ကျောက်မဲ လေကြောင်းဗုံးကြဲမှုကြောင့် ကျား/မ ခွဲခြားမရနိုင်အောင် ၄ ဦး မီးလောင်သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျား/မ ခွဲခြားမရနိုင်အောင် ၄ ဦး မီး‌လောင်သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့ နေအိမ် မီးလောင်

ကျောက်မဲမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၇ ရက်) ည ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောက်မဲအေးရှားဝေါလ် တိုးဂိတ်အနီးရှိ BOC ဓာတ်ဆီဆိုင်နှင့် အနီးရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ၎င်းပျက်စီးမှုကြားတွင် ကျား/မ ခွဲခြားမရနိုင်ဘဲ မီးလောင်သေဆုံးနေသော အလောင်း ၄ လောင်း တွေ့ရှိရသည်ဟု ကျောက်မဲဒေသခံများက ပြောသည်။

“ကျတော်တို့ ရွာသားတွေ တွေ့တာ။ အလောင်းက မီးလောင်ထားတော့ ရုပ်လဲခွဲလို့မရဘူး၊ မီးသွေးခဲလိုမျိုးကို ဖြစ်သွားတာ။ ခြေတွေ လက်တွေလဲ မီးကျွမ်းပြီး ခေါင်းတွေလဲ အကုန်မည်းနေပြီ။ အဲ့လို မီးလောင်ပြီး သေနေတဲ့အလောင်း ၄ လောင်းရှိတယ်။ အေးရှားဝေါနား ပန့်ဆီဆိုင်နဲ့ ကပ်လျက်က မီးလောင်ထားတဲ့ အိမ်မှာတွေ့တာ၊ စစ်သားလား ပြည်သူလား သေချာမသိဘူး”ဟု ကျောက်မဲမြို့ ပန်ပေါင်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲ စက်သုံးဆီဆိုင် လက်နက်ကြီး ထိ မီးလောင်

ယမန်နေ့ (နိုဝင်ဘာ ၂၇ ရက်) ညအချိန်တွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်သေဆုံးသွားခဲ့သည့် အလောင်းများမှာ ကျား/မ ခွဲခြားမရဘဲ BOC ဓာတ်ဆီဆိုင်အပြင် အနီးရှိ တိုးဂိတ်နှင့် နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး စက်သုံးဆီဆိုင်အနီး ရပ်နားထားသော တွဲကား ၂ စီးလည်း မီးလောင်ပျက်စီးခဲ့သည်ဟု ကျောက်မဲဒေသခံများထံမှ သိရသည်။

ထို့အပြင် ကျောက်မဲမြို့ ရန်ကင်းရပ်ကွက်မှ သက်ကြီးအဘွားအိုတစ်ဦးလည်း လက်နက်ကြီး ပစ်ခတ်သံကြောင့် ထိတ်လန့်ပြီး နှလုံးရပ်တန့်ကာ သေဆုံးသွားကြောင်းလည်း ကျောက်မဲမြို့ ဒေသခံများက ပြောသည်။

ကျောက်မဲ ဓာတ်ဆီဆိုင် မီးလောင်

“ဟက်စကီးနဲ့ အပေါ်က ချတယ်။ ည ၈ ခွဲ ၉ နာရီလောက် ဖြစ်တာ။ ဖြစ်တာကတော့ မနေ့က နေ့လယ်ကတည်းက ချနေတာ။ ရန်ကင်းဘက်ကလဲ အဘွား ၁ ယောက်ဆုံးသွားတယ်။ သူကတော့ အိမ်ထဲမှာပဲ လက်နက်ကြီးသံကြောင့် ထိတ်လန့်ပြီး သေတာ။ မနေ့ညကတော့ တိုက်ပွဲပြင်းတယ်၊ လေယာဉ်နဲ့ကော လာတာဆိုတော့။ အခုလဲ နာရီခြား တစ်ခါလောက် လက်နက်ကြီးသံ ကြားနေရသေးတယ်”ဟု ကျောက်မဲမြို့မှ ၎င်းဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကျောက်မဲမြို့နယ် နမ့်ဟူးကျေးရွာမှ ဦးပဉ္ဇင်း ၁ ပါးနှင့် လွယ်ခေါ်ကျေးရွာမှ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်လျက်ရှိကာ ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်၏ မန်စံတပ်စခန်းကို TNLA တပ်ဖွဲ့မှ သိမ်းပိုက်ထားပြီး ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၀၁/၅၀၂ နှင့် အမြောက်တပ်-၃၅၂ တို့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...