Wednesday, January 28, 2026

မူဆယ် (၁၀၅)မိုင် နှစ်ဘက်ပစ်ခတ်မှုကြား ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး၊ အရပ်သား ၅ ဦး ကျည်ထိမှန်

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဇုန် မူဆယ်မြို့နယ် ၁၀၅ မိုင်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် တိုက်ပွဲတို့ကြောင့် ကလေးအပါအဝင် ၃ဦး သေဆုံးမှုရှိပြီး၊ အရပ်သား ၅ ဦးဒဏ်ရာရရှိခဲ့ ကြောင်း စုံစမ်းသိရသည်။

၁၀၅မိုင် အရပ်သား ကျည်ထိမှန်

မူဆယ် (၁၀၅) မိုင် 123 KTV လမ်းကြားတွင် ယနေ့ (နိုဝင်ဘာလ ၂၈) ရက် နံနက် ၅ နာရီခန့်၌ စစ်ကောင်စီနှင့် ညီနောင် မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း မူဆယ် (၁၀၅)မိုင်မှ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက်မှာ နောက်ထက် ၃ ယောက်ထိသွားတာ။ကျနော်တို့ နံနက် ၅ နာရီကျော် မီးထမွှေးတော့ သူတို့ လက်နက်ကြီးတောင် စပစ်နေပြီ” ဟု မူဆယ်မြို့နယ် မှ အသက် ၅၀အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မူဆယ် (၁၀၅)မိုင် အရပ်သား ကျည်ထိမှန်

အလားတူ ယမန်နေ့ (နိုဝင်ဘာလ ၂၇)ရက် ည ၄နာရီခွဲခန့် မူဆယ် ၁၀၅ မိုင်ရှိ နမ္မတူ နွားခြံ တွင်လည်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက် မှုကြောင့် အသက် ၅ နှစ်အောက် ကလေးငယ် အပါအဝင် ၃ ဦးသေဆုံးပြီး၊ အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၁၀၅မိုင် ဒေသခံများက ပြောသည်။

“မနေ့က အူတွေထွက်နေတဲ့ကလေးက ဒီမနက်မှာ သေသွားတာ။ မနေ့ကတော့ ကလေးတစ်ယောက်နဲ့ ကလေး အမေဆုံးသွားတယ်။ အဖွားတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ဒဏ်ရာရတာပေါ့။ ကလေးတွေက လေယာဉ်လာလို့ထွက်ကြည် ပြီး အပစ်ခံရတာ ဒီနောက်ဆို လေယာဉ်လာလို့ ဗီဒီယိုရိုက်တာတွေ သတိထားသင့်တယ်။” ဟု အသက် ၅၀အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် ယနေ့ (နိုဝင်ဘာ ၂၈)ရက် အထိ တိုက်ပွဲများပြင်းထန်ပြီး မူဆယ်မြို့ထဲထိ လက်နက်ကြီးသံများ လေယာဉ်သံများ ကျယ်လောင်စွာကြားရသည်။

စစ်ကောင်စီဘက်မှ ယခုနောက်ပိုင်း လေကြောင်း တိုက်ခိုက်မှုကို ပိုမိုအသုံးပြုလာကြောင်း ပြည်သူများက ပြောသည်။

မူဆယ်မြို့နယ် (၁၀၅)မိုင်အနီးတွင် ယမန်နေ့ (နိုဝင်ဘာ ၂၆)ရက် ည ၇နာရီခွဲဝန်းကျင်မှ စပြီး စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့သည် တိုက်ပွဲပြင်းထန်ခဲ့ပြီး အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်သေဆုံးကာ နေအိမ် နှင့် ဆိုင်ခန်းများလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...