ကွတ်ခိုင်မြို့နယ် စစ်ရှောင် (၂) ဦးကို ပြည်သူစစ် မှ အကြောင်းမဲ့ ရိုက်နှက်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေး စစ်ရှောင်စခန်းတွင် နေထိုင်သည့် အမျိုးသား (၂) ဦးကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (သြဂုတ် ၂၃)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုလေး စစ်ရှောင်စခန်းတွင် နေထိုင်သည့်အမျိုးသား(၂)ဦးသည် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က အကြောင်းမဲ့ ရိုက်နှက်ခဲ့ပြီး၊ ရိုက်ခံရသည့် ညီအောင်ဆာသည် ဒဏ်ရာဖြင့် စစ်ရှောင်စခန်းသို့ ပြန်ရောက်လာပြီး ကျန်တစ်ဦးဖြစ်သည့် မောင်ယိုင်းငြိမ်းမှာ စစ်ရှောင်စခန်းသို့မရောက်လာဘဲ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ရိုက်ခံရသည့် ညီအောင်ဆာသည် ဟိုခိုစစ်ရှောင်စခန်းတွင်နေထိုင်သည့် ဖခင်ထံ တိုင်းရင်းဆေးကို သွားယူရန်အတွက် လတ်ခုလတ်တနေရာ ပန်းဆေးပြည်သူစစ် တပ်ဖွဲ့နှင့် တွေ့ဆုံးကာ စစ်ဆေးမေးမြန်းပြီး လက်သီးဖြင့်ထိုးခြင်း၊ သေနတ်ဖြင့် ထုခြင်းတို့ ခံခဲ့ရကြောင်း ညီအောင်ဆာ နှင့် နီးစပ်သူ ဆွေမျိုး တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ သူတို့ ကလေးက နေမကောင်းလို့ ဟိုခိုစစ်ရှောင်စခန်းမှာရှိတဲ့ သူအဖေနားမှာ ဆေးသွားယူတာ။ တိုင်းရင်းဆေးသွားယူမလို့၊ အဲမှာ ဘောလုံးကွင်းဖက်မှာရောက်တော့ ပြည်သူစစ်တပ်ဖွဲ့တွေက စစ်ဆေးမေးမြန်ပြီး ရိုက်တာ။ သူတို့နောက်ဆုတ်ခိုင်းလိုက်ပြီးတော့ သေနတ်နဲ့ လက်သီးနဲ့ထိုးတာ” ဟု ် နီးစပ်သူဆွေမျိုး တဦးက ပြောသည်။

ထိုရိုက်ခံရသည့် အချိန်တွင် ညီအောင်ဆာ အပြင် မောင်ယိုင်းငြိမ်းသည်လည်း ရိုက်ခံခဲ့ရပြီး လက်ရှိအချိန်ထိ မောင်ယိုင်းငြိမ်းသည် စစ်ရှောင်စခန်းသို့ ပြန်ရောက်လာခြင်းမရှိကြောင်းသိရသည်။

“ သူတို့ က စစ်ရှောင်စခန်းက (၂)ယောက်လုံးပဲ။ ဒါပေမယ့် သွားတဲ့နေရာမတူဘူး။ ရိုက်ခံခဲ့ရတဲ့နေရာက တူတယ်။ အခု ချိန်ထိ မောင်ယိုင်းငြိမ်းကတော့ စစ်ရှောင်းစခန်းကို မရောက်လာသေးဘူး။ ဘယ်ပျောက်သွားတာလဲမသိဘူး။” ဟု မိုင်းယုလေ စစ်ရှောင်စခန်းက တာဝန်ရှိသူ တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ရှောင်စခန်းသို့ ပြန်ရောက်လာသည့် ညီအောင်ဆာသည် ဒဏ်ရာ ဒဏ်ချက်များရရှိသဖြင့် ဆေးကုသခံယူနေကြောင်း သိရသည်။

အလားတူ ဇူလိုင် ၂၆ ရက်နေ့က တာမိုးညဲ ပြည်သူစစ်က ကိုဗစ် ၁၉ ရောဂါကူးစက်ကာလတွင် ဖြတ်သန်းသွားလာသည့် ပြည်သူများကို တုတ်ဖြင့် ရိုက်နှက် ဒဏ်ပေးခဲ့ကြောင်းသိရသည်။

ပြည်သူ့စစ်တပ်ဖွဲ့များသည် အရပ်ဝတ်ဖြင့် သွားလာနေပြီး လမ်းသွားလမ်းလာသူများကို တွေ့ရင် အပြစ်မရှိ အကြောင်းမဲ့ ရိုက်နှက်နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...