စစ်ရှောင်

သီပေါမြို့နယ်၊ ကျင်သီရွာခံ စစ်ရှောင်များ စားသောက်ရေး နှင့် အနွေးထည် အကူအညီများလိုအပ်

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကျင်သီကျေးရွာမှ စစ်ဘေး တိမ်းရှောင်ထွက်ပြေး နေရသည့် ဒေသခံ များသည် နေရပ်မပြန်နိုင်ကြသေးသည့်အတွက် စားသောက်ရေး နှင့် အနွေးအထည် အကူအညီများ လိုအပ်နေ ကြောင်းစုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား...

နေရပ်ပြန် ပစ္စည်းပြန်ယူသည့် ကရင်နီပြည်စစ်ရှောင်များ ပျောက်ဆုံးနေ

သျှမ်းတောင် ဒေသများသို့ တိမ်းရှောင်လာကြသော စစ်ရှောင်အချို့သည် နေရပ်တွင်ကျန်ရှိနေသော ပစ္စည်းများကို ပြန်ယူရာ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ "၁၁.၁၁ စစ်ဆင်ရေး" ကြောင့် သျှမ်းပြည်သို့ တိမ်းရှောင်လာသည့် ကရင်နီပြည်သူများသည် မိမိနေအိမ်များဖော်ထွင်းခံနေရသည်ဆိုသည့် သတင်းကြောင့် အရဲစွန့်နေရပ်ပြန်ကာ ပစ္စည်းပြန်ယူနေကြသည်။ ထိုသို့ ပြန်ယူကြသူများ စုစုပေါင်း (၄၀)ကျော်ရှိပြီး၊ ထိုသူများသည် လက်ရှိအချိန်ထိ...

မန်တုံမြို့နယ် တိုက်ပွဲအတွင်း အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး လူနေအိမ်အများအပြား ထိခိုက်ပျက်စီး

သျှမ်းပြည် မန်တုံမြို့နယ်တွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေစဉ်အတွင်း အရပ်သားဒဏ်ရာရရှိခြင်းနှင့် နေအိမ်ထိခိုက်ပျက်စီးခြင်းများ ရှိကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၁၉ ရက်တွင် မန်တုံမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ် ၁၀ လုံးထက်မနည်း...

နမ္မတူမြို့နယ် စစ်ကောင်စီ နှင့် TNLA တိုက်ပွဲဖြစ်၊ ဒေသခံများ စစ်ရှောင်ထွက်ပြေးရ

သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများက စစ်ရှောင် ထွက်ပြေး နေရကကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၀) ရက် ညနေပိုင်း ၅...

ကျောက်မဲ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ၁၄ နှစ်အရွယ် မိန်းကလေး ၂ ဦးအပါအဝင် ၃ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်) ညနေ ၅...

နှစ်ထပ်ကွမ်း ဒုက္ခတွေကြုံနေရတဲ့ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သား

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံသည် လုပ်ခလစာ မြင့်မားမှုကြောင့် မြန်မာပြည်သူ အများစု ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ရာ နိုင်ငံတစ်ခု ဖြစ်သည်။ မြန်မာပြည်၏ ရှည်ကြာသည့် ပြည်တွင်းစစ်ကြောင့် လူနေမှုဘဝ အကျပ်အတည်းသည် နိုင်ငံသားများကို ပြည်ပနိုင်ငံသို့ ထွက်ပြီး အလုပ်လုပ်အောင် တွန်းအားပေးသကဲ့သို့ ဖြစ်ခဲ့ကာ ၂၀၂၁ ခုနှစ်...

ဆီဆိုင်မြို့တွင် စစ်ဘေးရှောင်များတိုးလာ စားနပ်ရိက္ခာနှင့်နေရာထိုင်ခင်းလိုအပ်

ကရင်နီပြည်မှ သျှမ်ပြည် ဆီဆိုင်မြို့သို့ စစ်ဘေးတိမ်းရှောင်လာသူများ နေ့စဉ်တိုးလာပြီး စားဝတ်နေရေးနှင့် နေရာထိုင်ခင်းအတွက် အခက်အခဲများဖြစ်ကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ ပြည်တကြော မှ "၁၁.၁၁ စစ်ဆင်ရေး"ကြောင့် သျှမ်းပြည် နေရာ အသီးသီးသို့ စစ်ဘေးသိမ်းရှောင်လာသူများ နေ့စဉ်တိုးနေပြီး ဆီဆိုင်မြို့တွင် စားနပ်ရိက္ခာ၊ စောင်၊ အနွေးထည်တွေ နှင့် နေရာထိုင်ခင်များ...

နမ့်ခမ်းမြို့ကို TNLA တပ်ဖွဲ့ အလုံးစုံ ထိန်းချုပ်

သျှမ်းပြည် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က သိမ်းပိုက်လိုက်ပြီး နမ့်ခမ်းမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၁၉ ရက်) နံနက် ၁ နာရီခွဲဝန်းကျင်တွင် နမ့်ခမ်းမြို့၌ စစ်ကောင်စီတပ်၏ နောက်ဆုံးကျန်ရှိသည့် စခန်းသစ်ကုန်းကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA...

သိန္နီမြို့နယ် ရွာသူကြီးများကို MNDAA က အစည်းအဝေးခေါ်ပြီး အရေးကြီးအချက် ၆ ချက် အမိန့်ပေး

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နိုင်ရန် ကျေးရွာသူကြီးများကို အစည်းအဝေး ခေါ်ယူတွေ့ဆုံပြီး အရေးကြီးအချက် ၆ ချက်ကို အမိန့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၁၆ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ်အတွင်းရှိ စယ်အူနှင့် နမ့်စလပ်ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

မူဆယ်မြို့ လူနေအိမ်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်သား ဝင်ရောက်နေထိုင်နေ

သျှမ်းပြည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ လူနေအိမ်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲနေထိုင်မှု ပြုလုပ်နေသဖြင့် ဒေသခံများ ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) မွန်းလွဲပိုင်းအချိန်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ လေယာဉ်ကွင်းဟောင်းအနီးမှ လူနေအိမ်များအတွင်း အင်အား ၁၅၀ နီးပါးရှိ စစ်ကောင်စီ တပ်သားများက နှစ်နေရာခွဲ၍...

Latest news