ပန်ဆိုင်းမြို့ တိုက်ပွဲကြောင့် ဘုန်ကြီးကျောင်းအပါအဝင် နေအိမ်  ၃၀ ကျော်ပျက်စီး

မြန်မာ-တရုတ်နယ်စပ် ပန်ဆိုင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တို့ အကြား တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အလုံးပေါင်း ၃၀ ကျော် ပျက်စီးသွားခဲ့ကြောင်း ဒေသအတွင်းစာရင်း ပြုစုထားချက်အရ သတင်းရရှိသည်။ 

ပန်ဆိုင်းနေအိမ်ပျက်စီး

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၄ ရက်ထိ ပန်ဆိုင်းမြို့အတွင်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား အပြန်အလှန် ပစ်ခတ်မှုကြောင့် ရပ်ကွက် ၃ အတွင်း  နေအိမ် ၆ လုံး၊ ရပ်ကွက် ၄ အတွင်း နေအိမ် ၁၀ လုံး၊ ရပ်ကွက် ၆ အတွင်း နေအိမ် ၆ လုံးနှင့် ဝမ်မိုင်ရွာမှ နေအိမ် ၁၂ လုံး စုစုပေါင်း နေအိမ် ၃၄ လုံး ပျက်စီးသွားခဲ့သည်။ 

ယင်းကဲ့သို့ နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားပြီးနောက် စစ်ရှောင်များသည် ၎င်းတို့နေရပ်အိမ် ပြန်လာချင်ကြသော်လည်း နေစရာ အိမ်မရှိတော့သဖြင့် မူဆယ်မြို့ရှိ စစ်ရှောင်စခန်းနှင့် တရုတ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပန်ဆိုင်းမြို့ စစ်ရှောင်တစ်ဦးက ပြောသည်။ 

ပန်ဆိုင်းနေအိမ်ပျက်စီး

“ ပန်ဆိုင်းမြို့မှာ အခုရက်ပိုင်း တိုက်ပွဲငြိမ်နေတော့ နေရပ်ပြန်သွားကြတာရှိတယ်။  ကိုးကန့်တပ်ဖွဲ့ ကလည်း ပြန်ဖို့ပြောတာလေ။ အိမ်ပြန်သွားတဲ့သူတွေက တိုက်ပွဲအတွင်း အိမ်မထိတဲ့သူတွေပေါ့။ နေအိမ်တွေ ထိထားတဲ့သူတွေက ပြန်လာဖို့နေသာသာ နေစရာအိမ်တွေလည်း မရှိတော့ဘူး။ နောက်ပြီး လက်နက်ကြီးကျမှာ စိုးရိမ်လို့ ပြန်မလာရဲတာရှိသေးတယ် “ ဟု ၎င်းစစ်ရှောင်တစ်ဦးက ပြောသည်။

ပန်ဆိုင်းအရပ်သားသေဆုံး

လက်ရှိ နေရပ်အိမ်သို့ ပြန်လာကြသူများသည်လည်း ပန်းဆိုင်းမြို့ရှိ မိမိနေရပ်အိမ်တွင် ပုံမှန်အတိုင်း ပြန်လည်နေထိုင်နိုင်ကြသော်လည်း တိုက်ပွဲကြောင့် စိတ်ဒဏ်ရာခံစားနေရပြီး တိုက်ပွဲ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေသည်။ 

သျှမ်းမြောက်ဒေသတွင် “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် ၁ လကျော်ကြာတွင် သေဆုံးဦးရေမှာ ကလေးငယ်နှင့်  အမျိုးသမီးအပါအဝင် ပြည်သူ ၈၁ ဦး အထိရှိပြီဖြစ်ကြောင်း သျှမ်းသံတော်ဆင့်မှ သီးခြားကောက်ယူထားသည့်စာရင်းအရ ဖြစ်သည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...