သျှမ်းတောင်ရောက် ကရင်နီ စစ်ဘေးရှောင်များအတွက် အရေးပေါ် အကူအညီများ လိုအပ်နေ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးနှင့် ဆီဆိုင် ဒေသများတွင် ကရင်နီပြည်မှ အရေးပေါ် တိမ်းရှောင်လာရသူများအတွက် အရေးပေါ် အကူအညီများလိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူများထံ စုံစမ်းသိရသည်။

လွိုင်ကော် စစ်ရှောင်

ကရင်နီပြည်တွင် ဖြစ်ပွားသော တိုက်ပွဲများနှင့်၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက် မှုများကြောင့် ကရင်နီပြည်သူများမှာ နီးစပ်ရာ သျှမ်းတောင် ဒေသအသီးသီးသို့ အသက်လုပြီး ထွက်ပြေးလာရသဖြင့် အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများ၊ စားစရာများ မသယ်ဆောင်နိုင်ခဲ့ကြောင်း စစ်ရှောင်ကူညီပေးသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

” ရုတ်တရက်ကြီး လိုက်ပြေးရတာ၊ ကားလည်း လမ်းကြုံလိုက်စီးရတော့ ဘာမှ ယူမလာနိုင်ဘူး။ အဓိက အရေးကြီးဆုံးက ဆန်နဲ့ဆီပေါ့။ အခု လောလောဆယ်တော့ အချင်းချင်း ကူညီပြီး ရှိသလို ချက်ပြုတ်စားနေရပေမယ့် လူကများတော့ မလောက်ငှဘူး။ ကိုယ့်ဒေသလည်း မဟုတ်တော့ ဟင်းရွက်ကအစ ဝယ်စားရတယ်။ပြောင်းမချိုးရခင် ပြေးလာခဲ့ရတော့ ပိုက်ဆံလည်း မရှိဘူး။ စားသောက်ဖို့အတွက် အရမ်းပူပန်နေရတယ်” ဟု အဆိုပါ အမျိုးသမီးမှ ပြောပြသည်။

စစ်ရှောင်ဦးရေက တစ်နေရာနှင့်တစ်နေရာ မတူညီဘဲ အချို့စခန်းများတွင် ယခင်ကတည်းက စစ်ရှောင်လာသည့် စစ်ရှောင်များ အပါအဝင် ထပ်ရောက်လာသူများဖြင့် စစ်ရှောင်ပေါင်း (၁၀၀၀၀)ကျော်ရှိပြီး အချို့နေရာများတွင် စစ်ရှောင်ဦးရေ (၈၀၀၀)ခန့် ရှိသည်ကိုလည်း သိရှိရသည်။

ထိုကဲ့သို့ စစ်ရှောင်ဦး‌ရေများပြီး စစ်ရှောင်စခန်းများတွင် နေရာထိုင်ခင်း မလုံလောက် မှုကြောင့် ဘုန်းကြီးကျောင်းများနှင့် ဓမ္မာရုံများ၌ပါ အဆင်ပြေသလို လူစုပြီး နေထိုင်နေရကြောင်းလည်း သိရှိရသည်။

“အခုက နေစရာလည်း မလုံလောက်တော့ ကျပ်ကျပ်တည်းတည်းနေရတယ်။ အဓိက နေဖို့၊ အိပ်ဖို့ ရရင် တော်သေးတာပေါ့နော်။ အဲ့အတွက် မိုးကာတွေလည်း အရေးကြီးလိုတယ်။ အခု အင်္ကျီအနွေးထည်တွေ မရှိကြတော့ အရမ်းအေးတယ်။ ညဆိုလည်း စောင်တွေ မရှိတော့ အရမ်းအေးပြီး အိပ်ဖို့ခက်တယ်။ ကိုယ့်ဘေးနားက ကလေးတွေ၊ အဖိုးဖွားတွေကိုဆိုရင် ရှိတဲ့ တစ်ထည်၊နှစ်ထည် ပေးထားရတယ်” ဟု ၎င်းမှ ဆက်လက်ပြောသည်။

ယခုလက်ရှိ စစ်ရှောင်များထဲတွင် မွေးကင်းစ လသားအရွယ် ကလေးငယ်များ၊ မွေးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုများအပါအဝင်ဖြစ်ပြီး ရာသီဥတု အပြောင်းအလဲကြောင့် နာမကျန်းဖြစ်ကြသူများလည်း ရှိနေပြီး ဆေးဝါးများ မရှိသည့်အတွက် အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်များမှ ပြောပြသည်။

အဆိုပါ စစ်ရှောင်စခန်းများသို့ ယခုလက်ရှိ ကာလအတွင်း ကူညီထောက်ပံ့မည့် အဖွဲ့အစည်းများ လာရောက်ခြင်း မရှိသေးပေ။

ယခုချိန် စစ်ဘေးရှောင်များအတွက် သက်နိုင်သမျှ ကူညီနေသော်လည်း တိမ်းရှောင်ရသူ အရမ်းများသည့်အတွက် စားနပ်ရိက္ခာ၊ နေစရာများ မလုံလောက်သဖြင့် လက်လှမ်းမှီသလောက် ကူညီထောက်ပံ့မှုများ ပေးကြရန် လိုအပ်ကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူများမှ တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...