Wednesday, January 28, 2026

သျှမ်းပြည် တောင်နှင့်မြောက်နယ်စပ်ရှိ စစ်ရှောင်များ တွင် ဖျားနာမှုရှိနေ

သျှမ်းပြည် တောင်ပိုင်းနှင့်မြောက်ပိုင်း နယ်စပ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များထဲတွင် ကျန်းမရေးမကောင်းသူများ ရှိနေသည့်အတွက် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ဆေးဝါးထောက်ပံ့ပေးခြင်းများ လိုအပ်ကြောင်း သတင်းရရှိသည်။

သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်လီကျေးရွာတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူ(၂၀၀)ကျော်နှင့် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်လန့်ကျေးရွာတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် (၁၀၀)ခန့်အား ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

“စစ်ရှောင်စခန်းတွေမှာ နေမကောင်းတဲ့သူ၊ နှာစေး၊ ချောင်းဆိုးတဲ့ သူတွေ၊ ညောင်းကိုက်နေတဲ့သူတွေ ရှိနေတယ်ကြားလို့ ကျန်းမာရေးစောင့်ရှောက်မှုသွားလုပ်ပေးတာ ” ဟု သွားရောက်ကူညီပေးသည့် အမျိုးသမီး က ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ (၂၃)ရက် တွင် နမ့်လန်ဒေသ ဝမ်လီကျေးရွာရှိ စစ်ရှောင်နေရာကို သွားရောက် ထောက်ပံ့ခဲ့ဖြစ်ပြီး သြဂုတ်လ (၂၄)ရက်နေ့(ယနေ့)တွင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်လန့်ရွာသို့ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာများတွင် ဆေးဝါးများ ရရှိရန် ခက်ခဲနေကြောင်းနှင့် ကိုဗစ်ရောဂါကိုလည်း စိုးရိမ်ရကြောင်း သိရသည်။

“ရွာတွေမှာဆို ဆေးဝါးက ခက်ခဲတယ်၊ ခုက ဆေးဝါးအလှူရှင် ရှိလာတာနဲ့ လာပြီး ထောက်ပံ့ပေးတာပါ၊ နောက်ပြီး ကိုဗစ်အတည်ပြုလူနာ ရှိတဲ့ ဒေသနဲ့လည်းနီးတော့ ကိုဗစ်ကူးစက်မှာကိုလည်း စိုးရိမ်မိတယ်”ဟု အဆိုပါ ဒေသခံက ဆိုသည်။

ထိုဒေသတွင် ပြီးခဲ့သည့် သြဂုတ်လ (၁၁)ရက်နေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ (၅၀၀)ကျော်ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...