သျှမ်းတပ်(၂)တပ် စစ်ရေးကြား ဒေသခံ ရာချီ ထပ်မံ ထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ယနေ့ (သြဂုတ် ၂၃)ရက် မနက်ပိုင်း တွင် သျှမ်းတပ် (၂) တပ် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ အများအပြား ထွက်ပြေးနေရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ မနက် (၆) နာရီခန့်မှ စပြီး သျှမ်းတပ် (၂) တပ်သည် သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စု ကုံးကော်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်ပြီး ဒေသခံများ နမ့်လန်ဒေသ ကုံးကော်ဘုန်းကြီးကျောင်းမှာ (၅၀၀) ကျော် ထွက်ပြေးလာပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုဘက်တွင်လည်း ထွက်ပြေးလာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ လူတွေ အားလုံးကတော့ ထွက်ပြေးလာပြီ၊ တချို့ကလည်း ထော်လဂျီရတယ်။ တချိုကလည်း ဘာမှ ကိုမရဘူး။ ကျနော်တို့ ထွက်ပြေးလာတုန်းက သေနတ်သံတွေကြားနေရတုန်းပဲ” ဟု နမ့်လန် ရောက်နေသည့် စစ်ရှောင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်းတွင် တိုက်ပွဲ (၂)နေရာဖြစ်ပြီး တချို့ မှာ တိုက်ပွဲထဲတွင် ပိတ်မိနေသေးကြောင်း၊ ထွက်းပြေးလာသူအများစုသည် တစုံတရာမျှ မပါလာဘဲ ထွက်ပြေးလာရကြောင်း၊ လက်ရှိမှာစားဝတ်နေရေးအတွက် ခက်ခဲနေကြကြောင်း လည်း ကုံးကော်ကျေးရွာမှ စစ်ရှောင်လာသူ တစ်ဦး က ပြောသည်။

“တိုက်ပွဲ့ အရမ်းပြင်းထန်တယ်။ တစ်ချို့ကျေးရွာဆို ထွက်လာလို့မရသေးဘူး။ ကျနော်တို့ ထွက်ပြေးလာတော့ ဘာမှ မရဘူး။ အဓိက အစားအသောက်ခက်ခဲတယ်။ သေနတ်သံကြားတော့ ကြောက်ပြီးပြေးလာကြတာ” ဟု ၎င်းထွက်ပြေးလာသူတစ်ဦးက ဆိုသည်။

ယနေ့ မနက်တိုက်ပွဲကြောင့် တချို့သည် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်လန့်ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသူများလည်း ရှိကြောင်း သိရသည်။

“နှစ်ဖက် စစ်ရေးတင်းမာမှုရှိနေသေးတော့ ပြည်သူတွေ ထွက်ပြေးလာတာများတယ်။စာရင်း တိကျတော့ မရသေးဘူး။ စစ်ရှောင်တွေက ဟိုတစ ဒီတစ ဖြစ်နေတယ်” စစ်ရှောင်များကို ကူညီပေးနေသည့် သူတစ်ဦးကပြောသည်။

သျှမ်းတပ် (၂) တပ်သည် ဇွန်လဆန်းပိုင်းက စတင်ကာ နယ်မြေ အငြင်းပွားမှု ပြသာနာဖြင့် အပြန်အလှန် တိုက်ခိုက်နေကြပြီး ထိုတိုက်ပွဲကြောင့် လယ်ယာလုပ်ငန်းကို စွန့်ခွာရပြီး စစ်ရှောင်နေရကြောင်းသိရသည်။

လက်ရှိ ကာလမှာ ကိုဗစ် ကူးစက်မှုနှုန်းမြင့်တက်လာပြီး စီးပွားရေး အခက်အခဲကြား သျှမ်းတပ်(၂)တပ် တိုက်ပွဲ ထပ်မံဖြစ်ပွားမှုကြောင့်လည်း သျှမ်းလူထုများသည် အခက်အခဲပေါင်းများစွာ ကြုံနေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...