စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ဗုံးစထိမှန် သေဆုံးရ

သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA ) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်မှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၈) ရက် မွန်းလွဲပိုင်း ၂ နာရီကျော်တွင် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီး စစ်ကောင်စီတပ်မှ တိုက်လေယာဉ်အမျိုးအစားဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မူဆယ်မြို့ မန်မော်ကျေးရွာ အတွင်း ကျပေါက်ကွဲပြီး အရပ်သား ၁ ဦးသေ ၊အရပ်သား ၁ ဦး ဒဏ်ရာရခဲ့ကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သေသွားတဲ့သူက ကလေး နှစ်ယောက်ရဲ့ မိခင်ပါ။ သူ့ယောက်ျားကလည်း ဒဏ်ရာ တော်တော်ပြင်းတယ်။ လေယာဉ်ကနေ ပစ်ချတဲ့ ဗုံးက အိမ်ထဲကို ကျလာတာ။ ကလေးနှစ်ယောက်ကတော့ မထိဘူးတဲ့။ စစ်တပ်က ရွာထဲ ပေးမဝင်လို့ ဒဏ်ရာ ရတဲ့သူနဲ့ အလောင်းကိုလည်း လူမှုကူညီရေး အသင်းတွေ ခက်ခက်ခဲခဲ သယ်ယူရတယ်။” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့နယ် ဗုံးကြဲခံရသည့်နေအိမ်

စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မူဆယ်မြို့၊ ၁၀၅ မိုင် အနီးရှိ မန်မော်ကျေးရွာမှ ကလေးနှစ်ယောက်မိခင်သေဆုံးရသည့်အပြင် အမျိုးသား ဖြစ်သူလည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိကြောင်း သိရသည်။

လက်ရှိတွင် ကလေးနှစ်ယောက်ကို စစ်ဘေးရှောင်စခန်းသို့ ပို့ဆောင်ထားရကြောင်း စစ်ရှောင်ကူညီပေးသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အကြီး တစ်ယောက်က ၁၃ နှစ်၊ အငယ်က ၁၀ နှစ်ဝန်းကျင်ပေါ့။ မိခင်ကဆုံး၊ ဖခင်လည်း ဒဏ်ရာရာဆိုတော့ သူတို့ကို ပြုစုမယ့်သူလည်း မရှိတော့ဘူးလေ။ အဲ့ကြောင့် မောင်နှမနှစ်ယောက်ကို စစ်ဘေးရှောင်စခန်း တစ်နေရာမှာ ပို့ထားလိုက်တယ်” ဟု စစ်ရှောင်ကူညီပေးနေသည့် အမျိူးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ နှောင်းပိုင်းမှစတင်ပြီး မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် TNLA တပ်တို့သည် နေ့စဉ် နီးပါး တိုက်ပွဲ ဖြစ်ပွား နေလျက်ရှိပြီး လက်နက်ကြီး/ ငယ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုသည် (၁၀)ဦး အထက်ရှိပြီး သေဆုံးမှုလည်း (၅)ဦးအထက်ရှိကြောင်း နှင့် နေအိမ်အဆောက်အအုံ ပျက်စီးမှုများလည်း ရှိနေကြောင်း သိရသည်။

နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေးရသည့် မူဆယ်မြို့နယ်မှ ဒေသခံများသည်လည်း ယနေ့အချိန် မြေပြင် စစ်ရေး တင်းမာမှုကြောင့် နေရပ်မပြန်နိုင်ကြသေးကြောင် သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...