လောက်ကိုင်မြို့တွင် လက်နက်ကြီးကြောင့် လူ ၆ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ

သျှမ်းပြည် လောက်ကိုင်မြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။

လောက်ကိုင်မြို့ အရပ်သားကားပေါ် လက်နက်ကြီးကျ

ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် လောက်ကိုင်မြို့အထွက် တုန်ချိန်နှင့် ဆယ်တန်ဂိတ်တို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ပြည်သူ ၆ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း လောက်ကိုင်ဒေသခံများက ပြောသည်။

“ပထမတစ်နေရာက လောက်ကိုင်အထွက် တုန်ချိန်မှာ ဖြစ်တာ၊ အဲ့မှာ ၃ ယောက်သေတယ်။ အဲ့ကနေ ထပ်ပြီးထွက်လာရင် ဆယ်တန်ဂိတ်အကျော်မှာ ဟိုင်းဂျက်ကား တစ်စီးပေါ်လည်း ထိထားတယ်။ ဒီတစ်စီးက လက်နက်ကြီး မှန်တာ။ လမ်းပေါ်မှာ ၃ ယောက်သေနေတာ တွေ့တယ်။ ထိခိုက်ဒဏ်ရာရတာတော့ ဘယ်နှယောက်လဲ မသိဘူး။ ဒီနေ့မနက်လေးတင် လောက်ကိုင်အထွက်လမ်း တုန်ချိန်မှာ ၂ နေရာစလုံး ဖြစ်တာ”ဟု လောက်ကိုင်မြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောက်ကိုင် အရပ်သားကားပေါ် လက်နက်ကြီးထိ

လက်ရှိတွင် လောက်ကိုင်မြို့ပေါ်သို့ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သည့် ပြည်သူအများအပြားသည် မြို့မှ ထွက်ခွာလျက်ရှိရာ စက်သုံးဆီဈေးများ အဆမတန် မြင့်တက်နေပြီး စားသုံးဆီနှင့် ဆန်ဝယ်ယူရန် ခက်ခဲနေကြောင်း လောက်ကိုင်ဒေသခံများထံမှ သိရသည်။

အရပ်သားကားပေါ် လက်နက်ကြီးထိ

“လောက်ကိုင်ကနေ ထွက်မယ့်လူကတော့ အရမ်းများလို့ ဓာတ်ဆီတောင် ၅၀၀၀ မကတော့ဘူး၊ ၁ သောင်းကျော်နေပြီ။ ဆန်တစ်အိတ်ကိုလည်း ၃၀၀၀ ယွမ် ဝယ်လို့တောင် မရတော့ဘူး။ စားဆီကတော့ ဘယ်မှာမေးမေး မရှိတော့ဘူး”ဟု လောက်ကိုင်မြို့မှ ၎င်းဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ နိုဝင်ဘာ ၁၁ ရက်ကလည်း လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် လူအုပ်ကြားထဲသို့ စစ်ကောင်စီ လေကြောင်းမှ ကြဲချခဲ့သည့် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကို ကိုးကန့်တပ်ဖွဲ့ MNDAA က လုံခြုံသည့်နေရာတွင် ဆေးဝါးကုသပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လောက်ကိုင်မြို့ကို ဝိုင်းရံပိတ်ဆို့ထားပြီး ထိုးစစ်ဆင်နွှဲသည့်အခါ မြို့နေပြည်သူများ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် စစ်ကောင်စီ၏ တပ်၊ ဌာနဆိုင်ရာများအနီးမှ အမြန်ဆုံးရွှေ့ပြောင်းကြရန် နိုဝင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် လောက်ကိုင်မြို့အနီး မြန်မာ-တရုတ်နယ်စပ်ရှိ BP-125 စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၃၀၀၀၀ ကျော်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး နိုဝင်ဘာ တတိယပတ်အတွင်း မိုးရွာသွန်းမှုကြောင့် သောက်သုံးရေနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း လောက်ကိုင်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...