သီပေါ စစ်ဘေးရှောင် ၃၀၀၀ ကျော်၊ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်

သျှမ်းပြည် သီပေါမြို့နယ်တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်တိုက်ပွဲအကြား လုံခြုံရေးစိုးရိမ်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။

သီပေါ စစ်ရှောင်

သီပေါမြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက်မှစပြီး ယနေ့ (နိုဝင်ဘာ ၂၇ ရက်)အထိ ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်နေခြင်းကြောင့် ဒေသခံ ၃၀၀၀ ကျော်မှာ စိုးရိမ်ထိတ်လန့်ကာ နီးစပ်ရာ မြို့ပေါ်ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သီပေါမြို့ ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲကို ကြောက်ကြတာပေါ့။ အဓိက လက်နက်ကြီး စိုးရိမ်ရတယ်၊ နှစ်ဘက်စလုံးက ပြန်ပစ်နေတာလေ။ လေယာဉ်နဲ့ပဲထုထု အမြောက်နဲ့ပဲထုထု သူတို့စစ်မြေပြင် ဖြစ်နေတဲ့ဟာ။ ပြည်သူကို ကာဗာယူနေတော့ ဘယ်လိုလုပ်ပြီး လုံခြုံပါ့မလဲ၊ လက်နက်ကိုင်ရှိတဲ့နေရာ အချိန်မရွေး စစ်မြေပြင်ပဲ။ အခုတော့ မြို့ပေါ်ဘုန်းကြီးကျောင်း အကုန်နီးပါးပါပဲ စစ်ရှောင်ရှိတာ၊ လူဦးရေ ၃၀၀၀ ကျော်ရှိမယ်”ဟု သီပေါမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သီပေါစစ်ရှောင်

သီပေါမြို့နယ်အတွင်းရှိ ဘော်ကြို၊ ကျင်သီ၊ လောင်ခွန်ကျေးရွာအုပ်စုများမှ ဒေသခံ ၁၀၀၀ ကျော်သည် နမ့်ဟူးနွဲ့နှင့် ဘော်ကြိုဘုရားကြီး ကျောင်းတိုက်တို့တွင် ရောက်ရှိနေပြီး သီပေါမြို့အနီး ကျေးရွာများမှ ပြည်သူများသည် မြို့ပေါ်ရှိ အောင်မင်္ဂလာ ဘိုးတော်ကျောင်း၊ စံဖိတ်၊ နောင်ကတ်၊ ရေဦး၊ မြို့လယ်ဘုန်းကြီးကျောင်းနှင့် ၂၅၀၀ ကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေသည်ဟု သီပေါမြို့ စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

“စံဖိတ်၊ နားလွယ်၊ နားမုံ၊ ညောင်ကိုးပင် အဲ့ဘက်နဲ့ နီးတဲ့သူတွေ ရှောင်ကြရတယ်။ အဲ့ဘက်ရွာကလူတွေ နောင်ကတ်၊ စံဖိတ်၊ ကုန်းတော်နဲ့ ဦးခန္တီကျောင်းတွေမှာ စစ်ဘေးရှောင်လာတယ်။ ဘော်ကြိုရွာနဲ့ အနီးတဝိုက်က လူတွေတော့ နမ့်ဟူးနွဲ့ကျောင်းနဲ့ ဘော်ကြိုဘုရားကြီးကျောင်းမှာ ရောက်နေကြတယ်။ မြို့ပေါ်နဲ့ ဘော်ကြိုမှာ ပေါင်းလိုက်ရင် ၃၀၀၀ ကျော်ရှိတယ်၊ သူတို့အတွက် အဓိက စားနပ်ရိက္ခာ အရေးပေါ် လိုနေတယ်”ဟု သီပေါမြို့ စစ်ဘေးရှောင်ကူနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် သီပေါမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်က စံဖိတ်ကွက်သစ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နိုဝင်ဘာ ၂၅ ရက်ကလည်း မန်လွယ်ကျေးရွာမှ အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သီပေါမြို့ ဒေသခံများထံမှ သိရသည်။

သီပေါမြို့နယ်တွင် စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ရန် ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်တွင် ကျောက်မဲနှင့် သီပေါမြို့အကြားရှိ ကျင်သီတံတားကို TNLA တပ်ဖွဲ့က ဗုံးခွဲဖျက်စီးခဲ့ပြီးနောက် ကျင်သီနှင့် ဘော်ကြိုရှိ စစ်ကောင်စီ တပ်စခန်းကိုလဲ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အလားတူ ကျင်သီတံတားအနီးတွင် ထပ်မံတပ်စွဲလာသော စစ်ကောင်စီတပ်ကိုလည်း ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် TNLA တပ်ဖွဲ့တို့က ယမန်နေ့ (နိုဝင်ဘာ ၂၆ ရက်)တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ကိုးကန့်မီဒီယာက သတင်းထုတ်ပြန်ထားသည်။

ယနေ့ (နိုဝင်ဘာ ၂၇ ရက်) နံနက်အချိန်တွင် ကျောက်မဲနှင့် သီပေါအကြားရှိ နားခေါ်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၀၁/၅၀၂ တို့မှ လက်နက်ကြီးများဖြင့် သီပေါမြို့နယ်ဘက်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်း သီပေါဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...