကြောင်း ကျောက်မဲမြို့ မှ ပရဟိတ အဖွဲ့များက ပြောသည်။

“လွယ်ကုန်ရွာ ဘုန်းကြီးကျောင်းမှာ စစ်ရှောင် (၁၀၀)လောက် ရှိနေတယ်၊ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်” ဟု ကျောက်မဲမြို့မှ ပရဟိတဆောင်ရွက်နေသည့် အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစစ်ရှောင်များမှာ ပန်ကွမ်ကျေးရွာဒေသခံများဖြစ်ပြီး လွယ်ကုန်ကျေးရွာဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေတာဖြစ်ပြီး၊ ၎င်းတို့သည်စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါတိုက်ပွဲကြောင့် ပန်ကွမ်ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ထိခိုက်ပျက်စီးမှုများရှိခဲ့သည့်အပြင် ကျောက်မဲမြို့ပေါ်ထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများလည်း ရှိကြောင်း စုံစမ်းသိရသည်။

လက်ရှိ အခြေအနေမှာ နယ်မြေ အခြေအနေ တည်ငြိမ်မှု မရှိသဖြင့် စစ်ဘေးရှောင်များကို သွားရောက်ကူညီရန် အခက်ခဲရှိနေကြောင်း ပရဟိတအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခုချိန် နယ်မြေအခြေနေမတည်ငြိမ်သေးတော့ ပန်ကွမ်စစ်ရှောင်တွေကို သွားကူဖို့ခက်ခဲနေတယ်၊ နောက်ပြီး ကိုဗစ်ရောဂါကလည်း မြို့ပေါ်မှာ စိုးရိမ်ရတဲ့ အနေအထားဖြစ်နေတယ်”ဟု ၎င်း က ပြောသည်။

သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသအနီးရှိ ဝမ်ကောင်းနှင့်လွယ်လုံရွာကြားတွင်လည်း ယမန်နေ့ မနက်ပိုင်းတွင် RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၃၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး၊ ယနေ့မှ တိုက်ပွဲ ပြန်ငြိမ်သက်သွားသဖြင့် နေရပ်သို့ ပြန်သွားကြောင်း သိရသည်။

သျှမ်းမြောက် ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့အထိ ဒေသခံ (၁၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...