Saturday, January 31, 2026

စစ်ရှောင်

မူဆယ် (၁၀၅) မိုင် ဘုန်းကြီးကျောင်းထဲ ဒရုန်းဗုံး ပြုတ်ကျ ပေါက်ကွဲမှုကြောင့် ကိုရင်ကြီး တစ်ပါးထိ

မြန်မာ-တရုတ်ကုန်သွယ်ရေးဇုန် မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် အောက်နမ့်ဟွယ်ကျေးရွာရှိ ဘုန်းကြီးကျောင်းထဲ ဒရုန်း ဗုံးပြုတ်ကျပြီး ပေါက်ကွဲမှုကြောင့် ကိုရင်ကြီး တစ်ပါး ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများ ပျက်စီးသွားခဲ့ကြောင်း စုံစမ်း သိရသည်။ မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် အောက်နမ့်ဟွယ်ကျေးရွာရှိ ဇေယျမင်္ဂလာကျောင်းတိုက် အတွင်းတွင်...

လောက်ကိုင်မြို့တွင် လက်နက်ကြီးကြောင့် လူ ၆ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ

သျှမ်းပြည် လောက်ကိုင်မြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် လောက်ကိုင်မြို့အထွက် တုန်ချိန်နှင့် ဆယ်တန်ဂိတ်တို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့်...

အောင်ပန်းမြို့ ရောက် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲမှုရှိနေ

သျှမ်းပြည် အောင်ပန်းမြို့သို့ လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲနှင့် အနွေးထည်များလိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် နိုဝင်ဘာလ ၁၅ ရက်မှထွက်ပြေးလာပြီး၊ လက်ရှိမှာ သျှမ်းပြည် အောင်ပန်းမြို့ရှိ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များသို့ လာရောက် စစ်ဘေးရှောင်နေကြပြီး စားဝတ်နေရေး နှင့် အနွေးထည်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက...

သီပေါမြို့တွင်း လက်နက်ကြီး အရပ်သား ၁ ဦးထိ ပွဲချင်းပြီးသေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် သီပေါမြို့ရှိ စံဖိတ်ရပ်ကွက်တွင် လက်နက်ကြီး ကျ‌ရောက်ပေါက်ကွဲခြင်းကြောင့် ပြည်သူ ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၁၀ နာရီခွဲခန့် သီပေါမြို့ စံဖိတ်ကွက်သစ် ရပ်ကွက်တွင်...

တောင်ကြီးရှိ ဟိုတယ်နှင့်တည်းခိုခန်း တည်းမည့်သူများ မှတ်ပုံတင်မိတ္တူနှင့် ရုပ်ပုံပါ စစ်ကောင်စီကိုပို့ရ

တောင်ကြီးမြို့ပေါ်ရှိ ဟိုတယ်နှင့်တည်းခိုခန်းသို့ သွားရောက်တည်းခိုမည့် ဧည့်သည်များကို မှတ်ပုံတင် မိတ္တူ အရှေ့နောက် နှင့် ဧည့်သည်၏ပုံကို ရိုက်ပြီး ဌာနဆိုင်ရာ များထံသို့ပို့ ဆောင်ပေးရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တော်ကြီးမြို့ ရှိ ဟိုတယ်နှင့်တည်းခိုခန်း များတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ မှ နိုဝင်ဘာ လကုန်ထိ...

လွိုင်ကော်မြို့နယ် ကားခဈေးနှုန်ုးများ မြင့်တက်ခြင်းကြောင့် ဒေသခံအချို့ စစ်ရှောင်ရန် အခက်တွေ့

ကရင်နီပြည် လွိုင်ကော်မြို့တွင် ၁၁.၁၁ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီမှ ပြည်သူများ နေထိုင်သည့် ရပ်ကွက် များထဲသို့ လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ဒေသခံများ ထိခိုက်၊ သေဆုံး ကြရသလို နေအိမ်မှာ ပိတ်မိနေသည့် သူများလည်း ရှိသေးကြောင်း စုံစမ်းသိရသည်။ ပိတ်မိနေသည့် ကရင်နီ ဒေသခံများသည် ဘေးလွတ်ရာသို့...

နောင်ချို ဒိုးပင်ရဲစခန်းပေါ် စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ စစ်သုံ့ပန်း ၄ ဦး သေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ဒိုးပင်ရဲစခန်းကို စစ်ကောင်စီမှ လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းယူထားသည့် နောင်ချိုမြို့နယ်ရှိ ဒိုးပင်ရဲစခန်းကို စစ်ကောင်စီတပ်မှ ယမန်နေ့ (နိုဝင်ဘာ ၁၉...

ပင်းတယမြို့ စစ်ကောင်စီမှ လူငယ်၂၀ဦး အတင်းအဓမ္မ ဖမ်းဆီးထား

သျှမ်းပြည် ပင်းတယမြို့နယ်ရှိ စစ်ကောင်စီမှ အရပ်သား ပြည်သူများကို ကာယသင်တန်းနှင့် စက်ပြင်သင်တန်း အမည်ခံပြီး အတင်းအဓမ္မ ဖမ်းဆီး နေကြောင်း စုံစမ်းသိရသည်။ ပင်းတယမြို့နယ် တံတားကြီးရွာတွင် ယမန်နေ့ (နိုဝင်ဘာလ ၂၀)ရက် နေ့လည် ၁ နာရီဝန်းကျင်၌ စစ်ကောင်စီ မှ ပြည်သူများကို ကာယသင်တန်းနှင့် စက်ပြင်သင်တန်း...

လွိုင်ကော် စစ်ဘေးရှောင်များကို တောင်ကြီးခရိုင်အတွင်း တရားဝင် စတင်လက်ခံ

သျှမ်း-ကရင်နီ(ကယား)နယ်စပ်တစ်လျှောက် ၁၁_၁၁ စစ်ဆင်ရေးကြောင့် ၊လွိုင်ကော်မြို့မှ စစ်ဘေးရှောင်လာကြသည့် ပြည်သူများကို သျှမ်းပြည်နယ် တောင်ကြီးမြို့၊ အေးသာယာမြို့သစ်၊ ရွှေညောင်မြိုနှင့်ကျောက်တလုံးကြီးကျေးရွာတို့တွင် နိုဝင်ဘာလ ၁၉ရက်မှ စတင်ကာ တရားဝင်လက်ခံခွင့်ပြုလိုက်ကြောင်း စစ်ဘေးရှောင်အကူညီပေးရေး အဖွဲ့များထံမှ စုံစမ်းသိရသည်။ လက်ရှိတွင် သျှမ်းပြည်နယ် တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီးမြို့၊ညောင်ရွှေမြို့၊ပင်လောင်းမြို့၊ဟိုပုန်းမြို့၊အောင်ပန်းမြို့၊နောင်တရားမြို့နှင့် ဆီဆိုင်မြို့တို့ရှိ ရပ်ကွက် ကျေးရွာများအတွင်းသို့ ရောက်ရှိနေကြသည့်...

နမ့်ခမ်းမြို့ပေါ် ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ပစ်ခတ် အရပ်သားနေအိမ်ထိ

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များ ထိခိုက် ပျက်စီးမှု ရှိကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့တွင် ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) နံနက် ၇ နာရီကျော်မှ စပြီးစစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲများပြင်းထန်ပြီး...

Latest news