စစ်ရှောင်

လောက်ကိုင်-ကွမ်းလုံ-သိန္နီလမ်းမှ ဆိုင်ကယ်ဖြင့် စစ်ဘေးရှောင်လာသူများ လားရှိုးမြို့သို့ ဝင်ခွင့်မရ

သျှမ်းပြည် လောက်ကိုင်မြို့မှ ဆိုင်ကယ်ဖြင့် နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များသည် လောက်ကိုင်-ချင်းရွှေဟော်-ကွမ်းလုံ-သိန္နီလမ်းမှတဆင့် လားရှိုးမြို့သို့ ရောက်ရှိလာရာ မြို့တွင်းသို့ ဝင်ခွင့်မရကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ ၂၆ ရက်မှစ၍ လောက်ကိုင်မြို့မှ ထွက်ခွာသည့် ထောင်နှင့်ချီသည့် နေရပ်ပြန် စစ်ဘေးရှောင်များတွင် ပါစင်ကျော်ကျေးရွာမှ ချင်းရွှေဟော်-ကွမ်းလုံ-သိန္နီ လမ်းမကြီးအတိုင်း ဆိုင်ကယ်ဖြင့် နေရပ်ပြန်သူများအထဲမှ ၄၀၀...

သျှမ်းတပ်(၂)ဖွဲ့ကြား အပစ်ခတ်ရပ်စဲရေး ကြေညာ

သျှမ်းပြည်တပ်မတော်များ ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား တရားဝင်တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှာ နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရန် သဘောတူညီလိုက်ကြောင်း သတင်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၂၉ ရက်)...

စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ဗုံးစထိမှန် သေဆုံးရ

သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA ) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်မှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး...

ပန်ဆိုင်းမြို့ တိုက်ပွဲကြောင့် ဘုန်ကြီးကျောင်းအပါအဝင် နေအိမ်  ၃၀ ကျော်ပျက်စီး

မြန်မာ-တရုတ်နယ်စပ် ပန်ဆိုင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တို့ အကြား တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အလုံးပေါင်း ၃၀ ကျော် ပျက်စီးသွားခဲ့ကြောင်း ဒေသအတွင်းစာရင်း ပြုစုထားချက်အရ သတင်းရရှိသည်။  ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၄ ရက်ထိ ပန်ဆိုင်းမြို့အတွင်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား...

ကျောက်မဲ လေကြောင်းဗုံးကြဲမှုကြောင့် ကျား/မ ခွဲခြားမရနိုင်အောင် ၄ ဦး မီးလောင်သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျား/မ ခွဲခြားမရနိုင်အောင် ၄ ဦး မီး‌လောင်သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၇ ရက်) ည ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောက်မဲအေးရှားဝေါလ် တိုးဂိတ်အနီးရှိ BOC...

မူဆယ် (၁၀၅)မိုင် နှစ်ဘက်ပစ်ခတ်မှုကြား ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး၊ အရပ်သား ၅ ဦး ကျည်ထိမှန်

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဇုန် မူဆယ်မြို့နယ် ၁၀၅ မိုင်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် တိုက်ပွဲတို့ကြောင့် ကလေးအပါအဝင် ၃ဦး သေဆုံးမှုရှိပြီး၊ အရပ်သား ၅ ဦးဒဏ်ရာရရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ မူဆယ် (၁၀၅) မိုင် 123 KTV လမ်းကြားတွင် ယနေ့ (နိုဝင်ဘာလ ၂၈)...

ဆီဆိုင် စစ်ရှောင်စခန်းများတွင် နေ့စဉ် စစ်ရှောင်ဦးရေ တိုးလာ၊ နေရာမလုံလောက်

ကရင်နီ (ကယား) ပြည်အတွင်း တိုက်ပွဲကြောင့် သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင် ဦးရေ ထပ်မံတိုးလာနေသဖြင့် နေရာမလုံလောက်မှု ပြသာနာနှင့် ကြုံတွေ့နေရကြောင်း စစ်ရှောင်ကော်မတီထံမှ စုံစမ်းသိရသည်။ လက်ရှိ ဆီဆိုင်မြို့နယ်တွင် ယခင်ရှိ စစ်ရှောင်ဦးရေနှင့် ယခုနောက်ပိုင်း “ ၁၁.၁၁ စစ်ဆင်ရေး “ တိုက်ပွဲကြောင့်...

လောက်ကိုင်မြို့တွင်း ပိတ်မိနေသူများ မြို့ကို ဆက်လက်စွန့်ခွာ

ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီး တိုက်ပွဲများကြောင့် မြို့တွင်း ပိတ်မိနေသည့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများကို MNDAA ဘက်မှ လမ်းဖွင့်ကာ ကယ်ထုတ်ပေးနေကြောင်း ကိုးကန့်တပ်မတော် (MNDAA) ၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုဝင်ဘာလ ၂၆ရက် မနက် ၆နာရီကတည်းမှ စ၍ လောက်ကိုင်မြို့မှ ထွက်လာသူများကို ပါစင်ကျော်ကျေးရွာမှတစ်ဆင့် ချင်းရွှေဟော်-နမ့်တစ်လမ်းအတိုင်း...

သီပေါ စစ်ဘေးရှောင် ၃၀၀၀ ကျော်၊ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်

သျှမ်းပြည် သီပေါမြို့နယ်တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်တိုက်ပွဲအကြား လုံခြုံရေးစိုးရိမ်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက်မှစပြီး ယနေ့ (နိုဝင်ဘာ ၂၇ ရက်)အထိ ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးဖြင့်...

နမ့်ခမ်းမြို့ အသက် ၁၇နှစ်အရွယ် မိန်းကလေး ဗုံးထိ သေဆုံး

သျှမ်းပြည် နမ့်ခမ်းမြို့အတွင်း ယနေ့ (နိုဝင်ဘာ ၂၆)ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ မှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အသက် (၁၇)နှစ်အရွယ်ရှိ မိန်းကလေး၏ ခန္ဓာကိုယ် တစ်ပိုင်းတစ်စ ဖြစ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့ စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်နားရပ်ကွက်တွင် နေထိုင်သည့် နေအိမ်ပေါ်ကျကာ အသက်...

Latest news