မိုင်းကိုင်ရောက် စစ်ရှောင် (၆၄)ဦး အစားအသောက်နှင့် ဆေးဝါးလိုအပ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုတွင် စစ်ရှောင် (၆၄) ဦး အစားအသောက် နှင့် ဆေးဝါးများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

သြဂုတ် (၁၁) ရက်နေ့က သီပေါမြို့နယ် နမ့်လန်ဒေသအနီးရှိ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မွေးကင်းစ ရက်သားကလေးအပါအဝင် ဒေသခံ (၃၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ဒေသအနီးတွင် သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ပန်လန့်ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် သူများဖြစ်သည်။

ထိုစစ်ရှောင် (၆၄)ဦးသည်ဝမ်စိမ်းကျေးရွာအုပ်စု နောင်ပိန်ရွာ၊ ဝမ်ကျောင်းရွာ ဒေသခံများ ဖြစ်ကြသည်။

“စားနပ်ရိကာတွေ အခင်းတွေ ဆေးဝါးတွေ လိုအပ်နေတယ်။ စောင် တွေ ခြင်ထောင်တွေက အစ မရခဲ့ဘူး။ သူတို့ နေ့တဲ့ နေရာနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာက နီးလို့ ထွက်ပြေးနေရတာပါ။ အခုချိန်ထိ စစ်ရေးတင်းမာ နေတုန်းပဲ” ဟု စစ်ရှောင်ကူညီပေးနေသည့် ပရဟိတ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းတပ် (၂)တပ် တိုက်ပွဲသည် သြဂုတ် (၁၄)ရက်ထိ ပစ်ခတ်သံကြားနေရပြီး၊ ယနေ့ချိန်ထိ စစ်ရေး တင်းမာနေသဖြင့် စစ်ရှောင်များ နေရပ်မပြန်ရဲသေးကြောင်း ၎င်းက ပြောသည်။

ထို့အပြင် လက်ရှိကာလသည် ကိုဗစ်-၁၉ ကူးစက်ပြန့်နှံမှု မြင့်တက်နေသည့် အတွက် တစ်မြို့ နှင့် တစ်မြို့ သွားလာရန်လည်း ခက်ခဲကြောင်း သိရသည်။

သျှမ်းတပ် (၂) တပ် အချင်းချင်း တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရပြီး၊ အခက်ခဲများစွာ ရင်ဆိုင်နေရကြောင်း တိုက်ပွဲများ ရပ်နားကြရန်လည်း ယနေ့ စစ်ရှောင်လာသည့် ပြည်သူများက ပြောဆိုလိုက်သည်။

သျှမ်းတပ် (၂) တပ်သည် ဇွန်လဆန်းပိုင်းက စတင်ကာ နယ်မြေ အငြင်းပွားမှု ပြဿနာဖြင့် အပြန်အလှန် တိုက်ခိုက်နေကြပြီး ထို တိုက်ပွဲကြောင့် လယ်ယာလုပ်ငန်းကို စွန့်ခွာရပြီး စစ်ရှောင်နေရသဖြင့် နောင်နှစ်စားဝတ်နေရေးအတွက်လည်း စိုးရိမ်နေကြကကြောင်း သိရှိရသည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲမဖြစ်ရန် သျှမ်းသံယာတော်များ၊ သျှမ်းပြည်သူများက အကြိမ်ကြိမ်တိုက်တွန်း ပြောဆိုခဲ့သော်လည်း သျှမ်းတပ် (၂) တပ်သည် နားထောင်ခြင်းမရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...