မူဆယ် (၁၀၅)မိုင် နှစ်ဘက်ပစ်ခတ်မှုကြား ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး၊ အရပ်သား ၅ ဦး ကျည်ထိမှန်

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဇုန် မူဆယ်မြို့နယ် ၁၀၅ မိုင်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် တိုက်ပွဲတို့ကြောင့် ကလေးအပါအဝင် ၃ဦး သေဆုံးမှုရှိပြီး၊ အရပ်သား ၅ ဦးဒဏ်ရာရရှိခဲ့ ကြောင်း စုံစမ်းသိရသည်။

၁၀၅မိုင် အရပ်သား ကျည်ထိမှန်

မူဆယ် (၁၀၅) မိုင် 123 KTV လမ်းကြားတွင် ယနေ့ (နိုဝင်ဘာလ ၂၈) ရက် နံနက် ၅ နာရီခန့်၌ စစ်ကောင်စီနှင့် ညီနောင် မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း မူဆယ် (၁၀၅)မိုင်မှ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက်မှာ နောက်ထက် ၃ ယောက်ထိသွားတာ။ကျနော်တို့ နံနက် ၅ နာရီကျော် မီးထမွှေးတော့ သူတို့ လက်နက်ကြီးတောင် စပစ်နေပြီ” ဟု မူဆယ်မြို့နယ် မှ အသက် ၅၀အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မူဆယ် (၁၀၅)မိုင် အရပ်သား ကျည်ထိမှန်

အလားတူ ယမန်နေ့ (နိုဝင်ဘာလ ၂၇)ရက် ည ၄နာရီခွဲခန့် မူဆယ် ၁၀၅ မိုင်ရှိ နမ္မတူ နွားခြံ တွင်လည်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက် မှုကြောင့် အသက် ၅ နှစ်အောက် ကလေးငယ် အပါအဝင် ၃ ဦးသေဆုံးပြီး၊ အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၁၀၅မိုင် ဒေသခံများက ပြောသည်။

“မနေ့က အူတွေထွက်နေတဲ့ကလေးက ဒီမနက်မှာ သေသွားတာ။ မနေ့ကတော့ ကလေးတစ်ယောက်နဲ့ ကလေး အမေဆုံးသွားတယ်။ အဖွားတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ဒဏ်ရာရတာပေါ့။ ကလေးတွေက လေယာဉ်လာလို့ထွက်ကြည် ပြီး အပစ်ခံရတာ ဒီနောက်ဆို လေယာဉ်လာလို့ ဗီဒီယိုရိုက်တာတွေ သတိထားသင့်တယ်။” ဟု အသက် ၅၀အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် ယနေ့ (နိုဝင်ဘာ ၂၈)ရက် အထိ တိုက်ပွဲများပြင်းထန်ပြီး မူဆယ်မြို့ထဲထိ လက်နက်ကြီးသံများ လေယာဉ်သံများ ကျယ်လောင်စွာကြားရသည်။

စစ်ကောင်စီဘက်မှ ယခုနောက်ပိုင်း လေကြောင်း တိုက်ခိုက်မှုကို ပိုမိုအသုံးပြုလာကြောင်း ပြည်သူများက ပြောသည်။

မူဆယ်မြို့နယ် (၁၀၅)မိုင်အနီးတွင် ယမန်နေ့ (နိုဝင်ဘာ ၂၆)ရက် ည ၇နာရီခွဲဝန်းကျင်မှ စပြီး စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့သည် တိုက်ပွဲပြင်းထန်ခဲ့ပြီး အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်သေဆုံးကာ နေအိမ် နှင့် ဆိုင်ခန်းများလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...