တိုင်းရင်းသားလက်နက်ကိုင်များ ကျေးရွာအနီးတိုက်ပွဲဖြစ် ရွာလုံးကျွတ်ထွက်ပြေးနေရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်ရှိ ကျေးရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွားကာ ကျယ်လောင်သည့် ပေါက်ကွဲမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ် ပန်စလော့စစ်ရှောင်စခန်း

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲဖြစ်ပွားပြီး ရွာအနီးထိ ဗုံးကျပေါက်ကွဲမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးခဲ့ရတာဖြစ်ကြောင်း စစ်ရှောင်များက ပြောသည်။

“ပေါက်ကွဲသံက အကျယ်ကြီးပဲ၊ တကိုယ်လုံးကို တုန်သွားတာ၊ ရွာနဲ့လည်း အရမ်းကို နီးတယ်၊ အဲ့တော့ ချက်ချင်းကို ထွက်ပြေးကြတာပေါ့၊ တစ်ရွာလုံးနီးပါးပဲ” ဟု စစ်ရှောင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ် ပန်စလော့စစ်ရှောင်စခန်း

သြဂုတ်လ (၂၄)ရက် ယမန်နေ့က တိုက်ပွဲပြင်းထန်မှုကြောင့် လွယ်ကုန်ရွာဒေသခံများသည် ပန်စလော့စစ်ရှောင်စခန်းရှိရာသို့ (၁)နာရီကျော်ကြာ လမ်းလျှောက်လာခဲ့ရကြောင်း စစ်ရှောင်များက ပြောသည်။

“ မနေ့က ပေါက်ကွဲသံက ကြောက်စရာကောင်းလွန်းလို့ မိသားစု (၅)ယောက်စလုံး ထွက်ပြေးလာရတယ်။ လမ်းကိုလည်း တနာရီနီးပါး လျှောက်ရတယ်။ ကြောက်ကြောက်နဲ့ ပြေးလာရတာ ” ဟု ပန်စလော့ စစ်ရှောင်စခန်းတွင်ရောက်လာသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ် ပန်စလော့စစ်ရှောင်စခန်း

ပြီးခဲ့သည့် သြဂုတ်လ (၁၁)ရက်နေ့နောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ကွမ်၊ ပန်လင်၊ လွယ်ကုန်ကျေးရွာအုပ်စုတို့တွင် တိုက်ပွဲများ သဖန် ပြန်လည်ပြင်းထန်လာခဲ့တာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ရာချီရှိနေသဖြင့် စားဝတ်နေရေး အတွက်လည်း ခက်ခဲမှုရှိနေကြောင်း သိရသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်များ တိုက်ပွဲဆက်လက်ဖြစ်နေပါက စစ်ရှောင်များအတွက် စားနပ်ရိက္ခာ ပိုမိုခက်ခဲနိုင်ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“ဒီနေ့ မနက်ပိုင်းက စစ်ရှောင်တွေကို သွားကူတာ တိုက်ပွဲသံတွေက ကြားနေရတုန်း၊ အဲ့တော့ စစ်ရှောင်တွေ ထပ်တိုးလာနိုင်ပြီး စားနပ်ရိက္ခာအတွက် ပိုပြီးခက်ခဲမှာ စိုးရိမ်မိတယ်” ဟု စစ်ရှောင်များကို သွားရောက်ကူညီသူ ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ် ပန်စလော့စစ်ရှောင်စခန်း

သျှမ်းမြောက် အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲသည် အရပ်သားများနေထိုင်သည့် ကျေးရွာ နှင့် နီးစပ်နေကြောင်း၊ ထို့သို့ နီးစပ်မှုကြောင့် ပြည်သူများသည် လယ်ယာစိုက်ပျိုးချိန်ရောက်နေသော်လည်း လယ်ယာကို ပြစ်ပြီး စစ်ရှောင်နေရကြောင်း သိရသည်။

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၁၅၀၀)ကျော်ထိ ရှိနေပြီး တိုက်ပွဲများအမြန်ဆုံး အဆုံးသတ်ရန် ဒေသခံများက မျှော်လင့်နေကြသည်။

သို့သော် သျှမ်းမြောက်တွင် နယ်မြေအငြင်းပွားမှုများ ဆက်ဖြစ်လာပါက တိုက်ပွဲများလည်း အဆုံးသတ်နိုင်သေးမှာမဟုတ်ကြောင်း သျှမ်းတပ် (၂)တပ်၏ ပြောရေးဆိုခွင့်ရှိသူတို့က ယမန်နေ့က သျှမ်းသံတော်ဆင့်ကို ပြောထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...