မူဆယ်မြို့မှ လူငယ်အမျိုးသား တစ်ဦး ပစ်ခတ်ပြီး ပြန်ပေးဆွဲခံရ

သျှမ်းပြည်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၀ ကျော် လူငယ် အမျိုးသားတစ်ဦးကို အမည်မသိ လူတစ်စုမှ ပစ်ခတ်ပြီး ပြန်ပေးဆွဲ သွားကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့ သေနတ်ပစ်ခံရသူ

ယမန်နေ့( နိုဝင်ဘာလ ၂၈) ရက် ည ၆ နာရီဲခွဲ ဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်မှ ပါမိုးခမ်း ဆိုသူ​၏ နေအိမ်သို့ အမည်မသိ လူတစ်စုမှ လာရောက်ပြီး သူမ​၏ သားဖြစ်သူကို ပြန်ပေးဆွဲ သွားကြောင်း ဖြစ်စဉ်ကို သိရှိသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကားတစ်စီးနဲ့ အမျိုးသား ၃ ဦး အိမ်ထဲ ဝင်လာတယ်။ သေနတ်နဲ့ ချိန်ပြီး သူ့သား (ပါမိုးခမ်း​၏သား) ကို ပြန်ပေးဆွဲခေါ်သွားတယ်။ ပါမိုးခမ်း နဲ့ သူ့သမီးလည်း ခြေသလုံးမှာ ပစ်ခံရလို့ ဆေးရုံတင်ထားရတယ်။” ဟု ဖြစ်စဉ်ကို သိရှိသည့်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ ပြန်ပေးဆွဲ ခေါ်သွားခံရသည့် အမျိုးသားသည် အသက် ၂၀ ဝန်းကျင်သာ ရှိနေပြီး လက်ရှိတွင် မည်သူက မည်သည့်နေရသို့ ဖမ်းခေါ်သွားသည်ကိုလည်း မသိရကြောင်း သိရသည်။

ထို့အပြင် ပါမိုးခမ်း နှင့် ၎င်း​၏ သမီးဖြစ်သူတို့က ခြေသလုံး ပစ်ခတ်ခံရသည့် အတွက် ဆေးရုံတက် ဆေးကုသမှု ခံယူတေရကြောင်းလည်း သိရသည်။

“သူတို့ လူကို လာဖမ်းတဲ့အချိန်က ပိုက်ဆံနဲ့ ပြန်လာရွေးတဲ့၊ ဘယ်နေရာလဲ ဆိုတာ ဖုန်းပြန်ဆက်မယ်ဆိုပြီး ပြောသွားတာ။ အဲ့တာကြောင့် အြန်ပေးဆွဲလို့ပြောတိုင်တာ။ ဒါပေမဲ့ ဒီနေ့အထိတော့ ဘာမှမကြားရသေးဘူး။ ဆေးရုံရောက်နေတဲ့သူကရောက်၊ ဖမ်းခေါ်သဠားတဲ့ သူကလည်း ဘယ်နေမှန်းမသိတော့ စိုးရိမ်ရတာပေါ့” ဟု အထပ်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာ သိမ်းယူပြီး နောက်ပိုင်း မူဆယ်မြို့အတွင်း ပြန်ပေးဆွဲမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး သက်ဆိုက်ရာ တာဝန်ရှိသူများကလည်း အရေးယူမှု မပြုလုပ်နိုင်ကြကြောင်း သိရသည်။

အလားတူပင် ယမန်နေ့ နိုဝင်ဘာလ ၂၈
က်နေ့၌ မူဆယ်မြို့ ကောင်းမူးတုံ ရပ်ကွက် ၊ ပန်လုံမိုင်ရပ်မှ အမျိုးသား တစ်ဦးသည် အမျိူးသမီးဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်သည့်ဖြစ်စဉ် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

“သေနတ်က ဦးခေါင်းတည့်တည့် ပစ်တာ။ ပွဲချင်းပြီး သေသွားတာ။ ဘာကြောင့် ပစ်လဲ မသိဘူး။ ပြီးတော့ သေနတ်က သူ့ဟာလား၊ သူများဆီကလား ဆိုတာ မေးကြည့်နေတုန်းပဲ။ ” ဟု အိမ်နီးချင်း အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်မြို့ ဖြစ်သည့်အတွက် လူမျိုးပေါင်းစုံ ဝင်ထွက်သွားလာသည့်ဒေသဖြစ်သည့် အပြင် တရားမဝင်လုပ်ငန်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ နှင့် လောင်းကစားဝိုင်းများ ပေါများရာလည်း ဖြစ်သည်။

ဒေသအတွင်း သက်ဆိုင်သည့် တာဝန်ရှိသူများသည် ပြည်သူများ​၏ လုံခြုံရေး နှင့် ဘေးကင်းလုံခြုံမှုကို အရေးယူ ဆောင်ရွက်ပေးမှု မရှိကြသည့်အတွက် ဒေသခံများမှ ပြောဆိုဝေဖန်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...