Wednesday, January 28, 2026

သျှမ်းတပ်(၂)ဖွဲ့ကြား အပစ်ခတ်ရပ်စဲရေး ကြေညာ

သျှမ်းပြည်တပ်မတော်များ ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား တရားဝင်တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှာ နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရန် သဘောတူညီလိုက်ကြောင်း သတင်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၂၉ ရက်) တွင် SSPP ဘက်မှ အဖွဲ့ဝင် ၃ ဦးနှင့် RCSS ဘက်မှ အဖွဲ့ဝင် ၄ ဦးတို့ တရားဝင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ရမှာ နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန်ခြင်း တိုက်ပွဲများမပြုလုပ်တော့ဘဲ အပစ်ခတ်ရပ်စဲရန် တူညီသည့် အဖြေရရှိခဲ့ကြသည်။

“ ကျနော်တို့ ဆွေးနွေးခဲ့တာတော့ နှစ်ဖက်တပ်ဖွဲ့အပစ်ခတ်ရပ်စဲဖို့ ဆွေးနွေးခဲ့တာပါ။ နှစ်ဖပ်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲဖို့ကလည်း ကျနော်တို့က ဘဘောတူညီမှုရရှိခဲ့ပါတယ်။ ဒီလိုသဘောတူညီမှုရရှိဖို့ကလည်း ကျနော်တို့ သုံးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲဖို့ သဘောတူညီ ခဲ့ကြတာပေါ့” ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ သျှမ်းသံတော်ဆင့်ကို ယခုလိုအတည်ပြု ပြောဆိုထားသည်။

ထိုကဲ့သို့ နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးနောက် ယခုလက်ရှိ ဖြစ်ပေါ်နေသည့် သျှမ်းပြည်တွင်း စစ်ရေးပဋိပက္ခများအပေါ် နှစ်ဖက်တပ်ဖွဲ့ ပူးပေါင်းပါဝင် ဖြေရှင်းမှု၊ ပူပေါင်းနိုင်မှု အခြေအနေထိကိုလည်း ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

” နှစ်ဖက်လုံးက ပူးပေါင်းချင်ကြတယ်။ ပူးပေါင်နိုင်ဖို့က ဆက်လက်ဆွေးနွေးသွားရမယ်။ အခု နှစ်ဖက် အပစ်ရပ်တာကလည်း ပူးပေါင်းဖို့အတွက် ဆက်လက်ဆွေးနွေးသွားဖို့ ရည်ရွယ်ပါတယ်” ဟု ဗိုလ်မှူးစိုင်းခမ်းစံက ဆိုပြန်သည်။

ထို့အပြင် နှစ်ဖက်တပ်ဖွဲ့များအကြား စစ်ရေးပဋိက္ခကြောင့် ဖမ်းဆီးထားသည့် စစ်သုံ့ပန်း၊ ကူညီထောက်ပံ့သူများကိုလည်း အပြန်အလှန် လွှတ်ငြိမ်းချမ်းသာဖို့ သဘောတူညီထားကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...