မိုင်းကိုင် စစ်ရှောင် (၁၀၀)ထပ်ရောက် ကိုဗစ် ကူးစက်ရမည်ကို စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ စစ်ဘေးရှောင် (၁၀၀) ခန့် ရောက်ရှိခိုလှုံနေသည့် တုံလောကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ တုံလောက်ကျေးရွာအုပ်စုမှာ ကိုဗစ်-၁၉ အတည်ပြု လူနာရှိသည့်အတွက် စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူများလည်း ကိုဗစ်-၁၉ ကူးစက်ခံရမည်ကို စိုးရိမ်ကြောင်း တုံလောကျေးရွာအုပ်စု ဝမ့်ဖက်ဟီ့ ဒေသခံ တစ်ဦးပြောသည်။

“တုံလောမှာလဲ အတည်ပြု လူနာရှိလာတော့ ကျနော်တို့ စိုးရိမ်ရတယ်။မကူးစက်အောင် နည်းလမ်းရှာရတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းဝင်းအပြင်အထွက်ဖို့ တုံလောမသွားဖို့ လက်ကို မကြာခဏဆေးပေးဖို့” ဟု ပန်လန့် ဘုန်းကြီးကျောင်းမှာစစ်ဘေးရှောင်များကို ကူညီပေးနေသည့် သူတစ်ဦး ကပြောသည်။

သျှမ်းတပ် (၂) တပ်သည် သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စု ကုံးကော်ကျေးရွာအနီး တိုက်ပွဲပြင်းထန်သောကြောင့် ဒေသခံ တစ်ချို့ မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်လန့်ဘုန်းကြီးကျောင်းမှာ စစ်ရှောင် (၉၁) ဦး လာရောက်ခိုလုံခဲ့ကြသည်။

“ဒီနေ့တော့ ထပ်ရောက်လာသေးတာ မရှိသေးဘူး။ စောင်တွေ အိပ်ယာခင်းတွေ မရလာဘူး။ ကလေး နဲ့ မိခင်တွေများတော့ စားနပ်ရိကာ နဲ့ အဝတ်အထည်တွေ လိုအပ်တယ်။” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသား တစ်ဦး ကပြောသည်။

အဆိုပါ မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်လန့် ဘုန်းကြီးကျောင်းမှာ ရောက်ရှိ စစ်ရှောင်များသည် သြဂုတ် (၁၁) ရက်နေ့က ရောက်ရှိလာသည့် သူများ ရှိသလို သြဂုတ် (၂၃) ရက်နေ့တွင်လည်း ရောက်ရှိလာကြသည်။

ထိုစစ်ရှောင်များသည် သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စု အတွင်းဖြစ်သော ကုံးကော်ကျေးရွာ၊ ဝမ်ကျောင်းကျေးရွာ၊ နောင်ပိန်ကျေးရွာ နှင့် လွယ်လုံ ကျေးရွာ တို့ ဖြစ်သည်။

သြဂုတ် (၂၃) ရက်နေ့က သျှမ်းတပ် (၂) တပ်သည် သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စု ကုံးကော်ရွာအနီးတွင် တိုက်ပွဲပြင်းထန်ပြီး ဒေသခံများ နမ့်လန်ဒေသ ကုံးကော်ဘုန်းကြီးကျောင်းမှာ (၅၀၀) ကျော် ထွက်ပြေးလာပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုဘက်တွင်လည်း ထွက်ပြေးလာခဲ့သည်။

သျှမ်းတပ် (၂) တပ်သည် ဇွန်လဆန်းပိုင်းက စတင်ကာ နယ်မြေ အငြင်းပွားမှု ပြသာနာဖြင့် အပြန်အလှန် တိုက်ခိုက်နေကြပြီး ထိုတိုက်ပွဲကြောင့် လယ်ယာလုပ်ငန်းကို စွန့်ခွာရပြီး စစ်ရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...