လောက်ကိုင်မြို့တွင်း ပိတ်မိနေသူများ မြို့ကို ဆက်လက်စွန့်ခွာ

ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီး တိုက်ပွဲများကြောင့် မြို့တွင်း ပိတ်မိနေသည့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများကို MNDAA ဘက်မှ လမ်းဖွင့်ကာ ကယ်ထုတ်ပေးနေကြောင်း ကိုးကန့်တပ်မတော် (MNDAA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၂၆ရက် မနက် ၆နာရီကတည်းမှ စ၍ လောက်ကိုင်မြို့မှ ထွက်လာသူများကို ပါစင်ကျော်ကျေးရွာမှတစ်ဆင့် ချင်းရွှေဟော်-နမ့်တစ်လမ်းအတိုင်း ကယ်ထုတ်ပေးနေပြီး ချင်းရွှေဟော်မှတစ်ဆင့် ‘ဝ’ ပြည် နမ့်တစ်မြို့သို့ ပို့ဆောင်ပေးနေကြောင်း MNDAA တပ်ဖွဲ့မှ တာဝန်ခံ လီကျားဝင်း ၏ ပြောကြားချက်အရ သိရသည်။

” မနက်ကတည်းက ကားတွေ ဆိုင်ကယ်တွေ တလမ်းလုံးအပြည့်ဘဲ ၊လမ်းဖွင့်ပေးတယ်လို့ ကြားကြားချင်း ကျနော်တို့လည်း လူလိုက်စုပြီး ထွက်လာခဲ့ကြတာ ၊မြို့တွင်း လူမကျန်တော့သလောက်ဘဲ၊အိမ်တွေလည်းပိတ် ဆိုင်တွေလည်းပိတ် အကုန်နီးပါး ထွက်လာကြတာ၊”ဟု ရွှေ့ပြောင်းလုပ်သားတစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ပြောသည်။

ယခုရက်ပိုင်းအတွင်း လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်တော့မည်ဟု MNDAA ဘက်မှ ထုတ်ဖော်ပြောကြားမှုကြောင့် လောက်ကိုင်မြို့အနီး တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေရာ လောက်ကိုင်မြို့အနီးရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အကြိမ်ကြိမ်ပစ်ခတ်နေသည့်အပြင် MNDAA သိမ်းပိုက်ထားသည့် စခန်းကုန်းတချို့ကိုလည်း လေကြောင်းမှ ပစ်ခတ်နေသောကြောင့် မြို့တွင်းနေ ဒေသခံပြည်သူ သောင်းနှင့်ချီ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၂၁၀ ကျော်ကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှ သိမ်းပိုက်ခဲ့ပြီး ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ကိုလည်း ပိတ်ဆို့ထားနိုင်ကြောင်း ကိုးကန့်သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...