အင်းလေးဒေသ စစ်ဘေးရှောင်များ ဆောင်ရာသီအတွက် အသုံးအဆောင်လိုအပ်

ကရင်နီ(ကယား)ပြည် မှ အင်လေးဒေသသို့ လာရောက် ခိုလှုံ စစ်ဘေးရှောင်နေသူများအတွက် ဆောင်ရာသီ အတွက် အသုံးအဆောင် ပစ္စည်းများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် အင်းလေးဒေသ နမ်းပန်၊ ရွှေခေါင်း၊ ရေသာ ကျေးရွာများတွင် ရွာတစ်ရွာလျှင် စစ်ရှောင်သူဦးရေ ရာဂဏန်းရှိပြီး ထို ကျေးရွာများတွင် စစ်ရှောင်သူဦးရေ ၈၀၀ ဝန်းကျင်ခန့် ရှိကြောင်း စစ်ဘေးရှောင် ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တချို့ရွာတွေဆို ၃၀၀ ကျော်တယ်။တချို့နေရာတွေကျတော့လည်း စက်လှေနဲ့သွားရတာ အရမ်းဝေးတယ်။ လှေနဲ့ထပ်ငှားပြီးသွား ရတော့ အင်းထဲကို လှူတဲ့လူတွေကသိပ်မရောက်ကြဘူး။အင်းပတ်ကနေ ကားလမ်း ပေါက်တဲ့ ရွာတွေထက် သူတို့က ပိုခက်ခဲ တာပေါ့။” ဟု စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးကပြောသည်။

အင်းလေးဒေသမှ စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်

စစ်ဘေးရှောင်အများစုတွင် ဘုန်းကြီးကျောင်းတွင် အများစု ခိုလှုံနေပြီး၊ဆွေမျိုးအိမ်များ၊အိမ်ငှားနေသူများရှိပြီး ဘုန်းကြီးကျောင်းတွင် နေထိုင်သူများအတွက် စားနပ်ရိက္ခာများ လိုအပ်နေကြောင်းသိရသည်။

“အစားအသောက်တွေကတော့ အခက်အခဲဖြစ်တယ်။ အင်္ကျီ အနွေးထည်နဲ့အိပ်ယာခင်းတွေကတော့ အများစုလိုတာပေါ့။တချို့တွေဆို ကြမ်ပေါ်မှားအိပ်နေကြရတာ အခင်းမရှိလို့ ” ဟု သွားရောက်ကူညီသည့် အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် အောင်ပန်းမြို့တွင်လည်း စစ်ဘေးရှောင် လူဦးရေနေ့စဉ်ဆိုသလို့တိုးလာပြီး စုစုပေါင်း စစ်ရှောင်ဦးရေ ၁ ထောင်ခန့် ရှိနေပြီး၊ ဝတ်နေရေးအခက်အခဲနှင့် အနွေးထည်များလိုအပ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် နိုဝင်ဘာလ ၁၅ ရက်မှထွက်ပြေးလာပြီး၊ လက်ရှိတွင် သျှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးနှင့် ဆီဆိုင် ဒေသများတွင် ကရင်နီပြည်မှ အရေးပေါ် တိမ်းရှောင်လာပြီး ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များသို့ လာရောက် စစ်ဘေးရှောင်နေကြပြီး စားဝတ်နေရး နှင့် အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

အင်းလေးဒေသ #စစ်ဘေးရှောင် #အနွေးထည် #စောင်တွေလိုအပ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...