စစ်ရှောင်

သိန္နီစစ်ရှောင်စခန်း ရှော့တိုက်ဒုံးကျ အမျိုးသမီး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ၊ စစ်ဘေးရှောင်များကို နှစ်ဖက်တပ်ဖွဲ့များက လူသားဒိုင်းကာလုပ်နေ

သျှမ်းပြည် သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအတွင်းသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်သော ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် ယနေ့ (ဒီဇင်ဘာ ၄ ရက်) နံနက်အချိန်က စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့်...

စစ်ကောင်စီ ရှိသည့် မူဆယ်မြို့ လွိုင်တိန်ခမ်းတောင်ပေါ်ဘုရားပေါ် ဒရုန်း တိုက်ခိုက်ခံရ

စစ်ကောင်စီ တပ်ရောက်ရှိနေသည့် သျှမ်းပြည် မူဆယ်မြို့ လွိုင်တိန်ခမ်း တောင်ပေါ်ဘုရားပေါ် သို့ ညီနောင်မဟာမိတ်တပ်ပေါင်းစုမှ ဒရုန်းဖြင့် တိုက်ခိုက်ကြောင်း စုံစမ်းိသရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၃) ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် သာသနာ့နယ်မြေဖြစ်သည် လွိုင်တိန်ခမ်း တောင်ပေါ်ဘုရားသို့ စစ်ကောင်စီ စစ်ကြောင်း တက်သွားပြီးနောက် ညီနောင်မဟာမိတ်တပ်ဖွဲ့က...

လားရှိုး စစ်ကောင်စီ တိုက်လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးသွားခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂ ရက်) ည ၉ နာရီတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံတွေကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်...

သီပေါမြို့နယ် စဉ့်အင်တံတား ထပ်မံဖျက်ဆီးခံရ၊ ဒေသခံများ နှစ်ဘက်တိုက်ပွဲအတွင်း လုံခြုံရေးစိုးရိမ်နေ

သျှမ်းပြည် သီပေါမြို့နယ်တွင် မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ စဉ့်အင်တံတား ထပ်မံဖျက်ဆီးခံရသဖြင့် ဒေသခံများမှာ နှစ်ဘက်တိုက်ပွဲအတွင်း ပိတ်မိမည်ကို စိုးရိမ်လျက်ရှိကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နှင့် လားရှိုးမြို့အကြား မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဉ့်အင်တံတားသည် ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်အကြား ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်)က ဖြစ်ပွားခဲ့သော နှစ်ဘက်တိုက်ပွဲအတွင်း...

စစ်ကောင်စီ လေကြောင်းဗုံးကြဲ အရပ်သား ၃ဦး ထိခိုက် နေအိမ်အများအပြားပျက်စီး

သျှမ်းမြောက် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ယမန့်နေ့ (ဒီဇင်ဘာ ၂)ရက် ည ၆နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား​(၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အများအပြား ပျက်စီးသွားကြောင်းစုံစမ်းသိရသည်။ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ယမန်နေ ဒီဇင်ဘာလ ၂ ရက်နေ့ည ၆ နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်...

နမ့်ခမ်းမြို့နယ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ အမျိုးသမီးတစ်ဦးသေဆုံး၊ လူငယ်တစ်ဦး ဒဏ်ရာရ

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၁)ရက် နံနက်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်ပြီး စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့( ဒီဇင်ဘာလ ၁ ရက်နေ့) မနက် ၈ နာရီခွဲတွင် နမ့်ခမ်းမြို့...

ကိုးကန့်ဒေသ နေထိုင်သူများ အသက် ၁၆ နှစ်ပြည့်ပြီးပါက မည်သူမဆို စစ်မှုထမ်းရ

သျှမ်းပြည် အထူးဒေသ (၁) အတွင်း နေထိုင်သူများသည် အသက် ၁၆ နှစ်ပြည့်ပြီးပါက မည်သူမဆို စစ်မှုထမ်းဆောင်ရမည် ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပြောဆိုလိုက်သည်။ လက်ရှိ သျှမ်းမြောက်ဒေသ “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲတွင် အချိန်ကြာလာသည်နှင့်အမျှ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တို့ ကျဆုံးမှုများပြားလာချိန်တွင်...

လောက်ကိုင် စကစ လက်အောက်ခံ ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံး ထပ်မံလက်နက်ချ အလင်းဝင်

သျှမ်းပြည် လောက်ကိုင်မြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) လက်အောက်ရှိ ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံးသည် ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ ထပ်မံလက်နက်ချ အလင်းဝင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ကုန်းကြမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခလရ-၁၂၅ တပ်ရင်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ခမရ-၁၂၅ တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီလက်အောက်ခံ...

မူဆယ်မြို့မှ လူငယ်အမျိုးသား တစ်ဦး ပစ်ခတ်ပြီး ပြန်ပေးဆွဲခံရ

သျှမ်းပြည်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၀ ကျော် လူငယ် အမျိုးသားတစ်ဦးကို အမည်မသိ လူတစ်စုမှ ပစ်ခတ်ပြီး ပြန်ပေးဆွဲ သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့( နိုဝင်ဘာလ ၂၈) ရက် ည ၆ နာရီဲခွဲ ဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်မှ...

အင်းလေးဒေသ စစ်ဘေးရှောင်များ ဆောင်ရာသီအတွက် အသုံးအဆောင်လိုအပ်

ကရင်နီ(ကယား)ပြည် မှ အင်လေးဒေသသို့ လာရောက် ခိုလှုံ စစ်ဘေးရှောင်နေသူများအတွက် ဆောင်ရာသီ အတွက် အသုံးအဆောင် ပစ္စည်းများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် အင်းလေးဒေသ နမ်းပန်၊ ရွှေခေါင်း၊ ရေသာ ကျေးရွာများတွင် ရွာတစ်ရွာလျှင် စစ်ရှောင်သူဦးရေ ရာဂဏန်းရှိပြီး ထို ကျေးရွာများတွင် စစ်ရှောင်သူဦးရေ ၈၀၀...

Latest news